၀န်ကြီးချုပ်ကို ဒေသခံလူထုနှင့် မကြာခနတွေ့ဆုံစေလို

သို့- သျှမ်းသံတော်ဆင့်

စက်တင်ဘာလ ၂၀ ရက်နဲ့ ၂၁ ရက်နေ့မှာ ရှမ်းပြည်နယ်ဝန်ကြီးချုပ်က ကျမတို့ လင်းခေးခရိုင်ဘက် ကိုလာပြီး ဒေသခံလူထုနဲ့တွေ့ဆုံမယ်လို့ကြားကတည်းက ကျမတို့ အရမ်းဝမ်းသာခဲ့ကြတယ်။ ဘာလို့လဲဆိုတော့ ဒီလူထုအစိုးရကို ကျမတို့ ပြောဆိုတင်ပြချင်တာ ကို အကုန်တင်ပြမယ်။ အစိုးရကလည်း ကျမတို့လိုအပ်ချက်ကို အပြည့်အဝ ဆောင်ရွက်ပေးနိုင်မယ်လို့ယုံကြည်တယ်လေ။ ဒါပေမယ့်လက်တွေ့မှာကျတော့ အစိုးရက ကျမတို့ကို အထဲန်းရှင်း အာရုံစူးစိုက်မှု သိပ်ပေးမသွားခဲ့ပါဘူး။

၀န်ကြီးချုပ်ကဘဲ ခရီးစဉ်ကြောင့်ပင်ပမ်းတာလား၊ သို့မဟုတ် ဘာအခက်အခဲတခုခုရှိနေသလဲ ..စသဖြင့် ၀န်ကြီးရဲ့ မျက်နှာအနေအထားကိုကြည့်ရင် တွေးစရာဖြစ်လာစေပါတယ်။ အချိန်သိပ်မရဘူးလို့ဘဲဝန်ကြီးချုပ်က ပြောသွားပါတယ်။

တကယ်တော့ဝန်ကြီးဟာ စက်တင်ဘာ ၂၀ ရက်နေ့မှာ လင်းခေးကိုဖြတ်ပြီး မိုင်းပန်ကိုအရင်သွားပါတယ် ။ မိုင်းပန်လူထုနဲ့တွေ့ဆုံရာမှာ ၀န်ကြီးချုပ်ဟာ တက်ကြွရွှင်လန်းမှုရှိတယ်၊ အထူးစိတ်ပါ၀င်စားမှု ရှိတယ်။ အထူးဘဲ အထဲန်းရှင်းပေးတာကို မိုင်းပန်သားတွေတင်လာတဲ့ ဓါတ်ပုံတွေမှာကြည့်ရင်တောင် တွေ့ရပါတယ်။ ပြီးတော့ မိုင်းပန်စာပေယဉ်ကျေးမှုအဖွဲ့ကို ငွေကျပ် ၁၀ သိန်း ကူညီထောက်ပ့ံတယ်လို့လည်းတွေ့ရပါတယ် ။ ကျမတို့အရမ်းလည်းဝမ်းသာပြီး သာဓုခေါ်မိပါတယ်။

တကယ်တမ်း ၂၁ ရက်နေ့ လင်းခေးလူထုနဲ့တွေ့ဆုံရာမှာတော့ ၀န်ကြီးချုပ်ဟာ ပင်ပမ်နွမ်းနယ်နေတာ ကိုတွေ့ရပြီး၊ ဒေသခံလူထုကိုယ်စားလှယ် ၃ ယောက်တင်ပြချက်တွေဖြစ်တဲ့ လမ်းတံတား၊ လျှပ်စစ်မီး၊ ကျောင်းဆောင်သစ်၊ ကုတင် ၁၀၀ ဆန့်ဆေးရုံ၊ ဆေးသိုလှောင်ရုံနဲ့ ၀န်ထမ်းအိမ်ယာ၊ မြို့နယ်ရှမ်းစာပေ ယဉ်ကျေးမှုအသင်းအဆောက်အဦးဆောက်လုပ်ဖို့ စတဲ့ လိုအပ်ချက်တွေကိုလည်း ၀န်ကြီး ချုပ်က ပြည်သူတွေကိုတတ်နိုင်သလောက် ဖြည့်ဆည်းပေးပါ့မယ်၊ ကြိုးစားပေးပါ့မယ် – လို့ဘဲပြော သွားပါ တယ်။

ဒေသအတွင်း ကွင်းဆင်းစစ်ဆေး ကြည့်ရှုပေးတာမရှိဘူး။ မြန်မာနိုင်ငံမှာ အကြီးမားဆုံးရေတံခွန် နဲ့ လျှပ်စစ်ထုတ်ပေးနေတဲ့စီမံကိန်း လင်းခေးမှာရှိတယ်။ အဲဒီဒေသမှာရှိနေတဲ့ကျေးရွာတွေ လျှပ်စစ်မီးမရသေးဘူး။ အဲတာတွေကို ၀န်ကြီးက သွားကြည့်ချိန်မရလိုက်ဘူး။ လူထု အသင်းအဖွဲ့တွေနဲ့လဲ တွေ့ဆုံသင့်တယ်လို့ မြင်မိတယ်။

အဲတာနဲ့ပတ်သက်ပြီး လူထုအများစုကတော့ပြောနေကြပါတယ်။ ၀န်ကြီးက အဖွင့်နဲ့အပိတ်မိန့်ခွန်း ပြောဖို့လောက်ဘဲလာတာလားပေါ့။

ဒါပေမယ့် ၀န်ကြီးချုပ်အနေနဲ့ လူထုကို ဘာတွေ လိုအပ်ချက်တွေအထူးလိုအပ်နေသလဲ။ ကျနော် ဘယ်လိုကူညီရမလဲလို့မေးရင်၊ ပေးရင် ပိုကောင်းတာပေါ့ မဟုတ်ဘူးလား။ အခုက ကျမတို့အမြင်အရတော့ ဘာမှ ပေးမသွားဘူး။ လာလည်ရုံသက်သက်ပါဘဲ။

အကောင်းဘက်ကတွေးရင်တော့ ၀န်ကြီးချုပ်က ကျမတို့ဆီလာတာတော့ အရမ်းကောင်းပါတယ်။ ၁ အချက်က ၀န်ကြီးချုပ်လာမယ်ဆိုတော့ မြို့တွင်း သန့်ရှင်းရေးလုပ်ကြတော့ သန့်ရှင်းသာယာတာပေါ့။ ၂ အချက်က လူမှုအသင်းအဖွဲ့တွေ လွှတ်တော်အမတ်တွေ ရပ်ရွာလူကြီးတွေ တွေ့ဆုံဆွေးနွေးလက်တွဲဆောင်ရွက်ကြရတော့ နီးစပ်မှုရှိတဲ့အတွက် ကောင်းတာပေါ့။ ၃ အချက်က ၀န်ကြီးချုပ်က ကျမတို့ဆီလာတယ်ဆိုတော့ လူထုနဲ့ ၀န်ကြီးချုပ်က ရင်းနှီးမှုရရှိတယ်။ လူထုပြောချင်တာတွေ ကိုယ်တိုင်ပြောရတော့ ကျေနပ်မှုရှိတာပေါ့။ နောက်ပြီး မဟာဝိဟာရ ပရိယတ္တိ စာသင်တိုက်ထဲမှာ ကျောင်းဆောင်သစ်တိုးချဲ့တည်ဆောက်ဖို့အတွက် ပန္နက်ရိုက်ပေးတယ်။ အထက ကျောင်းဝင်းထဲမှာ ကျောင်းဆောင်သစ်ထပ်ဆောက်ဖို့ ပန္နက်ရိုက်ပေးတယ်။ အဲတာတွေတော့ကောင်းပါတယ်။

ဒါကြောင့် ၀န်ကြီးချုပ်ကို ကျမတို့ဆီ ခနခန လာလည်ပေးပါလို့ တောင်းချင်တယ်။ အဓိကကတော့ ကျမတို့လူထုနဲ့ ၀န်ကြီးချုပ်နဲ့ ရင်းနှီးမှုရအောင်ပါ။ ရင်းနှီးမှုရရင် လူထုဘာတွေတကယ်လိုအပ်နေသလဲဆိုတာ ၀န်ကြီးချုပ်တို့ အစိုးရတွေ သိလာပါလိမ့်မယ်။

နောက်နှစ်တွေမှာ လင်းခေးထပ်လာလည်မယ်ဆိုရင် ကျမတို့လူထုကို ဒီထက်မက ပိုမိုတဲ့ကျေနပ်မှုတွေ ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်လျှက်…..

ယိင်းအွန်ဟတ် ဆောဝ်လန်းခေး
စက်တင်ဘာလ ၂၂ ရက် ၂၀၁၇

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ငြိမ်းချမ်းရေးဖိတ်ခေါ်နေချိန် MNDAA နှင့် TNLA နယ်မြေအပါအဝင် မြို့နယ် ၅၀ ကျော်ကို စစ်ကောင်စီ အရေးပေါ်အခြေအနေကြေညာ

0
စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးရန် ဖိတ်ခေါ်နေသည့်အချိန်မှာပင် အာဏာသိမ်းစစ်ခေါင်းဆောင်က TNLA နှင့် MNDAA တို့ ထိန်းချုပ်ထားသည့် နယ်မြေများအပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၅၀ ကျော်ကို ယမန်နေ့ (ဧပြီလ ၂၄ ရက်) တွင် အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။ ထိုသို့...

ထိုင်း-မြန်မာနယ်စပ် လူကုန်ကူးခံရမှု မြင့်တက်၊ မသွားကြရန် တရုတ်သံရုံး အထူးသတိပေး

0
ထိုင်းနိုင်ငံရောက် တရုတ်နိုင်ငံသားအများအပြား လစာကောင်းသော အလုပ်အကိုင်များနှင့် လှည့်ဖြားခြင်းခံရပြီး ထိုင်း-မြန်မာနယ်စပ်ရှိ တရားမဝင် အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများအတွင်းသို့ လူကုန်ကူးခြင်းခံနေရသဖြင့် အထူးသတိပြုကြရန် ထိုင်းနိုင်ငံရှိ တရုတ်သံရုံးက အရေးပေါ်သတိပေးချက်တစ်ရပ် ထုတ်ပြန်ထားသည်။ ယနေ့ (ဧပြီလ ၂၄ ရက်) တွင် ထိုင်းနိုင်ငံ၊ တရုတ်သံရုံး ဝက်ဆိုက်ဒ် မှ ရာဇဝတ်ဂိုဏ်းများသည်...

မြန်မာနိုင်ငံရှိ Tai Chang ငွေလိမ်ဂိုဏ်းအား ဖော်ထုတ်ပေးနိုင်ပါက အမေရိကန်ဒေါ်လာ ၁၀ သန်း ဆုကြေးပေးမည်ဟု ကြေညာ

0
မြန်မာနိုင်ငံအတွင်း အခြေစိုက်သည့် "တိုင်းချန်" (Tai Chang) အွန်လိုင်းငွေလိမ်စင်တာများနှင့် ဆက်နွှယ်နေသော ငွေကြေးခဝါချမှုများကို ဖော်ထုတ်နိုင်ရန် သတင်းပေးနိုင်သူအား အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ဆုကြေးပေးမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအောက်ရှိ နိုင်ငံတကာ မူးယစ်ဆေးဝါးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ ဗျူရို (INL) က ထုတ်ပြန်ကြေညာသည်။ ယနေ့ (ဧပြီလ ၂၄...

ရွာငံ-အောင်ပန်းလမ်း၌ စစ်ကော်မရှင်တပ်က ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရွာငံ-အောင်ပန်း သွားလမ်း၌ စစ်ကော်မရှင်တပ်က ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ သင်္ကြန်ကာလအပြီး ဧပြီလ ၂၀ရက်မှ စပြီး စစ်ကော်မရှင်တပ်က အင်အားအလုံးရင်းဖြင့် ရွာငံ-အောင်ပန်း လမ်းမ၌ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ခရီးသွားပြည်သူများ၏ ဖုန်း၊ ဆိုင်ကယ် နှင့် ကားများကို...

မြန်မာရွှေ့ပြောင်လုပ်သမား(၆၀) ဖယောင်း(Phayao)တွင် ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံမြောက်ပိုင်း၊ ဖယောင်း (Phayao) ခရိုင်ရှိ ငှားရမ်းထားသော အိမ်တစ်လုံးအတွင်း အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၆၃ ဦးကို ဖမ်းဆိရမိကြောင်း Khaosod English တွင် ဖော်ပြသည်။ ယမန်နေ့ (ဧပြီလ ၂၃ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် ဒေသခံရဲတပ်ဖွဲ့၏ စစ်ဆေးဖော်ထုတ်ချက်များအရ လူကုန်ကူးမှုကွင်းဆက်တစ်ခု...