ပုံအင်းတောင်သူ
အကြွေးယူပြီး စိုက်ထားသည့် ပုံအင်းစပါးခင်းများရေမြုပ်
ယာဂီမုန်တိုင်းအရှိန်ကြောင့် ယမန်နှစ်က စပါးအရှုံးပေါ်ခဲ့သော ပုံးအင်းဒေသ တောင်သူများသည် အကြွေးယူပြီး စပါးပြန်စိုက်ခဲ့သော်လည်း ယခုလအတွင်း ဝင်ရောက်ခဲ့သော ဝီဖာမုန်တိုင်းအရှိန်ကြောင့် စပါးစိုက်ခင်း ဧက တစ်သောင်းကျော် ရေနစ်မြုပ်ကြောင်း တောင်သူလယ်သမားများက ပြောသည်။ တောင်ကြီးမြို့နယ် နားဟီးကျေးရွာအုပ်စုနှင့် အသုံးတော်ကျေးရွာအုပ်စု အပါအဝင် ဆီဆိုင်မြို့နယ် ပုံးအင်းကျေးရွာအုပ်စုအတွင်းရှိ စပါးစိုက်ခင်း ဧက တစ်သောင်းကျော်...





