တောင်ကြီးတွင်ပြုလုပ်သည့် သျှမ်းပြည်တွင်းရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာဆွေးနွေးပွဲ သျှမ်းပြည်နယ်မြစ်ချောင်းများအတွက်လှုပ်ရှားမှုကွန်ယက်အဖွဲ့ ကန့်ကွက်

တောင်ကြီးတွင်ကျင်းပသော သျှမ်းပြည်တွင်း ရေအားလျှပ်စစ် စီမံကိန်းဆိုင်ရာ ဆွေးနွေးသည့်ကိစ္စကို သျှမ်းပြည်နယ်ရှိ မြစ်ချောင်းများအတွက် လှုပ်ရှားမှုကွန်ယက် ASSR က ပြင်းထန်စွာကန့်ကွက် လိုက်သည်။

ဂျန္နဝါရီလ ၁၅ ရက်နေ့က သျှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC မှ ရေလှောင်တမံစီမံကိန်းနှင့်ပတ်သက်ပြီး ပတ်ဝန်းကျင်ကွပ်ကဲရေး SEA မှ စစ်တမ်းများကောက်ယူထားမှုများအား ဆွေနွေးမှုအပေါ် ASSR မှ ဆန့်ကျင်ကန့်ကွက်သည့် ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

“နိုင်ငံတော်အစိုးရအနေနဲ့ သဘာ၀ သယံဇာတပိုင်ရှင်ဖြစ်တဲ့ ကျနော်တို့ သျှမ်းပြည်လူထုတွေ တောင်ကြီးမှာ Pre ND အတွက်လုပ်မယ်ဆိုတဲ့ဟာကိုဟန့်တားပြီး လူထုကိုဘေးဒဏ်ဖြစ်စေမယ့် ရေကာတာများတည်ဆောက်ဖို့အကဲဖြတ်ခြင်းဆိုင်ရာအစည်းအဝေးပြုလုပ်ဖို့ခွင့်ပြုခြင်းဟာဖြင့် သမရိုးကျဖြစ်စဉ်မဟုတ်ဘူး လို့ပြောချင်ပါတယ်။”- ဟုလည်း သျှမ်းသဘာ၀အဖွဲ့က စိုင်းခေးဆိုင်ကပြောသည်။

SEA သည် ဒေသခံပြည်သူလူထုဆန္ဒကို ဆန့်ကျင်ပြီးကြီးမားသော ရေအားလျှပ်စစ်စီမံကိန်းများကို ဆက်လက်လုပ်ဆောင်ဖို့ တွန်းအားပေးနေသည့်အတွက် နေပြည်တော်အစိုးရအတွက်သာ အကျိုး ကျေးဇူးများကိုခံစားရမည့်လှည့်ကွက်ဖြစ်နေကြောင်း ကြေငြာချက်တွင်ဖော်ပြထားသည်။

၎င်းနှင့်ပတ်သက်ပြီး ASSR ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှန်က – “လက်ရှိအချိန်မှာ ကျနော်တို့ သျှမ်းပြည်ကြီးဟာ ငြိမ်းချမ်းမှုမရှိသေးဘူး။ ဒေသခံလူထုတွေ စစ်ဘေးရှောင်နေရတုန်းဘဲ။ ဒီဟာကို အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း IFC က ဂရုအစိုက် အမှုမထားဘဲ SEA လုပ်နေတာဟာ လူထုဒုက္ခခံစားနေရတာကို အခွင့်ကောင်းယူပြီးအရင်းရှင်လူတစုနဲ့ အာဏာရှင်တစု အကျိုးစီးပွား အတွက် အားပေးနေသလိုဖြစ်နေတယ်။ဒါကြောင့်ကျနော်တို့ ASSR က ဆန့်ကျင် ရှုံ့ချရတာဖြစ်ပါ တယ်” – ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်နေ့ကလည်း သျှမ်းပြည်အနှံ့မှ တောင်သူလယ်သမားများ ၁၀၀၀ ကျော် သျှမ်းပြည်မြောက်ပိုင်းတန့်ယန်းမြို့တွင် စုဝေးကာ သံလွင်မြစ်ပေါ်နှင့် တန့်ယန်းမြို့နောင်ဖှာ့ တွင် ပြုလုပ်မည့် ရေအားလျှပ်စစ်စီမံကိန်းအား ဆန့်ကျင်ကန့်ကွက်ခဲ့ပါသည်။

အဆိုပါရေအားလျှပ်စစ်မှရရှိသောလျှပ်စစ်ဓါတ်အားများကို တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်ရာ ဒေသခံများ ခံစားခွင့်ရှိမည်မဟုတ်သည့်အပြင် ဆိုးကျိုးများကိုမူ ဒေသခံလယ်သမားများကသာ ခံစားရမည်ဖြစ်သဖြင့် ဆန့်ကျင်ကန့်ကွက်ရခြင်းဖြစ်ကြောင်း လယ်သမားများတွေ့ဆုံရေးအတွက် စီစဉ်ဆောင်ရွက်ပေးသည့်တန့်ယန်းလူငယ်ကပြောသည်။

တဖက်တွင်လည်း ထိုင်း-သျှမ်းနယ်စပ်နေ သျှမ်းပြည်သား ဒုက္ခသည်စခန်းများအား ရိက္ခာဖြတ်တောက် လိုက်ပြီး သျှမ်းပြည်တွင်းကျန်ရှိနေသော လူထုများထပ်မံထွက်ပြေး တိမ်ရှောင်ရမည့်အရေး ဆည် တည်ဆောက်မှု ရေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းတည်ဆောက် မှုအတွက်စစ်တမ်းကောက် ယူမှုပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးကော်ပိုရေးရှင်း IFC ၏ အကဲဖြတ်ခြင်းဆိုင်ရာ လုပ်ငန်းများတွင် ကူညီထောက်ပံ့ပေးသော ဩစတေးလျားအစိုးရ၏လုပ်ရပ်အပေါ် လည်းများစွာ စိတ်မကောင်းဖြစ်ရကြောင်း ASSR ကပြောဆိုသည်။

ထိုင်း-သျှမ်း နယ်စပ်ရောက် ဒုက္ခသည်များမှာ ၁၉၉၆-၉၇ ခုနှစ်က သျှမ်းပြည်အလယ်ပိုင်း တောင်ပိုင်းတို့တွင် ဒေသခံလူထုအား ထိုစဉ်စစ်အစိုးရက အဓမ္မနေရာပြောင်းရွှေ့ခိုင်းခြင်းကြောင်း ထိုင်းနယ်စပ်သို့ထွက်ပြေးတိမ်းရှောင်လာသည့်လူထုဖြစ်ပါသည်။ ယနေ့တိုင် ၎င်းတို့၏ ရပ်ရွာဒေသဘက်တွင်စစ်ရေးတင်းမာမှုများ တိုက်ပွဲများ ဆက်လက်ရှိနေသေးသဖြင့် နေရပ်မပြန်နိုင်ကြသေးခြင်းဖြစ်ပါသည်။ အဆိုပါ စစ်ဘေးရှောင်းစခန်းမှ လူထုအား ထောက်ပံ့နေသည့် ရိက္ခာများကို ဩစတေးလျအစိုးရက Aus Aid က ပြီးခဲ့သည့်နှစ်မှစ၍ ကူညီမှုဖြတ်တောက် ခဲ့သဖြင့် နေရပ်မပြန်နိုင်သေးသည့် စစ်ရှောင်လူထု ၆၀၀၀ မှာ နေထိုင်စားသောက်ရေး အခက်အခဲများကြုံတွေ့နေရပါသည်။ ဒီ့အတွက် ဆည်များထပ်မံ တည်ဆောက်မည်ဆိုပါက နယ်စပ်သို့ ဒုက္ခသည်များ ထပ်မံတိုးများလာမှာမလွှဲဘူးဟု ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မေ့လာတာ အသက်ကြီးလာလို့ပဲလား

0
အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။ မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော...