UWSA ‘ဝ’ ဗဟိုကော်မတီအစည်းအဝေး ထိပ်ပိုင်းခေါင်းဆောင်တိုးချဲ့ခန့်အပ်

၀ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA ဗဟိုအစည်းအဝေးတရပ်ကို ယခုလဆန်းပိုင်းက ကျင်းပရာထိပ်ပိုင်းခေါင်းဆောင် များအား တိုးချဲ့ခန့်အပ်ခဲ့ပြီး တချို့ မှာရာထူးပြောင်းလဲမှုရှိကြောင်း သိရသည်။

ဂျန္နဝါရီလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၀ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ ဗဟို အစည်း အဝေးကို ပန်ဆန်းတွင်ကျင်းပရာ အစည်းအဝေးတက်ရောက်သူ ၂၉၀ နီးပါးရှိကြောင်း သိရသည်။

အစည်းအဝေးတွင် ရှိရင်းစွဲဖြစ်သော ဉက္ကဌကြီးပေါက်ယူချမ်း၊ ဒုဥက္ကဌ ရှောက်မင်လျှံ တို့အပြင် ဒု ဥက္ကဌ ၂ ကျောက်ကော်အန်းနှင့် ဒုဥက္ကဌ ၃ ပေါက်ယိုလျံ ( ဥက္ကဌကြီး ပေါက်ယူချမ်း၏ညီ) တို့ ၂ ဦး အားထပ်မံခန့်ထားခဲ့ကြောင်းသိရသည်။

အဆိုပါအစည်းအဝေးတွင် ဥက္ကဌကြီးပေါက်ယူချမ်း၏တူများဖြစ်သော ပေါက်အိုက်ရုန်း ကို တပ်မဟာ ၃၁၈ မှူး အဖြစ်လည်းကောင်း၊ ပေါက်အိုက်ပန်းအား တပ်မဟာ ၄၆၈ မှူးအဖြစ်လည်းကောင်း အသီးသီး ဆက်လက်ခန့်ထားသည်။

၁၉၈၉ ဗမာပြည်ကွန်မြူနစ်ပါတီမှခွဲထွက်ပြီးနောက်ပိုင်း ၀ တပ်ဖွဲ့ကို ကျောက်ညီလိုင် ကဦးဆောင်လာခဲ့ရာ ကျောက်ညီလိုင်ကျန်းမာရေးချို့ယွင်းချက်ရှိလာသည့်နောက် ဦးပေါက်ယူချမ်းက ဥက္ကဌတာဝန် ပြောင်းယူလိုက်သည်မှာယနေ့တိုင်ဖြစ်ပါသည်။

သက္ကရာဇ် ၂၀၀၀ ခုနှစ် မြောက်ပိုင်းပန်ဆန်းမှ တောင်ပိုင်း မိုင်းတုံဘက်သို့ ၀ လူမျိုး ပြောင်းရွှေ့နေထိုင်ခဲ့ပြီးနောက် ယနေ့အချိန်အထိ တောင်ပိုင်းထိုင်းနယ်စပ်တွင် ၀ တပ်ဖွဲ့အမှတ် ၁၇၁ စစ်ဒေသ လက်အောက်ခံ တပ်မဟာ ၅ ခု (၇၇၂၊ ၇၇၅၊ ၇၇၈၊ ၅၁၈ နှင့် ၂၄၈ ) ရှိပြီး၊ မြောက်ပိုင်း တရုတ်နယ်စပ်တွင်မူ ပန်ဆန်း ဗဟိုဌာနချုပ် အထူး တပ်မဟာ အပါအဝင် တပ်မဟာ ၄ ခု ( ၃၁၈ ၊ ၄၁၈ ၊ ၄၆၈ မိုင်းပေါက် နှင့် တိုးချဲ့တပ်မဟာသစ် ၆၁၈) တို့ရှိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

ထိုင်း တင်းနစ်ကစားသမားဟောင်း သေဆုံးမှုနှင့် ရွှေ့ပြောင်းမြန်မာတစ်ဦး၏ ဘဏ်အကောင့်သို့ သံယဖြစ်ဖွယ် ငွေလွဲထားမှု

0
ထိုင်းနိုင်ငံ၏ လက်ရွေးစင် တင်းနစ်ကစားသမားဟောင်း ဖြစ်သူ အသက် ၆၄ နှစ်အရွယ် မစ္စတာ နတ်သဝီး နေအိမ်အတွင်း သံသယဖြစ်ဖွယ် သေဆုံးခဲ့သည့် ဖြစ်စဉ်တွင် သေဆုံးသူ၏ iPad မှတစ်ဆင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦး၏ ဘဏ်အကောင့်ထဲသို့ ဘတ် ၃၀,၀၀၀ မသင်္ကာဖွယ် လွှဲပြောင်းထားသည်ကို စုံစမ်းတွေ့ရှိရကြောင်း ရဲတပ်ဖွဲ့က...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

ထိုင်းဟိုတယ်တခုတွင် တရုတ်လောင်းကစားနှင့် လိင်ဝန်ဆောင်မှုပေးသည့်အုပ်စုဖမ်းမိ မြန်မာနိုင်ငံသား ၃ ဦးပါဝင် 

0
ထိုင်းနိုင်ငံ၊ နွန်သဘူရီ (Nonthaburi) ခရိုင်ရှိ အဆင့်မြင့် ဟိုတယ်တခုတွင်း တရုတ်ဂိုဏ်းတခုက  ငှားရမ်းပြီး တရားမဝင် လောင်းကစားဝိုင်း၊ မူးယစ်ဆေးပါတီနှင့် လိင်ဖျော်ဖြေရေး ဝန်ဆောင်မှုများ ပေးနေကြောင်း သတင်းရသဖြင့် ထိုင်းနိုင်ငံဗဟိုစုံစမ်းရေးဗျူရို (CIB) က ဝင်ရောက်စီးနင်းခဲ့သည်။​ အဆိုပါ ထဲတွင် တရုတ်နိုင်ငံသားများနှင့် မြန်မာနိုင်ငံသား ၃ ဦး ဖမ်းမိကြောင်း သိရသည်။ နွန်သဘူရီခရိုင်၊ ဘာင်ခေန်...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...