ရခိုင် ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာအေးမောင်ဖမ်းဆီးခံရမှု သျှမ်းခေါင်းဆောင်များထံ ဂယက်ရိုက်

နိုင်ငံတော်သစ္စာဖေါက်မှုဟုဆိုကာ ဒေါက်တာအေးမောင် ဖမ်းဆီးခံရမှုသည် သျှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU ဉက္ကဌ ရာထူးလွှဲပြောင်းတာဝန်ယူရေးအတွက်စီစဉ်နေသည့် သျှမ်းခေါင်းဆောင် များအတွင်း ဂယက်ရိုက်စေသည်ဟု အတွင်း ရေးမှူးများအဖွဲ့ က ပြော သည်။

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ဥက္ကဌ ရာထူးအား လာမည့်လဆန်းပိုင်းအတွင်း နှစ်ပတ်လည် အစည်းအဝေးကျင်းပကာ လွှဲအပ်မည်ဖြစ်ကြောင်း၊ သျှမ်းနှင့်ရခိုင်အသွင်သဏ္ဌာန် ကွာခြားမှု မရှိသော ကြောင့် ထိုကဲ့သို့ ပြဿနာမျိုးမဖြစ်ပေါ်စေရေးအတွက် အဘက်ဘက် ဆွေးနွေးတိုင်ပင်ကာ နားလည်မှု ရယူရ မည်ဖြစ်ကြောင်း အတွင်းရေးမှူးအဖွဲ့ဝင် စဝ်ပင်ခမ်းက ပြောသည်။

“ဒေါက်တာအေးမောင်ကို ဖမ်းဆီးတဲ့ကိစ္စက မဖြစ်သင့်ဘူး။ ဒီအချိန်က ယုံကြည်မှု နဲ့ ပြည်ထောင်စု ကြီးကို ဝန်းရံပြုပြင်ဖို့ လုပ်နေတဲ့အချိန်လေ။ သျှမ်းမှာလဲ အဲလိုပါဘဲ ။ ၂၀၁၇ ဩဂုတ်လ တုန်းက သျှမ်းအစည်းအဝေးကို နိုင်ငံခြားသားပါလို့၊ မတရား အသင်းပါလို့ ဆိုပြီး ထိုင်းအစိုးရ ကနေ တဆင့် တပ်မတော်က ဟန့်တားတာတွေရှိတယ်။ လူထု နဲ့ ဆင်းတွေ့တုန်းကလဲ တပ်အင်အားနဲ့ ဝင်ရောက် ဟန့်တားတဲ့ ကိစ္စတွေ ရှိခဲ့ဖူးတယ်ဆိုတော့ – ဒေါက်တာအေးမောင်ကိုလုပ်သလို မလုပ်ဘူးလို့ မပြောနိုင်ဘူး။ လုပ်ငန်းအဆင်ပြေအောင်ကျနော်တို့ကတော့ တွေ့ဆုံဆွေးနွေးသွားမှာဘဲ” – ဟု စဝ်ပင်ခမ်းက ပြော သည်။

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ဥက္ကဌ ရာထူးအား တနှစ်တကြိမ်အလှည့်ကျတာဝန်ယူ ထမ်းရွက်ကြသည်။ ယခု ၂၀၁၈-၁၉ ခု တွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ခေါ် ကျားဖြူပါတီ SNDP ဥက္ကဌ စိုင်းအိုက်ပေါင်းမှ တာဝန်ယူထမ်းရွက်ရမည်ဖြစ်သည်။

“ဥက္ကဌလုပ်ဖို့ အန်ကယ် တို့ရဲ့ အလှည့်လေ။ အန်ကယ်တို့တော့ CSSU ဥက္ကဌ အတွက် တာဝန်ထမ်းရွက်ဖို့ အဆင့်သင့်ဘဲ” – ဟု SNDP ဥက္ကဌ စိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU လုပ်ငန်းများအတွက် လူထုနှင့်တွေ့ဆုံစဉ် ပါဝင်ကူညီ သည့် တက်ကြွလှုပ်ရှားသူ သျှမ်းလူငယ်စိုင်းခမ်းက – “ဒီအချိန် ကျနော်တို့ ခေါင်းဆောင်တွေ သတ္တိပြဖို့လို တယ်။ တပ်မတော်ကတော့ သူ့ရဲ့ဇာတိသကန် တဖြည်းဖြည်းပြန်ပြလာပြီ။ လူထုနဲ့ ဆင်းတွေ့ တဲ့ ကျနော် တို့ အဖွဲ့တွေကို စာရင်းလိုက်ကောက်တာ။ ဘယ်သူဘယ်ဝါဘာလုပ် တယ်ဆိုတာ စုံစမ်းမေးမြန်းတာတို့ လိုက်လုပ်နေတယ်။ ကျနော်တို့ ခေါင်းဆောင်တွေကို အန္တရာယ်မပြုလာနိုင်ဘူးလို့ ပြောလို့မရဘူး။ ကျနော်တို့ တန်းတူရေးအတွက် ကျနော်တို့ ခေါင်းဆောင်တွေ သေလဲသေရဲတယ်။ထောင်လဲကျရဲတယ်။ အားလုံး စွန့်လွတ်စွန့်စားရဲတယ် ဆိုတဲ့ သတ္တိကို ပြဖို့ အချိန်တန်ပြီ” – ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာအေးမောင် နှင့် စာရေးဆရာ ဝေဟင်အောင် တို့အား မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် ဂျန္နဝါရီ ၁၈ ရက်နေ့က ဖမ်းဆီးပြီး နိုင်ငံတော် ပုန်ကန်မှု ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၁ (ခ) (ဂ) နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ စသည့် ပုဒ်မ များဖြင့် တရားစွဲဆိုခံရဖွယ်ရှိနေသည်ဟုသိရပါသည်။ ဖမ်းဆီးခံရမည်ဆိုသည့် သတင်း ကြိုသိထားသော်လည်း ဒေါက်တာအေးမောင်အနေဖြင့် အမှန်တရားအတွက် တခြားတပါးသို့ တိမ်းရှောင် ခြင်း မရှိဘဲ နေအိမ်မှာ ဆက်ရှိနေလို့ အဖမ်းခံရတာဖြစ်သည့်အပြင် နေပြည်တော် ပြည်သူ့ လွှတ်တော် ဥက္ကဌ ကလည်း ၎င်းအားဖမ်းဆီးဖို့ ခွင့်ပြုပေးထားသည်ဟုလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ရိုးရာ စိုက်ပျိုးရေးတွေကို လက်ဆင့်ကမ်းမယ့် တောင်သူတွေ မရှိတော့တဲ့အတွက် ဒေသတွင်း စိုက်ပျိုးရေး စနစ်တခုလုံး ပြိုလဲသွားနိုင်တဲ့အထိ စိုးရိမ်ရတယ်”

0
သျှမ်းပြည်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ရာသီဥတုဖောက်ပြန်မှုများကြောင့် ဒေသခံတောင်သူများမှာ သိန်းရာချီသည့် အကြွေးနွံထဲသို့ ရောက်ရှိနေပြီး သျှမ်းပြည်၏ စားနပ်ရိက္ခာဖူလုံရေးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ဆိုက်ရောက်နေပါသည်။ အစိုးရ၏ စိုက်ပျိုးစရိတ်ချေးငွေ မလုံလောက်မှု၊ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးမှုနှင့် ကုမ္ပဏီထုတ်မျိုးစေ့များအပေါ် မှီခိုနေရသည့် စနစ်ဆိုးများကြောင့် တောင်သူများမှာ ‘စပါးကျီမှ အကြွေးကျီ’...

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...