Wednesday, January 28, 2026

တရားမျှတမှု အတွက်ဟုဆိုကာ ပအိုဝ်းတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်

တောင်ကြီးမြို့ ပေါ်တွင် တရားမျှတမှုအတွက် ပအိုဝ်းတိုင်းရင်းသားများ ထောင်ချီ ဆန္ဒထုတ်ဖော် ခြင်းကို ဒီဇင်ဘာ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က ပြုလုပ်ခဲ့ ကြောင်းသိရသည် ။

တောင်ကြီးမြို့ ပေါ်တွင် ပအိုဝ်းတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်

အဆိုပါဆန္ဒပြပွဲကို ဦးဆောင်ကျင်းပသူတစ်ဦးဖြစ်သည့်တိုင်းရင်းသား လူနည်းစု ဒီမိုကရေစီအဖွဲ့ မှ ဒါရိုက်တာ ခွန်ဇော်က- “ ဒီဇင်ဘာ ၁၁ ရက်နေ့ တုန်းက RCSS/SSA တပ်သား ကနေပြီးတော့မှ ကျေးရွာ အုပ်ချုပ် ရေးမှူးအ ပါအဝင် အရပ်သား(၅) ဦးကိုသတ်ဖြတ်ခဲ့တယ်ပေါ့ ။ အဲ့ဒီအပေါ်မှာ ကျနော် တို့တရားမျှတမှုရရှိ ဖို့နဲ့ အဲ့ဒီဒေသ အတွင်းမှာ လုံခြုံရေးရရှိဖို့ စတဲ့ရည် ရွယ်ချက် (၂) ချက်နဲ့ ဆန္ဒပြပွဲလုပ်ရ ခြင်းဖြစ်ပါတယ် ” ဟု ဆန္ဒထုတ်ဖော်ရခြင်း၏ရည်ရွယ် ချက်ကို ရှင်းလင်းပြောဆိုသည် ။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ RCSS/SSA မှပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူး စိုင်းဦး ကို ဆက်သွယ်မေးမြန်းရာ ” အမှုမှန်ပေါ်ပေါက်ဖို့ဆိုတာက အရင်ဆုံးကနဦး စစ်ဆေးရမယ် ။ ကျနော် ဥပမာ – တစ်ခုပြောမယ် ။ သစ်ပင်ပေါ်မှာ သူ့ဖာသာသူရှိနေတဲ့ ပျားအုံကို သစ်ပင်ပေါ်တက်ပြီး ဒုတ်နဲ့သွားထိုးသလိုပေါ့ ။ ပျားတုပ်တော့ သစ်ပင်ပေါ်ကပြုတ်ကျတယ် ။ အဲ့တာကို ပျားတုတ်လို့ ငါသစ်ပင်ပေါ်က ပြုတ် ကျတယ် ဆိုပြီး ရပ်ထဲရွာထဲမှာ သွားလျှောက်ပြောနေသလိုပဲ အခုဖြစ်နေတဲ့ ပြဿနာက ။ ပျားအုံကို ဒုတ်နဲ့သွားထိုးတာ လူတွေ မသိဘူး ။ အဲ့ဒီအကြောင်းအရင်းကိုလည်း သူတို့ကမပြောဘူး ။” – ဟု ပြန်လည်ဖြေကြားခဲ့သည် ။

၂၀၁၈ ဒီဇင်ဘာ ၁၁ ရက် နေ့က သျှမ်းပြည်တပ်မတော် RCSS တပ်ဖွဲ့ဝင် တပ်သား ၉ ဦးက ရွာအတွင်း ၀င်ရောက်ရန် လှုပ်ရွားသွားလာနေစဉ် လူအယောက် ၂၀ ခန့်ရှိသည့် ရွာသားက ဒုတ်၊ ဓါးများ ကိုင်ဆောင် ကာ ၀ိုင်းရံတိုက်ခိုက်ခဲ့သည့်အတွက် RCSS/SSA တပ်သား ၂ ဦး ဓါးဒဏ်ရာ အပြင်းအထန် ရရှိကြောင်း၊ RCSS/SSA ဘက်မှ ပြန်လည်ပစ်ခတ်သည့်အတွက် ရွာသား ၅ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိသွား ကြောင်း RCSS/SSA ၏ ပြောခွင့်ရ ဗိုလ်မှူးစိုင်းဦး ကပြောသည်။

“ပြဿနာဖြစ်လာတာက စစ်သားတွေရဲ့ သေနတ်ကိုဝိုင်းလုတယ် ၊ ဓါးနဲ့ဝိုင်းခုတ်ကြတယ် စစ်သားတွေကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ၊ သူတို့ အသက်အန္တရယ် အတွက် ပြန်ပစ်ရာက ဒီလိုပြဿနာ တွေဖြစ်လာ ရတယ် ။ ပစ်တယ်ဆိုတာကလည်း သမင်သက်သက်ပစ်တာမဟုတ်ဘူး ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ဆီကို တရားဝင်ဆက်သွယ်လာ တာမျိုး မရှိဘူး ။ သူတို့ဖက်ကကြေငြာချက် တွေထုတ်ပြန်တာတွေပဲရှိတယ် ။ ကျနော်တို့ဘက်က တာဝန်ရှိသူတွေသူတို့ ဆီကို သွားရောက် ဆက်သွယ် ခဲ့ပါတယ် ။ သူတို့ဘက်က ဆဲဆိုလို့ ပြန်လာခဲ့ ရတယ် ။ တကယ်တမ်းသွားတွေ့တာက ဒီပြဿနာကို ကျနော်တို့ဘယ်လိုဖြေရှင်း ကြမလဲဆိုတာ ဆွေးနွေးချင်လို့သွားတာပါ ။ သူတို့ဘက်က ဆွေးနွေးဖို့ သဘောမတူဘူး ” ဟု ၄င်းက ဆက်လက်ပြောပြသည်။

သျှမ်းပြည်နယ်မြောက်တွင်ဖြစ်ပွားနေသော စစ်ပွဲများအပါအဝင် သျှမ်းပြည်နယ်အတွင်း သာမက ကချင် ပြည်နယ် အတွင်းရှိဒေသခံများ သတ်ဖြတ်ခံရသည့် ဖြစ်စဉ်များ နှင့် ပတ်သက်၍ နောင်တွင် အလားတူဖြစ် ရပ်မျိုးထပ်မံ မဖြစ်ပွားစေရေး တာဝန်ရှိသူ များမှ တာဝန်ယူ ဆောင်ရွက်ပေးနိုင်ရန် တောင်းဆိုကြောင်း ညွန့်ဇော်ကကဆက်လက်ပြောသည် ။

အဆိုပါဆန္ဒပြပွဲနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတနှင့် သျှမ်းပြည်နယ် ၀န်ကြီး ချုပ်ထံကို လည်း အိတ်ဖွင့်စာပေး ပို့သွားမည် ဖြစ်ပြီး တောင်ကြီးခရိုင် ၊ လွိုင်လင်မြို့နယ် ၊ လွိုင်ကော် မြို့နယ် စသည့်မြို့နယ်မှ ပအိုဝ်းတိုင်းရင်း သားများ အင်အား သုံးထောင်ဝန်း ကျင် ခန့်ချီတက် ဆန္ဒပြခဲ့ကြောင်း သိရှိရပါသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

PNO က ပအိုဝ်းပြည်သူနှင့် ကရင်နီလူမျိုးကြား ဝါဒဖြန့်မှုများပြုလုပ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ် (PNO)က ပအိုဝ်းလူမျိုးနှင့် ကရင်နီလူမျိုးကြား ဝါဒဖြန့်မှုများ လုပ်ဆောင်နေကြောင်းသိရသည်။ ပင်လောင်း-ဖယ်ခုံနယ်စပ်ဖြစ်သည့် နောင်ဝိုး၊ လွယ်ကျိုင်းနှင့် ဗန်းမောက်ဖက်တွင် စစ်ကောင်စီ၊ PNO နှင့် တော်လှန်ရေးအင်အားစု PDFတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြပြီးနောက်ပိုင်း စစ်ကောင်စီနှင့် PNOဘက်က အကျဆုံးများခဲ့သည်။ ထို့နောက် PNO က ကရင်နီလူမျိုးနှင့်...

PNLO တပ်သား (၅) ဦး သတ်ခံရသည့်ကိစ္စ ပအိုဝ်းလက်နက်ကိုင် (၂) ဖွဲ့ တွေ့ဆုံညှိနှိုင်း

0
PNLO တပ်ဖွဲ့ (၅) ဦး သတ်ဖြတ်ခံရသည့်ကိစ္စ နှင့်ပတ်သတ်ပြီး ပအိုဝ်းပြည်သူ့စစ် (PNO/PNA) နှင့်) ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ တောင်ကြီးမြို့ ပအိုဝ်းစာပေ နှင့် ယဉ်ကျေးမှုရုံးတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၉ မွန်းလွဲ ၁ နာရီခွဲဝန်းကျင်တွင်...

PNO မှ ပစ်ခတ်လိုက်သည့် ဆိုက်ခေါင်အမျိုးသမီး သေဆုံးသွား

0
သျှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာအနီးရှိ ပအိုဝ်းပြည်သူ့စစ် (PNO) က ပစ်ခတ်လိုက်သည့် အသက် (၂၂) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။ ဇွန် (၁၄) ရက်တွင် ဆိုက်ခေါင်စံပြကျေးရွာ သီရိရပ်ကွက်နေ နန်းခမ်းအွမ် ကို ပအိုဝ်းပြည်သူ့စစ် (PNO) က ပစ်ခတ်လိုက်ပြီးနောက် စဝ်စံထွန်းဆေးရုံတွင် ဆေးကုသမှု...

အောင်ပန်း လူထုသပိတ်ဖြိုခွင်း၊ဖမ်းဆီးမှုကြားက ဆက်လက်ဆန္ဒထုတ်ဖော်

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များ က အကြမ်းဖက် ဖြိုခွင်း ဖမ်းဆီးမှုရှိနေသော်လည်း ယနေ့ (မတ် ၁၂)ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်စစ်ကြောင်း ဆက်လက်ချီတက်ကြ ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ် ၁၁)ရက်တွင် အောင်ပန်းတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုများကို စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းကာဖမ်းဆီးမှုပြုလုပ်ခဲ့သော်လည်း ယနေ့...

သျှမ်းတောင် မြို့နယ်များလမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်ရန်ခက်၊ စတေကာ ကမ်ပိန်းပြုလုပ်

0
သျှမ်းပြည်တောင်ပိုင်း မြို့ငယ်များတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်ရန် အတွက် အတားအဆီးများနေ သော်လည်း စစ်အာဏာရှင် အလိုမရှိ စတေကာ ကမ်ပိန်းဖြင့် ဆက်လက် ဆန္ဒထုတ်ဖော်နေရကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင် ကျေးသီး၊ လဲချားမြို့ ပတ်လည်တွင် စစ်တပ်စခန်းချထားသဖြင့် ပြည်သူများ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ရန် လမ်းပေါ်ထွက် ဆန္ဒပြရန် အဆင်မပြေသဖြင့် မြို့...