CSSU နှစ်ပတ်လည်အစည်းအဝေး လွယ်တိုင်းလျန်းဌာနချုပ်တွင်ကျင်းပမည်

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏ နှစ်ပတ်လည်အစည်းအဝေးကို သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ် လွယ်တိုင်းလျန်းတောင်တွင် လာမည့်လဆန်းပိုင်း ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ဖေဖော်ဝါရီ်လ ၁ ရက်နှင့် ၂ ရက်နေ့တို့တွင် Committee For Shan State Unity နှစ်ပတ်လည် အစည်း အဝေးကို RCSS/SSA ဌာနချုပ် လွယ်တိုင်းလျန်းတွင် ကျင်းပရန်စီစဉ်ထားရာ ပြီးခဲ့သည့်နှစ်အတွင်း လုပ်ငန်းဆောင်တာများကိုပြန်လည်သုံးသပ်ခြင်း၊ လာမည့်နှစ်အတွက် လုပ်ငန်းစဉ်များ ချမှတ်ခြင်းတို့ကို ဆွေးနွေးသွားမည်ဟုသိရသည်။

CSSU အတွင်းရေးမှူးများအဖွဲ့ဝင် စဝ်ပင်ခမ်းက – လာမယ့်လ ဦးပိုင်း လွယ်တိုင်းလျဲမှာ လုပ်မယ့်အစည်းအဝေးမှာ လုပ်ဆောင်လာခဲ့တဲ့လုပ်ငန်းရဲ့ အားသာချက် အားနည်းချက်တွေပြန်သုံးသပ်မယ်။ အမျိုးသားအဆင့် (သျှမ်း) ဆွေးနွေးပွဲ အတွက် ကြုံတွေ့တဲ့အခက်အခဲတွေ၊ ထပ်မံကြိုတင်ပြင်ဆင်မှုတွေ ဆွေးနွေးမယ်။ နောက်ပြီး ဒုတိယ အဆင့်ဖြစ်တဲ့ သျှမ်းပြည်တိုင်းရင်းသားအားလုံး ပါလာဖို့တွက် လုပ်ငန်းစဉ်တွေ ဆွေးနွေးချမှတ်မယ် – ဟု ပြောသည်။

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU တွင် သျှမ်းတိုင်းရင်းသားများဒီမိုကရေကရက်တစ်ပါတီ SNDP ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA ၊ သျှမ်းပြည်ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ SSJAC (သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ သျှမ်းပြည် တိုးတက်ရေးပါတီ SSPP/SSA ) ၊ သျှမ်းလူမှုအခြေပြုအဖွဲ့အစည်း Shan CBOs တို့ဖြင့်စုပေါင်းဖွဲ့စည်း ထားသည်။ ထိုနောက်ပိုင်း သျှမ်းပြည်အရှေ့ပိုင်း ဒီမိုကရက်တစ်ဖွံ့ဖြိုးတိုးတက်ရေးပါတီ ESSDDP၊ သျှမ်းပြည်မျိုးဆက်သစ်များအဖွဲ့ NGSS ၊ သျှမ်းလူငယ်အဖွဲ့ TYO ၊ ထိုင်းနိုင်ငံရှိ သျှမ်းအမျိုးသားများအဖွဲ့ TNAT တို့ပါ၀င်ပူးပေါင်းလာခဲ့သည်။

၂၀၁၃ ခုနှစ် နှောင်းပိုင်းက စတင်ဖွဲ့စည်းလာသည့် CSSU ၏ ရည်ရွယ်ချက်မှာ သျှမ်းပြည်တွင်းလူထု ၏ အခွင့်အရေးများကိုကာကွယ်ရန်ဖြစ်ပြီး၊ သျှမ်းပြည် သူလူထု မိမိကံကြမ္မာ မိမိဖန်တီးနိုင်ရန်၊ နိုင်ငံရေးဆွေးနွေးရေးအတွက် နိုင်ငံရေးမူဘောင်စုပေါင်းပြင် ဆင်ရန်အတွက် စသည်တို့ဖြစ်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ရိုးရာ စိုက်ပျိုးရေးတွေကို လက်ဆင့်ကမ်းမယ့် တောင်သူတွေ မရှိတော့တဲ့အတွက် ဒေသတွင်း စိုက်ပျိုးရေး စနစ်တခုလုံး ပြိုလဲသွားနိုင်တဲ့အထိ စိုးရိမ်ရတယ်”

0
သျှမ်းပြည်အတွင်း ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုနှင့် ရာသီဥတုဖောက်ပြန်မှုများကြောင့် ဒေသခံတောင်သူများမှာ သိန်းရာချီသည့် အကြွေးနွံထဲသို့ ရောက်ရှိနေပြီး သျှမ်းပြည်၏ စားနပ်ရိက္ခာဖူလုံရေးမှာ စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ဆိုက်ရောက်နေပါသည်။ အစိုးရ၏ စိုက်ပျိုးစရိတ်ချေးငွေ မလုံလောက်မှု၊ စစ်မှုထမ်းဥပဒေကြောင့် လုပ်သားရှားပါးမှုနှင့် ကုမ္ပဏီထုတ်မျိုးစေ့များအပေါ် မှီခိုနေရသည့် စနစ်ဆိုးများကြောင့် တောင်သူများမှာ ‘စပါးကျီမှ အကြွေးကျီ’...

ညောင်ရွှေ စစ်တပ်နှင့် အုပ်ချုပ်ရေးမှူး ပေါင်းပြီး ဟိုတယ်နှင့် တည်းခိုခန်းထဲထိ ပေါ်တာဆွဲ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့တွင် စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူး တို့ ပူးပေါင်း၍ ဟိုတယ်နှင့် တည်းခိုခန်းသို့ လာရောက်တည်းခိုသူများကို ပေါ်တာဆွဲနေကြောင်း သတင်းရရှိသည်။​ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် ညောင်ရွှေမြို့သို့ရောက်လာသည့် ဧည့်သည်အမျိုးသားနှစ်ဉီးကို စစ်ကော်မရှင်တပ်နှင့် အုပ်ချုပ်ရေးမှူးတို့က မနက် အစော တနာရီအချိန်တွင် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်းဖြစ်စဉ်ကို သိရှိသည့် အမျိုးသားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထို့သို့...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...