သားအိမ်ခေါင်းကင်ဆာ စမ်းသပ်ရှာဖွေကုသခြင်းအားအခမဲ့ ဆောင်ရွက်ပေးလျှက်ရှိ

သျှမ်းပြည် နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် သျှမ်းပြည်နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာ ရေးဦးစီးဌာန တို့ ပူးပေါင်း၍ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့် စမ်းသပ်ရှာဖွေကုသခြင်းအားအခမဲ့ ဆောင်ရွက် ပေး လျှက်ရှိကြောင်း သိရသည် ။

နိုင်ငံတကာနှင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံသည် သားအိမ်ခေါင်းကင်ဆာဖြစ် ပွားနှုန်းမြင့်မား နေ ဆဲဖြစ်ပြီး သျှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေး ဆေးရုံကြီးတွင် တစ်လလျှင် သားအိမ်ခေါင်းကင်ဆာ အဆင့်မြင့်လူနာ အမျိုးသမီး(၅) ဦး ထက်မနည်း တွေ့နေရကြောင်း တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး မှ သားဖွားမီး ယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာဇော်မြင့်နိုင်ကပြောသည် ။

” သားအိမ်ခေါင်းကင်ဆာဟာ ကုသလို့ရတဲ့ရောဂါတစ်မျိုးဖြစ်ပြီး ရောဂါအ စပျိုးတဲ့အဆင့်မှာ စစ်ဆေးရင် စောပြီးသိနိုင်ပါတယ်၊ သိပြီးရင် ကင်ဆာ အဆင့်ကိုမရောက်အောင်လို့ ရောဂါပျိုးတဲ့အဆင့်မှာ ကုသမှု ခံယူလို့ရပါ တယ် ။ ဒီနေ့လုပ်တဲ့ အစီအစဉ်ကလဲ အမျိုးသမီးထုတွေမှာ အဲ့ဒီရောဂါပျိုး တဲ့အဆင့်မှာ ရှိနေသလား စစ်ဆေးပြီးရှိရင် တစ်ခါတည်းကုသမယ့် အစီအစဉ်ပါပဲ ” ဟု ၄င်းကရှင်းပြသည် ။

ဂျန္နဝါရီ ၂၃ ရက်နေ့က တောင်ကြီးမြို့အမျိုးသမီးရေးရာရုံးတွင် တောင်ကြီး ခရိုင် ၊ လင်းခေး ခရိုင် ၊ လွိုင်လင်ခရိုင်မှ သားအိမ်ခေါင်းကင်ဆာ အကြိုအ ဆင့်လာရောက်စမ်းသပ်ရှာဖွေကုသသည့် အမျိုးသမီးပေါင်း (၅၃) ဦးရှိကြောင်း၊ ဖေဖော်ဝါရီလမှ စ၍ သျှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များအား သားအိမ်ခေါင်း ကင်ဆာ အကြိုအဆင့် စမ်းသပ်ရှာဖွေကုသခြင်းနှင့် ပတ်သက်၍ ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သျှမ်းပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ ယာယီ ဥက္ကဌ ဒေါ်ညိုညိုလွင်ထံ မှသိရသည် ။

” သျှမ်းပြည်နယ်အတွင်းမှာရှိတဲ့ အိမ်ထောင်ရှင်အမျိုးသမီးများ အသက် (၃၀) မှ (၄၉) နှစ်အတွင်း သားအိမ်ခေါင်းကင်ဆာအကြိုကာကွယ်ကုသခြင်းဖြစ်ပြီး ပူးပေါင်းပါ၀င်ဆောင်ရွက် မယ့်အဖွဲ့က သျှမ်းပြည်နယ် ကျန်းမာရေး ကုသရေးဌာနတွေက အိုဂျီဒေါက်တာ များအဖွဲ့ဖြစ်ပါတယ် ။ (၂၅) ရက်နေ့မှာလဲ ထပ်ပြီးကုသဖို့ရှိပါသေးတယ် ၊ ကျမတို့သျှမ်းပြည်နယ်အတွင်းမှာ ဒီလိုကုသ တဲ့နေရာမှာအားလုံးပူးပေါင်း ပါ၀င်ဆောင်ရွက်ဖို့လူထုကလဲလိုအပ်ပါတယ် ” ဟု ဒေါ်ညိုညိုလွင် ကပြောသည် ။

မြန်မာနိုင်ငံတွင်သားအိမ်ခေါင်းကင်ဆာသည် ဒုတိယအဖြစ်အများဆုံးနှင့် အသေအပျောက်အများဆုံးကင်ဆာဖြစ်ပြီး ပထမ အဖြစ်များဆုံးရောဂါ တစ်မျိုးမှာ ရင်သားကင်ဆာဖြစ်သည် ။ သားအိမ်ခေါင်း ကင်ဆာနှင့်ပတ် သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှမြန်မာနိုင်ငံရှိ အမျိုးသမီးများတွင်နှစ်စဉ် (၅၂၈၆) ဦးဖြစ်ပွားပြီး (၂၉၉၈) ဦးသေဆုံးသည် ဟုခန့် မှန်းခဲ့သည် ။ ကုသရန်ခက်ခဲပြီး သေစေနိုင်သော် လည်း ကာကွယ်၍ရ သောကင် ဆာရောဂါတစ်မျိုးဖြစ်သည်ဟုသိရပါသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

ထိုင်း တင်းနစ်ကစားသမားဟောင်း သေဆုံးမှုနှင့် ရွှေ့ပြောင်းမြန်မာတစ်ဦး၏ ဘဏ်အကောင့်သို့ သံယဖြစ်ဖွယ် ငွေလွဲထားမှု

0
ထိုင်းနိုင်ငံ၏ လက်ရွေးစင် တင်းနစ်ကစားသမားဟောင်း ဖြစ်သူ အသက် ၆၄ နှစ်အရွယ် မစ္စတာ နတ်သဝီး နေအိမ်အတွင်း သံသယဖြစ်ဖွယ် သေဆုံးခဲ့သည့် ဖြစ်စဉ်တွင် သေဆုံးသူ၏ iPad မှတစ်ဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး၏ ဘဏ်အကောင့်ထဲသို့ ဘတ် ၃၀,၀၀၀ မသင်္ကာဖွယ် လွှဲပြောင်းထားသည်ကို စုံစမ်းတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

ထိုင်းဟိုတယ်တခုတွင် တရုတ်လောင်းကစားနှင့် လိင်ဝန်ဆောင်မှုပေးသည့်အုပ်စုဖမ်းမိ မြန်မာနိုင်ငံသား ၃ ဦးပါဝင် 

0
ထိုင်းနိုင်ငံ၊ နွန်သဘူရီ (Nonthaburi) ခရိုင်ရှိ အဆင့်မြင့် ဟိုတယ်တခုတွင်း တရုတ်ဂိုဏ်းတခုက  ငှားရမ်းပြီး တရားမဝင် လောင်းကစားဝိုင်း၊ မူးယစ်ဆေးပါတီနှင့် လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုများ ပေးနေကြောင်း သတင်းရသဖြင့် ထိုင်းနိုင်ငံဗဟိုစုံစမ်းရေးဗျူရို (CIB) က ဝင်ရောက်စီးနင်းခဲ့သည်။​ အဆိုပါ ထဲတွင် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း သိရသည်။ နွန်သဘူရီခရိုင်၊ ဘာင်ခေန်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...