လာမည့်ကြားဖြတ်ရွေးကောက်ပွဲ SNLD မှ ၂ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ပြုလုပ်သော သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၏ အစည်းအဝေးတွင် ကြားဖြတ်ရွေးကောက်ပွဲ၌ ၂ နေရာ ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။

သျှမ်းပြည်တောင်ပိုင်းလဲချားမြို့နယ်တွင် ပြီးခဲ့သည့် ဒီဇင်ဘာလက ကွယ်လွန်သွားသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းမွန်း၏နေရာနှင့် ယခု ဂျန္နဝါရီလဆန်းက ကွယ်လွန်သွားသော မန္တလေးတိုင်း သျှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်ဇော၏ နေရာတွင်ဖြစ်ကြောင်းသိရသည်။

သျှမ်းပြည်တောင်ပိုင်း လွယ်လင်မြိ့နယ် SNLD ပါတီ ပြည်နယ်လွှတ်တော်အမတ် နန်းမြထွေးက – ဒီအစည်းအဝေးကနေ SNLD အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်လို့ဘဲဆွေးနွေးဆုံးဖြတ်ထားပါတယ်။ ၀င်ရောက်ယှဉ်ပြိုင်မယ့်သူရဲ့နာမည်ကိုတော့ သက်ဆိုင်ရာဒေသက ရွေးချယ်ပြီးတင်ပြလာမှသိရမှာပါ။ – ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

SNLD ၏ ဗဟိုအစည်းအဝေးကို လားရှိုးမြို့ Sky View ဟိုတယ်တွင် ဂျန္နဝါရီလ ၂၀ နှင့် ၂၁ ရက်နေ့ ၂ ရက် တာကျင်းပခဲ့ရာ ကြားဖြတ်ရွေးကောက်ပွဲဝင်ရေးအပြင် ပြီးခဲ့သည့်နှစ်အတွင်းလုပ်ဆောင်ခဲ့သည့် လုပ်ငန်းဆောင် တာ များကိုပြန်လည်ဆွေးနွေးခြင်း၊ လာမည့်နှစ်အတွက်လုပ်ငန်းစဉ်များချမှတ်ခြင်းများကိုပါ ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
လစ်ဟင်းနေသော လွှတ်တော်ကိုယ်စားလှယ်များနေရာအတွက် ၂၀၁၈ အတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကပြောဆိုခဲ့သော်လည်း ကျင်းပမည့်ရက်စွဲအတိအကျကိုမူ မကြေငြာသေးပေ။ ကြားဖြတ်ရွေးကောက်ပွဲအတွက် ကျပ်ငွေသန်းပေါင်း ၁၆၀၀ ကျော်အသုံးပြုကာ ဂျွန်လမတိုင်ခင်ပြုလုပ်ကျင်းပရန်ရှိသည်ဟုလည်း သတင်းများထွက်နေပါသည်။

လက်ရှိတွင် ပြည်နယ်နှင့်တိုင်းများ၌ လစ်လပ်နေသော လွှတ်တော်ကိုယ်စားလှယ် ၉ နေရာရှိကြောင်း ဆိုပါသည်။ ပြီးခဲ့သည့်နှစ် ဧပြီလက ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင်မူ သျှမ်းပြည်နယ်အတွင်း လစ်လပ်နေရာ ၈ နေရာရှိပြီး SNLD ပါတီက ၀င်ရောက်ယှဉ်ပြိုင်ရာ ၆ နေရာအနိုင်ရရှိခဲ့သည်။ ၂၀၁၅ ပါတီစုံရွေးကောက်ပွဲတွင်မူ SNLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် နေရာ ၄၀ အနိုင်ရရှိခဲ့ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လဲချားမြို့နယ်တွင် သုံးနှစ်ခန့် လည်ပတ်ခဲ့သည့် ကျားဖြန့်များထဲမှ ၃၄ ဦးသာ ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ၂၀၂၄ ခုနှစ်ဝန်းကျင်ကတည်းက လည်ပတ်နေသည့် အွန်လိုင်းလိမ်လည်လောင်းကစား ကျားဖြန့်လုပ်ငန်းမှ တရုတ်နိုင်ငံသား ၃၄ ဦးကို (ဩဂုတ်လ ၁၀ ရက်)တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ လဲချားမြို့နယ် ဆီးဆောကျေးရွာအနီး တောတွင်းရှိ မိုးကာတဲများအတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၃၄...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...

ကလောမြို့ ရေကြီးနေ ၊ ရေဘေးအတွက် အရေးပေါ် စားဝတ်နေရေးလိုအပ်

0
မြန်မာတဝှမ်း မိုးဆက်တိုက်ရွာသွန်းမှုကြောင့်နေရာအနှံ့ ရေကြီးမှုဖြစ်ပွာနေပြီး ထိုထဲတင် တောင်ပေါ်ဒေသ ကလောမြို့လည်း အပါအဝင်ဖြစ်သည်။​ ယမန်နေ့ ဩဂုတ်လ (၁၀) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ကလောချောင်းရေ လျှံ၍ ကလောမြို့ ရပ်ကွက် (၁၊၂၊၃၊၄) ဘက်တွင် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သောကြောင့် လူဦးရေ ၂၀၀ ကျော် ရေဘေးသင့်၍ ဘေးလွတ်ရာသို့...

သေနတ်ပုံ ဖုန်းကာဗာ ကိုင်လာသည့် သံဃာကြောင့် ဆေးရုံမှ လူနာများ အထိတ်တလန့်ဖြစ်

0
ထိုင်းနိုင်ငံ၊ ချိုင်နတ်ခရိုင်ရှိ Chai Nat Narenthorn Hospital ၌ ယနေ့ (ဩဂုတ် ၁၀ ရက်) ဆေးဝါးထုတ်ယူသည့် နေရာတွင် ဆေးစောင့်ယူနေသည့် သံဃာတစ်ပါး၏ သင်္ကန်းအတွင်းမှ သေနတ်ပုံစံ အရာတစ်ခု ပြူးထွက်နေသည်ကို တွေ့ခဲ့သဖြင့် ဆေးရုံလာရောက်ပြသသည့် လူနာများ အထိတ်တလန့် ဖြစ်ပွားခဲ့ကြောင်း...