UNFC နှင့် အပစ်ရပ် PPST ခေါင်းဆောင်းများ RCSS/SSA ဌာနချုပ်တွင်ထပ်မံတွေ့ဆုံလို

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC နှင့် အပစ်ရပ် အဖွဲ့ NCA – EAOs တို့၏ ငြိမ်းချမ်းရေးလုပ် ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တို့ ချင်းမိုင်မြို့တွင် ပထမ အကြိမ်တွေ့ဆုံ ပြီးသည့်နောက် ဒုတိယ အကြိမ်အတွက် RCSS/SSA ဌာနချုပ် တွင်တွေ့ဆုံကြရန် အဆိုပြု ထားကြ သည်ဟု ဆိုသည်။

“လာမည့်လ ၇ ရက်ဆို သျှမ်းပြည်အမျိုးသားနေ့ဆိုတော့ အဲဒီအခမ်းအနားနဲ့ တိုက်ဆိုင်တယ်။ အစည်း အဝေးလာတက်ရင်း အခမ်းအနားလဲ တက်နိုက်မယ်ပေါ့။ တချို့ခေါင်းဆောင်တွေလဲ လာချင်တယ် ဆိုတော့ အဆိုတင်သွင်းကြတာဖြစ်တယ်” – ဟု RCSS/SSA အရာရှိတဦးက ပြောသည်။

ဂျန္နဝါရီလ ၁၁ နှင့် ၁၂ ရက်နေ့တို့တွင်ပြုလုပ်သော PPST ခေါင်းဆောင်များအရေးပေါ်အစည်းအဝေးမှ ဆုံးဖြတ်ချက်များအပေါ်မူတည်၍ ဂျန္နဝါရီလ ၁၃ ရက်နေ့တွင် UNFC နှင့် PPST ခေါင်းဆောင်များ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ နောက်တကြိမ်ထပ်မံတွေ့ရန်အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော် ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် ဆန္ဒရှိကြသည်ဟု အကြံပြုကြခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ အဖွဲ့ ၂ ဖွဲ့ကြားပြုလုပ်သော ပထမဆုံးအကြိမ်တွေ့ဆုံပွဲတွင် – ဖက်ဒရယ်နှင့်ဒီမိုကရေစီပြည် ထောင်စု စုပေါင်းတည်ဆောက်ရာတွင် စုပေါင်းအားဖြင့် ပြိုင်တူတွန်းနိုင်ရန် NCA လက်မှတ်မထိုးရ သေးသော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအနေဖြင့် NCA လက်မှတ်ရေးထိုးဖို့လိုကြောင်း လည်း အပစ်ရပ်ထားသည့်အဖွဲ့များက တိုက်တွန်းကြသည်ဟု ဆိုသည်။

“ ၁၃ ရက်နေ့က ဆွေးနွေးပွဲ မှာ UNFC ကပြောတယ်။ လက်ရှိအခြေအနေက ရှုပ်ထွေးနေတယ်။ အစိုးရနဲ့ညှိနှိုင်းလည်းမရဘူး။ ကရင်နီဘက်ကလည်းအသတ်ခံရတယ်။ RCSS ကလည်း လူထုတွေ့ဆုံပွဲမှာ ပိတ်ပင်ခြင်းခံရတယ်။ သျှမ်းပြည်မြောက်ပိုင်းမှာလည်းတိုက်ပွဲတွေဖြစ်နေတယ်။ ဒါကြောင့် မိမိတို့ စည်းလုံးညီညွတ်ရေးအတွက် ရင်းနှီးမှုတည်ဆောက်ရမယ်။ မကြာခန တွေ့ဆုံမှုပြုရမယ်- ဒုတိယ အကြိမ်ထပ်တွေ့ရင် လွယ်တိုင်းလျဲန်းမှာတွေ့လိုကြတယ်ပြောတယ်” – ဟု ပြည်ထောင်စုအင်စတီကျုမှဒါရိုက်တာ ဦးခွန်စိုင်းက ပြောသည်။

UNFC နှင့် PPST တို့သည် ယခုပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှု ဟုသာဆိုသော်လည်း UNFC ၏ နိုင်ငံရေးဆွေးနွေးရေးဆိုင်ရာ DPN အဖွဲ့ နှင့် PPST ၏ ကိုယ်စားလှယ် PPWT တို့မှာမူ ၈ ကြိမ်တွေ့ဆုံ ဆွေး နွေးခဲ့ကြပြီးဖြစ်သည်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသား လက် နက် ကိုင်တပ်ဖွဲ့ ၈ ဖွဲ့ NCA – EAO’s တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည် တပ်မတော် RCSS/SSA ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO ချင်းအမျိုး သားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ကရင်အမျိုးသား အစည်းအရုံး KNU ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ၊ ကရင်ငြိမ်း ချမ်းရေးကောင်စီ KNLA-PC နှင့် ရခိုင်အမျိုးသားလွတ်မြောက်ရေးပါတီ ALP တို့ပါဝင်ပါသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တွင်မူ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ၊ မွန်ပြည်သစ်ပါတီ NMSP ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU နှင့် ရခိုင်အမျိုးသားကောင်စီ ANC တို့ဖြစ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါဟော်နန်းကို ယဉ်ကျေးမှုအထိမ်းအမှတ်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို အများပြည်သူ ဝင်ရောက်လေ့လာနိုင်သည့် ယဉ်ကျေးမှုအမွေအနှစ် အထိမ်းအမှတ်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်ထားကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၂၄ ရက် နေ့လယ်ပိုင်းတွင် သီပေါဟော် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဗုဒ္ဓကောလိပ် တည်ဆောက်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို သီပေါဟော်နန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ သီပေါမြို့ပေါ်ရှိ သံဃာတော်များနှင့် ဖိတ်ကြားထားသူများ...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

ချင်းမိုင်တွင် ရုံးအကူအဖြစ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နယ်အတွင်း ခွင့်ပြုထားသည့် အလုပ်လုပ်ခွင့် (Work Permit) အမျိုးအစားနှင့် ကိုက်ညီမှုမရှိဘဲ ရုံးအကူဝန်ထမ်းအဖြစ် ကျော်လွန် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေးရုံး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ချင်းမိုင်ခရိုင်၊ ပါတန် (Pa...

အောင်ပန်းမြို့ ပြည်သူကို ဒုက္ခပေးနေတဲ့ KTV ထဲက  HI ခန်းများ

0
အောင်ပန်းမြို့ဟာ စိုက်ပျိုးရေး ၊ပွဲစားမြို့တော်လို့ လူသိများတဲ့မြို့ဖြစ်ပြီး၊ နေ့စဉ်နဲ့အမျှ ရာသီသီနှံတွေ ကုန်စိမ်းတွေ ကို မြန်မာပြည်တဝှမ်းပို့ဆောင်ရန် အတွက် အလွန်စည်းကားတဲ့မြို့တခုဖြစ်ပါတယ်။ လူမျိုးစုံ၊ ဒေသစုံကလာရောက်ပြီး ဝမ်းရေးရှာဖွေ စားသောက်တဲ့နယ်မြေလည်းဖြစ်ပါတယ်။  စစ်အာဏာမသိမ်းခင်မှာတော့ ရာသီဉတု နဲ့ သန့်ရှင်းလတ်ဆတ်တဲ့ သီးနှံ တွေရရှိတဲ့အတွက် အလွန်နေချင်စဖွယ်ကောင်းတဲ့မြို့ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီး ၅နှစ်ကျော်ကာလမှာတော့ အောင်ပန်းမြို့ဟာ...