တောင်ကြီးမြို့ အများပြည်သူဆိုင်ရာနေရာများ အရက်သေစာသောက်စားပါက ဖမ်းဆီးအရေးယူခြင်းခံရမည်

တောင်ကြီးမြို့နယ်အတွင်းရှိ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ အပြင် အထူးပြုနေရာ (၁၀) ခုတွင် အရက်သေစာသောက်စားခြင်း ၊ မူးရစ်ရမ်းကားခြင်း ၊ အုပ်စုဖွဲ့ရန်ဖြစ်ခြင်း ၊ အများပြည် သူညိုငြင်စေရန်ပြုမူပြောဆိုခြင်း များပြုလုပ်ပါက ပြစ်မှုဆိုင်ရာပုဒ်မ (၁၈၈) အရ အရေးယူသွားမည်ဟု တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းစိုး ကပြောသည် ။

” အဓိက ကတော့အများပြည်သူ အနှောက်အယှက်မဖြစ်အောင်ပေါ့ ပိုပြီးတော့ စည်းကမ်းတကျ ဖြစ်သွားအောင်လို့ သွားရလာရတာပိုပြီးလွယ်ကူအောင်လို့ ၊ မြို့ထဲမှာဆိုရင် ဆိုင်ကယ်တန်းလို နေရာမျိုးမှာ အရက်ထိုင်သောက်နေကြတာ ညရေးညတာ အလုပ်ကိစ္စနဲ့ သွားတဲ့လူတွေအတွက် အခက်အခဲရှိတာပေါ့ ၊ ဒါကြောင့် အစိုးရဆီက အတည်ပြုချက်အရင်ထုတ်ပြီး ပန်းခြံတွေ ကျောင်းတွေ ဆေးရုံတွေရယ် အများပြည်သူနှင့် သက်ဆိုင်တဲ့ နေရာများအပြင် အထူးပြုနေရာတွေမှာ အရက် သောက်မယ်ဆိုရင် ပြစ်မှုဆိုင်ရာပုဒ်မ(၁၈၈)နဲ့အရေးယူလို့ရတယ်ဆိုတာပြည်သူ လူထုပိုပြီးသိသွား အောင်လို့တားမြစ်ချက် ထုတ်လိုက်တဲ့သဘောပဲ ” ဟု ၄င်းက ပြောသည် ။

တောင်ကြီးမြို့ပေါ်ရှိ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ အပြင် အထူးပြုနေရာ (၁၀) နေရာမှာ ကျောင်းကြီးစုရပ်ကွက် အဝေရာမီးပုံးပျံကွင်း ၊ ကန်ရှေ့ရပ်ကွက် ကုန်သည်လမ်းနှင့် မြကန်သာ လမ်းကြားရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်း ၏အရှေ့ဘက် ဆိုင်ကယ်ရပ်နား နေရာ ၊ ရေအေးကွင်းရပ် K&K စတိုးရှေ့မြေကွက် လပ်နှင့် မြစိမ်းတောင်ဘုရား အတက် လမ်း ၊ လမ်းမတော်ရပ်ကွက် ၊ ဘုရင့်နောင်လမ်းသွယ် (အောက်မေ့ဖွယ်ဓမ္မာရုံ လမ်းသွယ် ) မင်္ဂလာဦးရပ်ကွက် ၊ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြင်းရုပ် ပရဝဏ် အနီး ၊သစ်တောရပ်ကွက် ၊ အိမ်တော်ထင်းရှူးကွင်းနှင့် အိမ်တော်ဝိုင်းလမ်းဆုံ ၊စူဌာမုနိ လောကချမ်းသာ စေတီတော်နှင့် တောင်ကြီး ဂေါက်ကလပ်ဘက်လမ်း ၊ စဝ်စံထွန်း ရပ်ကွက်ရှုခင်းသာ ပန်းခြံနှင့်ကြိုးတံတားအနီး ၊ စျေးပိုင်းရပ်ကွက် ၊ မြို့မစျေး အနီး ၀န်းကျင် ၊ ကံကြီးရပ်ကွက် ဖူဆယ်ဘောလုံးကွင်းအနီးဝန်းကျင် စသည့် နေရာများဖြစ်သည် ။

အဆိုပါ တားမြစ်ချက်ကို ဂျန္နဝါရီလ ၁၇ ရက်နေ့မှစ၍တောင်ကြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒေသန္တရ အမိန့်အဖြစ်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်စရိတ်နှင့် သယံဇာတ – တအာင်းဒေသတွင် မြေရှားသတ္တုတူးဖော်မှု အရှိန်အဟုန်ဖြင့် တိုးလာနေ

0
ကမ္ဘာ့နည်းပညာလောက၏ လျှပ်စစ်ကား (EV) ဘက်ထရီများနှင့် ခတ်မီစစ်လက်နက်များ ထုတ်လုပ်ရန်အတွက် လေးလံမြေရှားဒြပ်စင် (Heavy Rare Earth) များသည် မရှိမဖြစ် လိုအပ်လာနေသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည့် ကမ္ဘာ့အကြီးဆုံး ရင်းမြစ်တစ်ခုမှာ မြန်မာနိုင်ငံ ဖြစ်လာခဲ့သည်။ သို့သော်လည်း လက်ရှိတွင် အဆိုပါလုပ်ငန်းများသည် ကချင်ပြည်နယ်မှတစ်ဆင့် သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်း (ပလောင်)...

တုက္ကစီဒိုသခင်လေးနဲ့ ခေတ်သစ်မြို့ပြလူတွေရဲ့ အဖော်မွန်

0
မနက်တိုင်း ကျနော့မှာ နာရီနှိုးစက် သီးသန့်ပေးထားစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ (၇) ကီလိုလောက်ရှိတဲ့ အမွေးပွ "နှိုးစက်ကြီး" က ကျနော့်ရင်ဘတ်ပေါ် တက်ထိုင်ပြီး နှိုးတတ်လို့ပါ။ သူကတော့ ကျနော်ရဲ့ ပထမဆုံး ကိုယ်တိုင်မွေးထားတဲ့ "အိုက်တမ်" ဆိုတဲ့ ကြောင်လေးပေါ့။ "အိုက်တမ်" ဆိုတာ မြန်မာလိုဆိုရင်တော့ "အမဲလေး"...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...