ဌာနေပြည်သူ့စစ်များအခွန်ကောက်ခံမှုစုပေါင်းဖြေရှင်းနိုင်ရန် လားရှိုးခရိုင်လွှတ်တော်အမတ်နှင့် လူထုတွေ့ဆုံဆွေးနွေး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် ဌာနေပြည်သူ့စစ်လှုပ်ရှားရာဒေသအတွင်း ရင်ဆိုင်နေရသည့် အခက်အခဲများကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်စိုင်းဝမ်းလျန်းခမ်းနှင့် တွေ့ဆုံစဉ် ဒေသခံလူထုက တင်ပြခဲ့ကြောင်းသိရသည်။

ဂျန္နဝါရီလ ၁၃ ရက်နေ့ မွန်းတည့် ချိန်မှ ညနေ ၃ နာရီအထိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းနှင့်အဖွဲ့က လားရှိုးမြို့နယ် နားနန်းအုပ်စု ၊ မိန်းပိုင်အုပ်စုနှင့် တွန်းနေအုပ်စုမှဒေသခံများအား တွန်းနေအုပ်စုရှိ ဘုန်းကြီးကျောင်းတွင် ဒေသခံလူထုနှင့်တွေ့ဆုံစဉ် လူထုမှ အခက်အခဲကြားရုန်းကန်နေရသည့်ဘ၀ကိုရှင်းပြခဲ့ခြင်းဖြစ်ကြောင်း ဆိုပါသည်။

“ လူထုကတင်ပြလာတာတွေကတော့ မန်ပန်ဌာနေပြည်သူ့စစ်တွေက ဒေသခံလူထုပိုင်ဆိုင်မှုကို နှစ်စဉ်ကြေးအဖြစ် ထော်လာဂျီတွေဆိုရင် တနှစ်စာ ကျပ် ၂ သောင်းကနေ ၅ သောင်းအထိ၊ ဆန်စက်၊ ဆီစက်တွေ ၊ ရေစက်မီးစက်တွေဆိုရင် ၅ သောင်းကနေ တသိန်းအထိ အဲလိုအစားစား ခွဲပြီးတော့ ကောက်ခံတယ်။ ဒါ့အပြင် ကောက်ပဲသီးနှံတွေထွက်လာချိန်မှာလည်း မြို့ဈေးတွေတခြားဒေသတွေ ကိုတင်သွားရောင်းရင်လည်း ဂိတ်ဖြတ်သန်းတဲ့အခါမှာ ထော်လာဂျီ အကြီးအသေး ကားအကြီး အသေးအပေါ်မူတည်ပြီးတော့ ကျပ်ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိပေး ဆောင်ရတယ်လို့တင်ပြလာတယ်။ ဒါ့အပြင် လစဉ်လတိုင်း ရွာသား ၁၀ ယောက်လောက်က တလ ၂ ကြိမ် သူတို့ရဲ့လွယ်ပန်လွန်းတပ်စခန်းဆီကို ဆန် တယောက် ၄ ပြည် ထမ်းပို့ပေးရတယ်။ အဲတာတွေဟာလည်း လူထုရဲ့စားဝတ်နေရေးကိုထိခိုက်စေတယ် -အဲတာတွေကို ကူညီဖြေရှင်းပေးဖို့ လူထုတောင်းဆိုလာတယ်” ဟု စိုင်းဝမ်းလျန်းခမ်းကပြောဆိုသည်။

ထိုသို့သောလူထုအပေါ်ခြိမ်းခြောက် လုပ်အားခိုင်းစေခြင်းမျိုးမှာ ကနေ့ခေတ်တွင်မရှိသင့်တော့ကြောင်း ၊ လက်အောက်ငယ်သားများ ထိုသို့ကျူးလွန်နေမှုအပေါ် ပြည်သူ့စစ်တပ်ဖွဲ့အထက်အကြီးအကဲများက စီစစ်ပေးသင့်ကြောင်း ၎င်းကပြောဆိုသည်။

“အခုလူထုကတင်ပြတောင်းဆိုလာတဲ့အခက်အခဲတွေ ဖြေရှင်းနိုင်အောင် ကျနော်တို့ကြိုးစားပါမယ်။ နောက်ပြီး လမ်းပန်းဆက်သွယ်ရေး အခက်အခဲဖြစ်နေတာတွေ ၊ စာသင်ကျောင်းတွေ ။ အမြန်ဆုံးလာပြီးဆောက်လုပ်ပေးဖို့လည်း လွှတ်တော်မှာ ပြန်သွားတင်ပြပေးမယ်။” – ဟု စိုင်းဝမ်းလျန်းခမ်းကပြောဆိုသည်။

အမျိုးသားလွှတ်တော်အစည်းအဝေးကို ဂျန္နဝါရီလ ၁၅ ရက်နေ့တွင်ပြန်လည်စတင်ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါဟော်နန်းကို ယဉ်ကျေးမှုအထိမ်းအမှတ်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့ရှိ သမိုင်းဝင် သီပေါဟော်နန်းကို အများပြည်သူ ဝင်ရောက်လေ့လာနိုင်သည့် ယဉ်ကျေးမှုအမွေအနှစ် အထိမ်းအမှတ်အဖြစ် ဆက်လက်ထားရှိရန် ဆုံးဖြတ်ထားကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ၂၄ ရက် နေ့လယ်ပိုင်းတွင် သီပေါဟော် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဗုဒ္ဓကောလိပ် တည်ဆောက်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို သီပေါဟော်နန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ သီပေါမြို့ပေါ်ရှိ သံဃာတော်များနှင့် ဖိတ်ကြားထားသူများ...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

ချင်းမိုင်တွင် ရုံးအကူအဖြစ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နယ်အတွင်း ခွင့်ပြုထားသည့် အလုပ်လုပ်ခွင့် (Work Permit) အမျိုးအစားနှင့် ကိုက်ညီမှုမရှိဘဲ ရုံးအကူဝန်ထမ်းအဖြစ် ကျော်လွန် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေးရုံး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ချင်းမိုင်ခရိုင်၊ ပါတန် (Pa...