တစီးဒေါ်လာသန်း ၅၀ တန်သည့် ရုရှားလုပ်ခေတ်မှီ တိုက်လေယာဉ် ၆ စီး မြန်မာ့တပ်မတော်ဝယ်ယူ

မြန်မာ့တပ်မတော်ကို Su-30 အမည်ရှိ ခေတ်မှီတိုက်ခိုက်ရေးလေယာဉ်အမျိုးအစား ၆ စီးရောင်းချပေးတယ်လို့ မြန်မာနိုင်ငံကိုသွား ရောက်လည်ပတ်မှုအပြီး ရုရှားအစိုးရက ကြေငြာခဲ့ပါတယ်။

ဂျန္နဝါရီလ ၂၀ ရက်နေ့က ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး Sergei Shigu က မြန်မာနိုင်ငံကို ရောက်ရှိလည်ပတ်ခဲ့ပြီး မြန်မာစစ်တပ်ကအကြီးအကဲနဲ့တွေ့ဆုံရာမှာ ကာကွယ်ရေး စစ်ရေးအပြင် စစ်တပ် ပိုင်းဆိုင်ရာ နည်းပညာ Military Technology တွေမှာပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆွေးနွေးသဘော တူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြောင်း ဂျန္နဝါရီလ ၂၂ ရက်နေ့ကထုတ်ပြန်တဲ့ ရုရှားနိုင်ငံပိုင်သတင်းမှာ ရေးသားထားပါတယ်။

ရုရှားက ရောင်းချပေးတဲ့ တိုက်ခိုက်ရေးလေယာဉ်အမျိုးအစား Su-30 ဟာ မြန်မာ့တပ်မတော်မှာ ဝေဟင်ထိုး စစ်ကနေအဓိက အသုံးပြုသွားမှာဖြစ်ကြောင်းဆိုပါတယ်။ ကမ္ဘာ့အဆင့်မှီ တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး ဒီလေယာဉ်ကို ရုရှားနိုင်ငံတပ်မတော်က ဝေဟင်ကနေ ဗုံးကျဲတိုက်ခိုက်ခြင်း၊ တဘက်တိုက်လေယာဉ်တွေကို လိုက်လံတိုက်ခိုက်ခြင်း၊ မြေပြင်စစ်ကြောင်းကို စစ်ကူတိုက်ပေးခြင်း စတဲ့ တိုက်ပွဲတွေ ၀င်နိုင်တယ်လို့ ရုရှားသတင်းမှာဖော်ပြထားပါတယ်။

အချုပ်အခြာအာဏာကာကွယ်ဖို့ ၊ အကြမ်းဖက်မှုတွေခြေမုန်းဖို့အတွက် နဲ့ အရှေ့တောင်အာရှာမှာ အင်အားကောင်းတဲ့ လေတပ်မတော်ဖြစ်ဖို့ အဓိက ဖြစ်တယ်လို့လဲ ပါရှိပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ရုရှားနိုင်ငံရဲ့ ဒီတိုက်လေယာဉ်တွေကိုအသုံးပြုတဲ့နိုင်ငံဆိုလို့ ဗီယက်နမ်၊ အင်တိုနီးရှား၊ မလေးရှားနဲ့မြန်မာနိုင်ငံ တို့ ဖြစ်ပါတယ်။

အစိုးရတပ်မတော်ကတော့ ၂၀၁၅ ခုနှစ်က ကိုးကန့်တပ်ဖွဲဲ့MNDAA ကို တိုက်ခိုက်ရာမှာ MiG-29 အမျိုးအစားကို အဓိကအသုံးပြုပါတယ်။

မြန်မာ့တပ်မတော်ဘက်ကတော့ ရုရှားရဲ့တိုက်လေယာဉ်အပြင် ရုရှားရဲ့ Kilo အမည်ရ ရေငုပ်သင်္ဘောကိုပါ ၀ယ်ယူလိုတဲ့ဆန္ဒရှ်ိကြောင်း၊ ကနဦးအနေနဲ့ ရေငုပ်သင်္ဘော ၃ စီးကို၀ယ်ယူလိုပြီး ဘင်္ဂလားပင်လယ်အော်မှာ ထားရှိသွားမယ်လို့လည်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့အပတ်ကဘဲ မြန်မာ့တပ်မတော်ဟာ ကာကွယ်ရေးအတွက်အသုံးပြုဖို့ ၆ လ စာ ဘတ်ဂျက် အတွက် လွှတ်တော်အတွင်း ငွေကျပ် ၁၃၀၀ ဘီလီယံ ကျော် တောင်းဆိုထားတယ်လို့လည်း မြန်မာ့မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ဆေးရေးဂိတ် ဖျက်သိမ်းမှုကြား ကားခနှင့် ကုန်ဈေးနှုန်း မကျသေး

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်းရှိ စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်အချို့ကို ဖျက်သိမ်းထားသော်လည်း ကားခနှုန်းထားများနှင့် ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းလာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် တောင်ကြီး–ဟိုပုံးလမ်း ၈ မိုင် စစ်ဆေးရေးဂိတ်၊ ပင်လုံမြို့အဝင် စစ်ဆေးရေးဂိတ်နှင့် မိုင်းနောင်–လဲချားလမ်းဆုံ စစ်ဆေးရေးဂိတ်တို့ကို ဖျက်သိမ်းထားသည်။ သို့သော် ၎င်းလမ်းပိုင်းရှိ အခြားစစ်ဆေးရေးဂိတ်များ နှင့် စက်သုံးဆီကန့်သတ်ချက်များကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် မြင့်မားနေဆဲဖြစ်ကြောင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဂိတ်တွေကို အကုန်ဖျက်သိမ်းတာတော့ မဟုတ်သေးဘူး။ လဲချားဂိတ်၊ မိုင်းပွန်ဂိတ်နဲ့ ၄ မိုင်ဂိတ်တွေမှာ ပစ္စည်းတွေအလွယ်တကူ ဖြတ်လို့မရသေးဘူး။ ပိုက်ဆံတောင်းတာထက် ပစ္စည်းတွေကို သိမ်းရမလား၊ ဂိတ်မှာချထားခဲ့မလားဆိုပြီးပြောတာတွေ ရှိနေတုန်းပဲ။ အဲဒါကြောင့် ကားခဈေးကို လျှော့ဖို့ ခက်နေပါတယ်” ဟု တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးကပြောသည်။ ယခုအချိန်ထိ စစ်ကော်မရှင်မှ စက်သုံးဆီကို တစ်ပတ်လျှင် လီတာ ၉၀ သာ ကန့်သတ်ထုတ်ပေးသဖြင့် လမ်းကြောင်း တစ်ကြောင်းပြေးဆွဲရန် မလုံလောက်ဘဲ ပြင်ပပေါက်ဈေးဖြင့် ထပ်မံဝယ်ယူ အသုံးပြု နေရကြောင်း ၎င်းက ဆက်ပြောသည်။ တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာ ၄၈၀၀ ကျပ်ခန့်ရှိသော်လည်း ကန့်သတ်ပမာဏ ကုန်လျှင် ကျပ် ၈,၀၀၀ဝန်းကျင်ဖြင့် ဝယ်ယူနေရပြီး မိုင်းရှူးတွင်လည်း တစ်လီတာ ၈၀၀၀ ကျပ် ဝန်းကျင်ရှိနေကြောင်း၎င်းကပြောသည်။ ထိုအခက်အခဲများကြောင့် ခရီးသည်များအတွက် ကားခများကို ပုံမှန်ဈေးနှုန်းထိ ပြန်လျော့ပေးရန် ခက်ခဲနေကြောင်း ဂိတ်မှူးတစ်ဦးကပြောသည်။ အဆိုပါ တောင်ကြီး – မိုင်းရှူးလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်များ ဖျက်သိမ်းထားသော်လည်း ကုန်ပစ္စည်းဈေးနှုန်းများမှာကျဆင်းခြင်းမရှိသေးကြောင်း မိုင်းရှူးမြို့ရှိ...

ပုံးအင်းဒေသ ဆန်စပါးဈေးနှုန်း ကျဆင်း၊လယ်သမားများ အရှုံးပေါ်နေ

0
သျှမ်းပြည် တောင်ပိုင်း ပုံးအင်းဒေသတွင် ဆန်စပါးဈေးနှုန်းများ ကျဆင်းခြင်းကြောင့် လယ်သမားများ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။ ယခု ဇွန်လလယ်ပိုင်းမှစတင်၍ လယ်သမားများက စပါးများကို ထုတ်ရောင်းနေကြသော်လည်း စပါးဈေး ကျဆင်းနေပြီး ဝယ်ယူသူနည်းပါးနေကြောင်း သိရသည်။ လက်ရှိတွင် ပုံးအင်းဒေသ၌ ရွှေအပ်စပါး တစ်ပိဿလျှင် ၁၀၀၀ ကျပ်သာ ရရှိနေပြီး၊ ၂၀၂၅...

တရုတ်နိုင်ငံ ပြင်ပရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုပါ ဥပဒေကြောင်းရ အရေးယူနိုင်မည့် ဥပဒေ တရုတ်ပြဌာန်း

0
တရုတ်နိုင်ငံပြင်ပရှိ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကိုပါ ဥပဒေကြောင်းအရ အရေးယူပိုင်ခွင့်ရှိမည့် တရုတ်နိုင်ငံ၏ “အမျိုးသားစည်းလုံးညီညွတ်ရေး ဥပဒေသစ်” အပေါ် ဝေဖန်မှုများ ထွက်ပေါ်နေသော်လည်း ထိုဥပဒေမှာ တရားဝင်ပြီး လိုအပ်ချက်တစ်ခုဖြစ်ကြောင်း တရုတ်အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားလိုက်သည်။ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက် (ဗုဒ္ဓဟူးနေ့) က တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ တရုတ်နိုင်ငံတော်ကောင်စီ...

နန်းမယ်ခုံမြို့နယ် စစ်တပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက် ကလေး (၂) ဦး သေဆုံး

0
ကရင်နီပြည်နယ် နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာအတွင်းရှိ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး (၂) ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၄ ရက်) နေ့လည် ၁ နာရီဝန်းကျင်တွင် နန်းမယ်ခုံမြို့နယ် လီဝိုးကျေးရွာရှိ စာသင်ကျောင်းတခုကို စစ်ကော်ရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...

တော်လှန်ရေးလမ်းစဉ်မှသည် တရုတ်အလိုတော်ရိဆီသို့ – MNDAA ၏ အာဏာစက်အောက်မှ သျှမ်းပြည်မြောက်ပိုင်း၏ နိုင်ငံရေးနှင့် လူမှုစီးပွားအကျပ်အတည်း

0
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အဖြစ် တရားဝင်ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတရေးပါတီ (MNTJP) အောက်တွင် လှုပ်ရှားနေသော ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သည် မူလက မြန်မာ့စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ရည်သန်သည့် တော်လှန်ရေးအင်အားစုတရပ်အဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းလျက် ၎င်းတို့၏ အစောပိုင်း ဟောပြောစည်းရုံးမှုများတွင် အမျိုးသားလွတ်မြောက်ရေးကို အလေးပေးဖော်ပြခဲ့သည်။ သို့သော်လည်း ၎င်းတို့၏...