Wednesday, April 24, 2024

အစိုးရထောင်မှ လပိုင်းအတွင်း ပြန်လည် လွတ်မြောက်လာသည့် SSPP/SSA ခရိုင်မှူးတဦး သေဆုံး

Must read

၂၀၁၈ မေလ က အစိုးရထောင်မှ လွတ်မြောက်လာသည့် သျှမ်းပြည်တပ်မတော် SSPP/SSA မူစယ်ခရိုင် အုပ်ချုပ်ရေးမှူးဆင့် ရှိ စဝ်စံမြင့်သည် ယနေ့ နံနက်ပိုင်းတွင် မန္တလေး ဆေးရုံတွင် ကွယ်လွန် သွားသည်ဟု သတင်းရရှိသည်။

ကွယ်လွန်သူ SSPP/SSA ခရိုင်မှူး စဝ်စံမြင့်

၂၀၁၈ ခု သြဂုတ်လ ၂၀ မန္တလေး ဆေးရုံတွင် အသည်းခြောက်ရောဂါဖြင့် ကွယ်လွန် အနိစ္စရောက်သွားကြောင်း မိသားစု အသိုင်းအဝိုင်းက ပြောသည်။

“မူစယ်မှာ ၂ နှစ်ကြာ ချုပ်နှောင်ထားပြီး လားရှိုးအကျဉ်းထောင်ကို ပို့တာ။ လားရှိုးထောင်ကနေ မေလ ကလွတ်လာတယ်။ ဒီမနက်ဆုံးသွားတယ်။ သူဆုံးသွားတာ မိသားစုအတွင်း ဆုံးရှုံးမှုကြီးတင်မကဘူး။ တပ်အတွက် ဆုံးရှံုးမှု တခုဘဲ” – ဟု ညီဖြစ်သူ သျှမ်းပြည်တပ်မတော် SSPP/SSA ပြောခွင့်ရ ဗိုလ်မှူးစိုင်းဘုန်းဟန် က ပြောသည်။

အသက် ၄၀ ခန့်ရှိ စဝ်စံမြင့် ကွယ်လွန်ချိန် ဇနီး နှင့် အတူ သားတဦး ၊ သမီး တဦး ကျန်ရစ်ခဲ့သည်။

စဝ်စံမြင့်၏ ကြွင်းကျန်ရုပ်အလောင်းကို မန္တလေးမှ သျှမ်းပြည်သို့ သယ်ယူကာ ဇာတိမြေတွင် သင်္ဂြိုဟ်မည်ဟုလည်း မိသားစုအသိုင်းအဝိုင်းက ပြောသည်။

“ထိန်းသိမ်းခံရစဉ် ရိုက်နှက်စစ်ဆေးခံရတယ်။ ဒါမယ့် သေဆုံးတာက အတွင်းကြေ နဲ့မဟုတ်ဘူး ။ ပြီးတော့ သူက အရက်သမားလဲမဟုတ်ဘူး။ အသဲခြောက် ရောဂါနဲ့ ဆုံးတာ ။ သူထောင်ကျချိန် ဆေးထိုးခံရတယ်ပြော တယ်။ အခု သေဆုံးမှုက ရိုးသားရဲ့လား စဉ်းစားစရာပေါ့ ။” – ဟု ၄င်း၏ မိတ်ဆွေတဦးကပြောသည်။

စဝ်စံမြင့်သည် သျှမ်းပြည်တပ်မတော် SSPP/SSA ၏ မူစယ်မြို့ ဆက်ဆံရေးရုံးတွင်   တာဝန်ကျချိန်၂၀၁၆ မတ်လ တွင် မူစယ်မြို့မှ ကွတ်ခိုင်မြို့သို့ အသွား လမ်းခရီးတွင်အစိုးရတပ်မတော်မှ ဖမ်းဆီးခြင်းခံရသည်။ ၂၀၁၈ မေလတွင် လားရှိုးအကျဉ်းထောင်မှ ပြန်လည်လွတ်လာခြင်းဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article