ချယ်ရီပန်းများချိုးယူနေသူများအား သစ်တောမှ တားမြစ်ပေးရန် သစ်ပင်စိုက်အဖွဲ့ တောင်းဆို

သျှမ်းပြည်နယ်မြို့တော် တောင်ကြီး၏ ပြယုဂ်တစ်ခုဖြစ်သော ချယ်ရီပန်းများအား ခူးယူခြင်း၊ ရောင်းချနေခြင်း များ အတွက် သက်ဆိုင်ရာ သစ်တောဦးစီးဌာနမှ တားမြစ်ပေးစေချင်ကြောင်း တောင်ကြီးမြို့ သစ်ပင်စိုက်အသင်းများက တောင်းဆိုလိုက်သည် ။

တောင်ကြီးမြို့ဒေသခံတစ်ချို့မှာ ချယ်ရီပန်းကိုင်းများခူးယူကာ လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် အလှဓါတ်ပုံများရိုက်တင်ထားကြသည်ကို တွေ့မြင်နေရပြီး အချို့မှာ စျေးတွင်ရောင်းချနေကြသည့်အပေါ် သစ်ပင်စိုက်ပျိုးသည့့်အဖွဲ့များက အပြင်းအထန်ကန့်ကွက်ကြောင်း သိရသည် ။

“ဒီကိစ္စကိုကျနော်တို့က နည်းဥပဒေဖြစ်စေချင်တာ ၊ ပုဒ်မ ၆၁ လိုမျိုး အများနဲ့သက်ဆိုင်တဲ့ ဥပဒေထုတ်စေချင်တာ ၊ ကျနော်တို့ကစိုက်တယ်။ သူတို့က ချိုးကြ ခူးရောင်းကြတဲ့အပေါ် ကျနော်တို့ အနေနဲ့ ဘာမှပြောလို့မရ ဘူးဖြစ်နေတယ် ” ဟု ပန်းပျိုးလက် အဖွဲ့ မှ ဦးအောင်လင်းကပြောသည် ။

ပန်းပျိုးလက် သစ်ပင်စိုက်သည့်အဖွဲ့အနေနှင့် ၂၀၁၅ ခုနှစ်မှစ၍ ချယ်ရီပင်ပေါင်း ငါးထောင်ကျော်ခန့် စိုက်ပျိုး ခဲ့ပြီး အခြားသောနှစ်ရှည်ပင်များကိုလည်း တောင်ကြီးမြို့နယ်အတွင်း စိုက်ပျိုးနေဆဲဖြစ်ကြောင်း သိရသည် ။

“ချယ်ရီပင်တွေက အရင်တုန်းကဆို စိုက်စရာမလိုဘူး သဘာဝအလျောက် တစ်တောလုံးတစ်တောင်လုံးပွင့်တာ ၊ ရှားမီးလှုံ တဲ့အချိန်တွေဆိုလူတွေတော်တော်များများအသုံးပြု ကြတယ် ၊ ထင်းခုတ်တဲ့လူတွေက လည်း ချယ်ရီကိုင်းတွေကခြောက်မြန်တယ် ဆိုပြီး ခုတ်ကြတယ် ဒါကြောင့်ချယ်ရီပင်တွေကရှားပါးကုန်တာ ၊ ချယ်ရီတစ်ခုတည်းမဟုတ်ဘူး သက်ဆိုင်ရာ သစ်တောထွက် အပင်တွေ တွေကို သစ်တောဦးစီးဌာနကနေ ထိန်းသိမ်းစေချင်တယ် ” ဟု Living Earth Green အဖွဲ့မှ ဒေါ်ချယ်ရီကျော်က ပြောသည် ။

ချယ်ရီပင်သည် စိုက်ပျိုးသည့်နှစ်မှစ၍ ၃ နှစ်ကျော် ၄ နှစ် အတွင်း အပွင့်ပွင့်ပြီး အေးမြသောရာတီဥတု ရှိသည့် သျှမ်းပြည်နယ်အတွင်းသာ စိုက်ပျိုးနိုင်သော အပင်အမျိုးအစားဖြစ်သည် ။

ချယ်ရီပင်များ ရှားပါးလာချိန်တွင် သျှမ်းပြည်အလယ်ပိုင်းမှမြို့နယ်တော်တော်များများတွင်လည်း ယခု ၁ နှစ် ၂ နှစ်အတွင်း သျှမ်းလူငယ်အဖွဲ့က ချယ်ရီပင်စိုက်လှုပ်ရှားမှုများပြုလုပ်လာနေပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာ့အရေးထဲက သယံဇာတ တူးဖော်ရေးနဲ့ သဘာဝပတ်ဝန်းကျင် အရေးကိုလည်း မမေ့သင့်ပါ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သုံးရက်ကြာ ကျင်းပတဲ့ “အကျပ်အတည်းနှင့် ဖြစ်နိုင်ချေကြား မြန်မာပြည်ကူးပြောင်းရေး အသံ” ဆိုတဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။ ဒါဟာ (၅) ကြိမ်မြောက် ကျင်းပခဲ့တဲ့ မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေးညီလာခံ (International Conference on Burma/Myanmar) ဖြစ်ပြီး ကျနော်အနေနဲ့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့တာပါ။ ညီလာခံကို ၂၀၂၆ သြဂုတ်လ ၁၄ ရက်ကနေ...

နှစ်လအတွင်း ရွာငံဒေသခံ (၄၀)ကျော်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွား

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ် နှစ်လ အတွင်း ကျေးရွာများမှ ဒေသခံများကို စစ်ကော်မရှင်တပ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဆက်စပ်မှုရှိသည်ဟုဆိုကာ ဖမ်းဆီးမှုများရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့နယ်တွင် ဇူလိုင်နှင့် ယခု သြဂုတ်လ အတွင်း ကျောက်ငှက်၊ သိမ်ကုန်း၊ မြစေတီ၊ မြိုင်၊...

သျှမ်းပြည်တွင် မြေရှားသတ္တုလုပ်ကွက်ပေါင်း (၉၀) နီးပါးအထိ တိုးလာနေ

0
သျှမ်းပြည်အတွင်းရှိ မြေရှားသတ္တုတူးဖော်မှုများသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆမတန် တိုးချဲ့လာနေပြီး လက်ရှိတွင် မြေရှားသတ္တုတွင်း ၈၆ နေရာအထိ ရှိလာပြီ ဖြစ်ကြောင်း ဝါရှင်တန်အခြေစိုက် Stimson Center ၏ ဂြိုဟ်တုဓာတ်ပုံ အထောက်အထားများအရ သိရသည်။ Stimson Center ၏ စုံစမ်းစစ်ဆေးမှုအရ မြန်မာနိုင်ငံတစ်ဝန်းတွင် မြေရှားသတ္တုတွင်းပေါင်း ၆၀၀...

ရက် ၁၀၀ စီမံချက်အပြီး နိုင်ငံခြားကုန်စည် သွားတိုက်ဆေး ပါ တင်ခွင့်မပြု

0
စစ်ကောင်စီ၏ ရက် ၁၀၀ စီမံချက်ကာလ ပြီးဆုံးသော်လည်း သျှမ်းပြည်အတွင်း နိုင်ငံခြား ကုန်စည်များ တင်ဆောင်သည့် ကားများကို စစ်ဆေးဖမ်းဆီးမှုများ ဆက်လက်ရှိနေပြီး နိုင်ငံခြားကုန်ပစ္စည်းဖြစ်သည့် သွားတိုက်ဆေးပါ တင်ခွင့်မပြုကြောင်း သတင်းရရှိသည်။ လက်ရှိ သျှမ်းပြည် တောင်ပိုင်း ကျေးသီး၊ လဲချား၊ မိုင်းပွန်၊ တောင်ကြီး ၄ မိုင်...

“ရိုးရာ စိုက်ပျိုးရေးတွေကို လက်ဆင့်ကမ်းမယ့် တောင်သူတွေ မရှိတော့တဲ့အတွက် ဒေသတွင်း စိုက်ပျိုးရေး စနစ်တခုလုံး ပြိုလဲသွားနိုင်တဲ့အထိ စိုးရိမ်ရတယ်”

0
သျှမ်းပြည်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ရာသီဥတုဖောက်ပြန်မှုများကြောင့် ဒေသခံတောင်သူများမှာ သိန်းရာချီသည့် အကြွေးနွံထဲသို့ ရောက်ရှိနေပြီး သျှမ်းပြည်၏ စားနပ်ရိက္ခာဖူလုံရေးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ဆိုက်ရောက်နေပါသည်။ အစိုးရ၏ စိုက်ပျိုးစရိတ်ချေးငွေ မလုံလောက်မှု၊ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးမှုနှင့် ကုမ္ပဏီထုတ်မျိုးစေ့များအပေါ် မှီခိုနေရသည့် စနစ်ဆိုးများကြောင့် တောင်သူများမှာ ‘စပါးကျီမှ အကြွေးကျီ’...