ပြည်ထောင်စုအဆင့်အပစ်ရပ်ချိန်မှ ကနေ့အထိ အစိုးရတပ်မတော် မှ တိုက်ပွဲပေါင်း ၅၀၀ ကျော် ဆင်နွဲ ဟု သျှမ်းပြည်တပ်မတော် SSPP/SSA ထုတ်ပြန်

တောင်ကြီးမြို့တွင် နေပြည်တော်အစိုးရ နှင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး တည်ဆောက် ချိန်မှ၍ ယနေ့အထိ ၅ နှစ်တာအတွင်း အစိုးရတပ်မတော်မှ သျှမ်းပြည်တပ်မတော် SSPP/SSA အား အကြိမ် ပေါင်း ၅၀၀ ကျော် ထိုးစစ်ဆင်တိုက်ခိုက်သည် ဗဟိုကော်မတီအစည်းအဝေး အပြီး ထုတ်ပြန်ချက်တွင် ပါရှိသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၏ ဗဟိုကော်မတီ မျက်နှာစုံညီအစည်းဝေး၊ ၂၀၁၇ နှစ်ချုပ် အစည်းအဝေးအား ၂၀၁၈ ဂျန္နဝါရီ ၆ ရက်မှ ၁၃ ရက်နေ့အထိ ကျင်းပခဲ့သည်။ ထိုအစည်းအဝေးပြီး ဂျန္နဝါရီ ၁၄ ရက်နေ့ အတွက် အချက် ၆ ချက်ပါ ကြေငြာချက်တစောင်ထုတ်ပြန်ရာတွင် ငြိမ်းချမ်း ရေးတည်ဆောက်စဉ် ၅ နှစ်သာ ကာလ အတွင်း တိုက်ပွဲပေါင်း အကြိမ် ၅၀၀ ထိုးစစ်ဆင်တိုက် ခိုက်ခံ ရကြောင်း၊ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အဖွဲ့ဝင် ၄၀ ကျော်အား လည်း ဖမ်းဆီးထိန်းသိမ်း ခံထားရကြောင်း ပါရှိသည်။

“ကျနော်တို့က ငြိမ်းချမ်းတဲ့နည်းနဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းချင်လို့ အပစ်ရပ်တာ။ ဆွေးနွေးညှိနှိုင်း တာ လုပ်နေတဲ့ကြားထဲ ကျနော်တို့ကို ထိုးစစ်ဆင်တာ ၂၀၁၂ ခု က နေ ခုထက်ထိ တိုက်ပွဲပေါင်း အကြိမ် ၅၀၀ ကျော်တယ်။ ကျနော်တို့လူကိုလဲ ဖမ်းဆီးတယ်။ မူစယ်၊ ကွတ်ခိုင်၊ လားရှိုး စတဲ့ အကျဉ်းထောင်တွေ၊ အချုပ်ခန်းတွေမှာ ချုပ်နှောင်ခံထားရတာ အယောက် ၄၀ ကျော်တယ်”- ဟု ဗိုလ်မှူးဘုန်းဟန်က သျှမ်းသံတော်ဆင့်သို့ပြောသည်။

ဗိုလ်ချုပ်ကြီးပန်ဖှ ဦးဆောင်သည့် သျှမ်းပြည်တိုးတက်ရေးပါတီသည် လက်ရှိတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီမှ နှုတ်ထွက်ပြီး ဝ တပ်ဖွဲ့ UWSA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင် ၇ ဖွဲ့တွင် ပါဝင်သည်။

လက်ရှိအနေအထားတွင်လည်း မိုင်းရှူးမြို့နယ်၊ တန့်ယန်းမြို့နယ်၊ မိုင်းရယ်မြို့နယ်၊ သီပေါမြို့ နှင့် ကျေးသီးမြို့နယ်အတွင်းတွင် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားပြီး မိုင်းရှူး ပတ္တမြားတောင် ပေါ်တွင် စစ်ရေးတင်းမာဆဲဖြစ်သည်။

အစိုးရတပ်မတော်သည် N CA လက်မှတ်ရေးထိုးရန် ငြင်းဆန်သည့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်များအား ထိုးစစ်ဆင်သကဲ့သို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့်လည်း တိုက်ပွဲများမကြာခဏဖြစ်ပွားခဲ့သည်။ ဖမ်းဆီးထိန်းသိမ်းထားသည့် RCSS/SSA တပ်ဖွဲ့ဝင်များလည်း ပြန်လွှတ်ပေးခြင်းမရှိပေ။

Photo : SSPP/SSA

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဒီဂျစ်တယ်ထောင်ချောက်နှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ

0
မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...

ထိုင်းတွင် တားမြစ်အလုပ် လုပ်ကိုင်သည့် ရွှေ့ပြောင်းလုပ်သားများကို ပြည်နှင်ဒဏ်အထိ တင်းကြပ်စွာ အရေးယူမည်

0
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ ရွှေ့ပြောင်းလုပ်သားများကို ငှားရမ်းခြင်း သို့မဟုတ် ဥပဒေအရ ခွင့်ပြုထားသည့် အလုပ်အကိုင်နယ်ပယ် ပြင်ပတွင် ခိုင်းစေခြင်းများ မပြုလုပ်ကြရန် ထိုင်းအစိုးရက အလုပ်ရှင်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အများပြည်သူသို့ သတိပေးကြောင်း ထိုင်းသတင်းဌာနများတွင်ဖော်ပြသည်။ အစိုးရ ဒုတိယပြောရေးဆိုခွင့်ရှိသူ မနက်ဒါရက်စ် (Patdarasm Thongsaluaykorn)...

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...