ရာဇသံဆန်ဆန် တစ်ဖက်သတ်ထုတ်ပြန်ချက်တွေ၊ အနှစ်မဲ့ စွပ်စွဲချက်တွေဟာ ဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို တုံ့နှေးတွန့်ဆုတ်စေ -ဟုဆို (RCSS အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်းနှင့်ဆက်သွယ်မေးမြန်းခြင်း အပိုင်း ၂ )

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လက်နက်ကိုင်တပ်ဖွဲ့များအားလုံး ဖေဖော်ဝါရီလ ၁၂ ရက်နေ့မတိုင်ခင် နေရပ်ကိုအပြီးဆုတ်ပြန်ရမယ်လို့ အစိုးရရဲ့တပ်မတော်က ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့က ထုတ်ပြန် လိုက်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သျှမ်းပြည်တပ်မတော် RCSS/SSA အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်း ကအခုလိုစပြောပါတယ်။

Photo Credit to RCSS / RCSS -SSA အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းငင်း

ဖြေ။ ။ အစိုးရ သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုဟာ လိုအပ်ရင် ကိုယ့်အဖွဲ့အစည်းအတွက် သတင်းထုတ်ပြန်တာတွေ လုပ်လေ့ရှိတော့ ဒါက ထူးခြားတဲ့ ဖြစ်စဉ်တော့ မဟုတ်ဘူး။ ဒါပေမယ့် သတင်းထုတ် ပြန်ချက်ထုတ်ရတဲ့ အကြောင်းရင်း၊ အကြောင်းအရာ၊ အချိန်အခါ၊ ကာလ၊ဒေသ၊ ပုဂ္ဂလတွေကသာ အဓိက ကျတာဖြစ်တယ်။ ထုတ်ပြန်ချက်မှာ ပါတဲ့ အကြောင်းအရာ၊ အချက်အလက််တွေကို သက်ဆိုင်တဲ့ တစ်ဖက်က အဖွဲ့အစည်းအတွက် နစ်နာစေတဲ့အချက်တွေပါရင်တော့ ထုတ်ပြန်ချက်က ပြဿနာတွေကို ဖန်တီးပေးရာ ရောက်စေတာပေါ့။

မေး။ ။ ထုတ်ပြန်ချက်ထဲမှာ EAO တွေဟာ တပ်မတော်ရဲ့ ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလ (၂၁)ရက်နေ့ ပစ်ခတ်တိုက်ခို်က်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်မှာ ပါတဲ့ အချက် (၄) (၅) (၆)တွေ ကို လိုက်နာခြင်းမရှိဘဲ ချိုးဖောက်တယ်ဆိုတာကို အချက်အလက် ကိန်းဂဏာန်းတွေနဲ့ သတိပေး ထုတ်ပြန် ထားထာတွေကိုရော ဘယ်လိုမြင်ပါသလဲ ခင်ဗျား။

ဖြေ။ ။ ဒီဇင်ဘာလ (၂၁)ရက်နေ့ ထုတ်ပြန်ချက်ကို ကျနော်တို့အနေနဲ့ ကြိုဆိုကြောင်း ပြောဆိုပြီးဖြစ်တယ်။ အဲဒီထဲမှာ တပ်မတော်က သူ့သဘောထား သူထုတ်ပြန်တာဖြစ်ပါတယ်။ သူ့သဘောထားအတိုင်း သူ့လမ်းညွှန်ချက်အတိုင်း EAO အားလုံးက လိုက်နာရမယ်ဆိုတာကိုတော့ လက်ခံဖို့ ခက်ခဲမယ်၊ ကျနော်တို့ဟာ သီးခြားစီရပ်တည်တဲ့ အဖွဲ့အစည်းဖြစ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးဖော်ဆွေးနွေးဖက်တွေသာ ဖြစ်ပါတယ်။ ဒီဇန်နဝါရီလ (၂၅)ရက်နေ့ရဲ့ သတိပေးထုတ်ပြန်ခြင်းထဲမှာပါတဲ့ အချက်အလက်တွေက ဘယ်လောက်အတိုင်းအတာအထိ မှန်ကန်မှုရှိတယ်၊ ခိုင်လုံမှုရှိတယ်၊ တိကျမှု ရှိတယ်ဆိုတာ ကျနော်တို့ မသိသေးပါဘူး။ သက်ဆိုင်တဲ့ ကိုယ့်အဖွဲ့အစည်းရဲ့ အဆင့်ဆင့်သော တာဝန်ရှိ သူတွေကို စိစစ်နေပါတယ်။ အခုထက်ထိတော့ ကျနော်တို့အဖွဲ့အစည်းဟာ သူတို့ တစ်ဖက်သတ်စွပ်စွဲသလို လုံးဝမဟုတ်ကြောင်း အဆင့်ဆင့်သော စိစစ်ချက်တွေအရ ပြောနိုင်ပါတယ်။

မေး။ ။ RCSS အပါအဝင် တခြားEAO တွေကို သတ်မှတ်ပေးထားတဲ့ နယ်မြေအတိုင်း ၂၀၁၉ခုနှစ်၊ ဖေဖေါ်ဝါရီ လ (၁၂)ရက်နေ့ နောက်ဆုံးထားပြီး ဆုတ်ခွာပေးဖို့ တပ်မတော်ရဲ့ ပြောဆိုမှုအပေါ်ကိုရော ဘယ်လို သဘော ထားရှိပါသလဲ။

ဖြေ။ ။ ဒါကိုတော့ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ လုပ်ဆောင်ပေးဖို့ အဆင်မပြေပါဘူး။ တပ်မတော် မကြာခဏညွှန်းဆို ပြောနေတဲ့ ကျိုင်းတုံ ပြည်ထောင်စုအဆင့် အပစ်ရပ်သဘောတူညီချက်တွေဟာ နှစ်ဖက်ကြားမှာ မတူညီ ကွဲပြားခြားနားတဲ့ အမြင်တွေ အခုထိ ရှိနေတုန်းပါ၊ ဖြေရှင်းညှိနှိုင်းလို့ မရသေးပါဘူး၊ ကျနော်တို့ဖက်က မြင်တာက အဲဒီသဘောတူညီချက်မှာ ပါတဲ့ နယ်မြေသတ်မှတ်မှုဟာ ကျနော်တို့ တပ်ဖွဲ့ဝင် လေးငါးရာဦးစာ ဗဟိုဌာနချုပ်အတွက်သာဖြစ်တယ်။ မိမိတို့ တပ်ဖွဲ့ဝင်များအားလုံးအတွက် မဟုတ်ဘူးလို့ အဲဒီလို နားလည်တယ်။ တပ်မတော်ဖက်ကတော့ အဲဒီလို မမြင်ဘူး၊ အဲဒီနယ်မြေတွေဟာ RCSS တပ်ဖွဲ့ဝင်များအားလုံးအတွက်ဖြစ်တယ်ဆိုပြီး စွဲကို်င်ထားတော့ ဒီနယ်မြေသတ်မှတ်မှုပြဿနာဟာ အခုချိန်ထိ ရှင်းလို့ မရသေးဘူး။ ဌာနချုပ်အတွက်နယ်မြေနဲ့ တပ်ဖွဲ့ဝင်အားလုံးအတွက်နယ်မြေဆိုပြီး မဖြေရှင်းနိုင်တော့ နယ်မြေကျူးကျော်တယ်ဆိုတာတွေ တစ်ဖက်က ခဏခဏ ပြောဆိုနေတာဖြစ်ပါတယ်။ ဒီကိစ္စ ဖြေရှင်းဖို့ တပ်မတော်နဲ့ ကျနော်တို့အဖွဲ့အစည်း သီးသန့် တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပါတယ်။

မေး။ ။ တပ်မတော်က ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးခြင်းများကို အမြန်ဆုံးပြုလုပ်ဖို့ တိုက်တွန်း တဲ့ အပေါ်မှာရော ထင်မြင်ချက် ပေးပါဦး ခင်ဗျား။

ဖြေ။ ။ တပ်မတော်ရဲ့ အပစ်ရပ်နဲ့ ငြိမ်းချမ်းရေး ထုတ်ပြန်ချက် ထုတ်ပြန်ပြီးနောက်ပိုင်း EAOတွေ အနေနဲ့ ငြိမ်းချမ်းရေးကော်မရှင် (PC)နဲ့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတွေမှာ NRPC၊ တပ်မတော် ညှိနှိုင်းရေးအဖွဲ့တို့နဲ့ ဆွေးနွေးညှိနှိုင်းနိုင်ဖို့အတွက် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွေကို တတ်နိုင်သလောက် ပြုလုပ်ခဲ့ပါတယ်။ ကျနော်တို့ RCSS ဟာ ဇန်နဝါရီလ (၁၄) ရက်နေ့မှာ PC နဲ့ ထပ်မံတွေ့ဆုံပြီး NRPC၊ တပ်မတော်တို့နဲ့ တွေ့ဆုံညှိနှိုင်းရေးအတွက် ရလဒ်ကောင်းတွေ ဆောင်ကျဉ်းပေးနိုင်ခဲ့လို့ မကြာမီအချိန်တိုအတွင်းမှာ တွေ့ဆုံ ဆွေးနွေးဖို့ လမ်းပွင့်သွားခဲ့တယ်။ ကျနော်တို့ဖက်ကလည်း ဇန်နဝါရီလ (၂၂)ရက်နေ့မှာ တွေ့ဆုံညှိနှိုင်းရေး အစည်းအဝေးအတွက် အစိုးရဆီကို တရားဝင်စာပေးပို့ ထားပြီးဖြစ်တယ်။ ဒါပေမယ့် ဇန်နဝါရီ (၂၅)ရက်မှာ တပ်မတော်က ပစ်ခတ်် တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်အပေါ် သတိပေးထုတ်ပြန်ခြင်းကို တစ်ဖက်သတ် ပြုလုပ်လာတဲ့အတွက် မကြာမီ နှစ်ဖက်တွေ့ဆုံဆွေးနွေးခြင်း ပြုလုပ်ဖို့ကိစ္စကို ကျနော်တို့ဖက်က ပြန်လည်သုံးသပ်ဖို့အကြောင်းဖန်လာပါ တယ်။ ဒါကြောင့် တွေ့ဆုံဆွေးနွေးခြင်းကို နဂိုစီစဉ်ထားတဲ့အတိုင်း ဖြစ်မဖြစ် ဆိုတာကိုတော့ ခဏစောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ တခြားညီနောင်EAOတွေရဲ့ သဘောထားကိုလည်း ကျနော်တို့ နားစွင့် နေပါတယ်။

မေး။ ။ သတိပေးထုတ်ပြန်ခြင်းနဲ့ ပတ်သက်လို့ အနှစ်ချုပ် သုံးသပ်ပေးပါဦးခင်ဗျား။

ဖြေ။ ။ ငြိမ်းချမ်းရေးကို ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေက တခြားလူတွေထက် ပိုပြီး လိုချင်ပါတယ်။ နိုင်ငံရေးအရ မဖြေရှင်းနိုင်ခဲ့လို့ နှစ်ပေါင်း (၇၀)ခန့် ပြည်တွင်းစစ်မီး တောက်လောက်ခဲ့ တာကို အချိန်တိုတိုအတွင်း နေ့ချင်းညချင်း ကုစားနိုင်ဖို့ ဖြေရှင်းနို်င်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အချိိန်ယူရမယ်၊ စိတ်ရှည်ရမယ်။ ယုံကြည်မှု ပိုမိုတည်ဆောက်ဖို့လိုမယ်၊ ရိုးသားမှုရှိဖို့လိုမယ်၊ အပြန်အလှန်နားလည်မှုရှိရမယ်၊ အပြန်အလှန် အသိအမှတ်ပြုရမယ်။ ကိုယ်ချင်းစာနာ စိတ်ထားရှိရမယ်။ အာလုံးအကျိုးစီးပွားကို ဦးထိပ်ပန်ဆင် နိုင်ရမယ်။ အာလုံးအတွက် Win Win Solution ဖြစ်ဖို့ဆန္ဒပြင်းပြရမယ်။ အဲဒီလို သဘောထားကြီးကြီးနဲ့ လုပ် ဆောင်နို်င်မှသာ ငြိမ်းချမ်းရေးအသီးအပွင့်ကို ခံစားနိုင်ပြီး ကျနော်တို့ အားလုံး လိုလားတောင့်တတဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်ပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တခါတရံမှာ ထိလွယ်ရှလွယ်ဖြစ်တတ်လို့ အဲဒီအချိန်မျိုးမှာ ရာဇသံဆန်ဆန် တစ်ဖက်သတ်ထုတ်ပြန်ချက်တွေ၊ အနှစ်မဲ့ စွပ်စွဲချက်တွေပြုလုပ်ရင် ဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို တုံ့နှေးတွန့်ဆုတ်စေတတ်ပါတယ်၊ အဲဒီလို လုပ်ရပ်တွေကို ဆွေနွေးဖော် ဆွေးနွေးဖက်အကြားမှာ မပြုလုပ်မိဖို့ ဂရုပြုသင့်ပါတယ်။ အလေးထားသင့်ပါတယ်။ သတိထားသင့်တယ်။ အဲဒီလိုမဟုတ်ရင် ငြိမ်းချမ်းရေးရေးဟာ နီးလျက်နဲ့ ဝေးနေဦးမှာဖြစ်ပြီး သဲထဲရေသွန်သလို အဖြစ်မျိုး ဖြစ်သွားမှာ စိုးရိမ်မိတယ်။

ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...