Wednesday, January 28, 2026

နယ်စပ်ဖြတ်ကဒ်အမျိုးအစားပြောင်းလဲမှုကြောင့် တရုတ် နယ်စပ်ဂိတ်ပိတ်ထားရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ တရုတ်နယ်စပ် ဂိတ်တွင် မြန်မာဘက်ခြမ်းမှပြုလုပ်ပေးသော တခါသုံး Temporary Border Pass ကဒ်အမျိုးအစားပြောင်းလဲပြုလုပ်ပေးသဖြင့် တရုတ်ဘက်ခြမ်းရှိဂိတ်ကလက်မခံဘဲ အဝင်အထွက်ခေတ္တပိတ်ထားရကြောင်းသိရသည်။

Photo by Muse Youth/ တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြတ်သန်းရာတွင် မြန်မာဘက်ခြမ်းမှ ပြုလုပ်ပေးသည့် တခါသုံးကဒ် Temporary Border Pass

တရုတ်-မြန်မာနယ်စပ်ဂိတ်ဖြတ်သန်းရာတွင် မြန်မာဘက်ခြမ်းမှပြောင်းလဲပြုလုပ်ပေးသည့် တခါသုံးကဒ် Temporary Border Pass ကဒ်အမျိုးအစားမှာ တရုတ်ဘက်ခြမ်းရှိဂိတ်တွင်ထောင်ထားသော ကွန်ပြူတာဆော့ဖ်ဝဲနှင့်မကိုက်ညီဟုဆိုကာ နို၀င်ဘာလ ၅ ရက်နေ့က ၀င်ထွက်သွားလာလည်ပတ်အလုပ်လုပ်ကိုင်သူများအား ခေတ္တ ပိတ်ပင်ထားသဖြင့် တရုတ်ပြည်သို့ အလုပ်လုပ်သည့်သူများ၊ ကုန်သည်များ နှင့် ကုန်ကားသမားများ အခက်အခဲ ရင်ဆိုင်နေရကြောင်း မူဆယ် ဒေသခံ စိုင်းဆိုင်လျန်း က ပြောသည်။

“ ရ ရက်သက်တမ်းရှိတဲ့နယ်စပ်ဖြတ်သန်းကဒ်အသစ်က သုံးလို့မရဆိုပြီးတရုတ်ဘက်ကပိတ်ထားတယ်။ ဘယ်နေ့ ပြန်ရမယ်ဆိုတာ မသိသေးဘူး။ တချို့က တပတ်စာသက်တမ်းကဒ်လုပ်ပြီး တရုတ်ပြည်ဘက်ခြမ်းကိုသွားပြီးအလုပ်လုပ်ကြတယ်။ ရ ရက်ပြည့်ရင် ထွက်လာတယ်။ ကဒ်အသစ်ပြန်လုပ်ပြီး ဟိုဘက်ခြမ်းပြန်ဝင်သွားကြတယ်။ အခု နယ်စပ်ဖြတ်ကဒ်လုပ်ဖို့ပိတ်ထားတော့ အခက်အခဲတွေ ရှိတယ်” ဟု စိုင်းဆိုင်လျန်း က ဆိုသည်။

Temporary Border Pass (တခါသုံးကဒ်) ပြုလုပ်သူများမှာ ကားသမားများ၊ တခြားနယ်မှ လာပြီး တရုတ်ပြည်သို့ သွားရောက်အလုပ်လုပ်သည့် ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြောင်း မူဆယ် ဒေသခံများကဆိုသည်။

“ ကျနော်တို့က တပတ်ကဒ် တခါသုံးကဒ် ပဲကိုင်တာ။တရုတ်ပြည်မှာ ကုန်တင်ကုန်ချလုပ်တယ်။ ရရက်တကြိမ် မြန်မာပြည်ပြန်ပြီး ကဒ်ပြန်လုပ်တယ်။ အခု က ပြန်လာလုပ်တာ။ အဆင်မပြေလို့ တရုတ်ထဲပြန်ဝင်လို့မရဘူး။ အခက်အခဲကတော့ နေစရာနဲ့ အလုပ်ပျက်တာပဲ” ဟု တရုတ်ပြည်သို့ သွားရောက်အလုပ်လုပ်သည့် ရွှေ့ပြောင်းအလုပ်သမား ကိုကျော် က ပြောသည်။

Temporary Border Pass ရ ရက် သက်တမ်းကဒ်ကို မြန်မာ ပြည် ဘက်မှ နိုဝင်ဘာ ၅ ရက်နေ့မှ စတင်ကာ ပုံစံပြောင်းလဲမှုကြောင့် တရုတ်ပြည် နယ်စပ်ဖြတ်ကျော် ဂိတ်တွင် လက်မခံကြောင်း၊ အဆိုပါ ပုံစံပြောင်းလဲသည့် ကဒ်သည် တရုတ်ပြည် မှ ကွန်ပျူတာ ဆော့ဝဲလ်နှင့် ကိုက်ညီမှု မရှိသဖြင့် အခက်အခဲဖြစ်သွားကြောင်း မူဆယ်မြို့ နယ်စပ်ဂိတ် လူဝင်မှု ကြီးကြပ်ရေး တာဝန်ကျ ဝန်ထမ်းကပြောသည်။

“ ပုံစံအသစ်က တရုတ်ဂိတ်ရဲ့ ဆော့ဝဲလ်နဲ့ မကိုက်ညီလို့ပါ။ အခု ကျနော်တို့ တာချီလိတ်ဘက်က နေပြီးတော့ ကဒ်ကို ပြန်မှာထားပါတယ်။ ဒီညနေရောက်ရင်တော့ ဒီည တခါသုံးကဒ်ပြန်ထုတ်ပေးနိုင်မယ်။ မနက်ဖန်တော့ ပိုသေချာတယ်” ဟု ၎င်းက ဆိုသည်။

Temporary Border Pass တခါသုံးကဒ် တခုသည် ကျပ်ငွေ ၁၀၀၀ ကျပ်ပေးရပြီး တရက်လျှင် ကဒ်ပြုလုပ်ကာဝင်ထွက်သွားလာသည့် လူဦးရေ ထောင်ချီရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မုံးကိုးမြို့အနီး တရုတ်-မြန်မာ နယ်စပ်လုံခြုံရေး MNDAA ကင်းလှည့်

0
တရုတ်-မြန်မာနယ်စပ်တလျှောက် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် မုံးကိုးမြို့အနီးတွင် နယ်စပ်လုံခြုံရေး အတွက် (၉) ရက်တာ ကင်းလှည့်စောင့်ကြည့်ခဲ့ကြောင်း သတင်းသိရသည်။ ဩဂုတ်လ (၂၅) ရက်မှ စတင်ပြီး စက်တင်ဘာလ (၄) ရက်အထိ တရုတ်-မြန်မာ နယ်စပ်တလျှောက် လုံခြုံရေး လှည့်လည်စောင့်ကြပ်ခြင်းကို ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့်...

မူဆယ်နယ်စပ်ဂိတ်တွင် စစ်ကောင်စီအပေါင်းအပါများ တရုတ်လိုင်စင်မဲ့ကားကို ပေါ်တင်သွင်းနေ

0
တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင်ရှိ နယ်စပ်ဂိတ်တွင် အုပ်ချုပ်ရေးမှူးနှင့် စစ်ကောင်စီတပ် ပူပေါင်းပြီး တရုတ်ဘက်တွင်းရှိ လိုင်စင်မဲ့ကားကို ဆင်ဖြူဂိတ်တွင် ပေါ်တင်သွင်းနေကြောင်း စုံစမ်းသိရသည်။ ထိုတရုတ်နိုင်ငံဘက်မှ လိုင်စင်မဲ့ကားများတင်သွင်းရာတွင် မူဆယ်တွင် ခရိုင်အုပ်ချုပ်ရေးမှူး အောင်ဇော်မိုးဖြစ်ပြီး၊ ၎င်းသည် စစ်တပ်နှင့်ပူးပေါင်းပြီး လာဘ်ငွေယူပြီးခွင့်ပြုနေကြောင်း သိရသည်။ “ အခုလိုင်စင်မဲ့ကားတွေကို ဌာနဆိုင်ရာအကြီးနဲ့ စစ်တပ်က ပူးပေါင်းပြီး ပေါ်တင်သွင်းနေတာ။...

မူဆယ်မြို့ စက်သုံးဆီဝယ်ယူခွင့်စာအုပ် ပြုလုပ်ရန်ကြေညာ၊ နယ်စပ်ဂိတ်ဖြတ်ရန် မဲနှိုက်ပြီး ဝင်ခွင့်ပြု

0
သျှမ်းပြည် မူဆယ်မြို့တွင် ကိုယ်ပိုင်လုပ်ငန်းများအတွက် အသုံးပြုရန်နှင့် ကား၊ ဆိုင်ကယ်များကို သတ်မှတ်ဂါလန်အတိုင်း ခွင့်ပြုရန် စက်သုံးဆီ ဝယ်ယူခွင့်မှတ်တမ်းစာအုပ် ပြုလုပ်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် ဒီဇင်ဘာလ ၂ ရက်နေ့မှ စတင်ပြီး မူဆယ်မြို့ပေါ်ရှိ တရားဝင် လိုင်စင်ရယူထားသည့် ကိုယ်ပိုင်လုပ်ငန်းများ အသုံးပြုရန်နှင့် ကညနတွင် မှတ်ပုံတင်ထားသည့် ကား၊...

မူဆယ်မြို့နယ် MNDAA ထိန်းချုပ် ကျင်ဆန်ကျော့ တရုတ်ပြန်ဖွင့်၊ ကြံတင်ပို့ခွင့်ရမည်ဟုဆို

0
သျှမ်းပြည် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်တပ်များ ပူးပေါင်းထိန်းချုပ်ထားသည့် ကျင်ဆန်ကျော့ နယ်စပ်ဂိတ်ကို တရုတ်ဘက်မှ ကုန်ပစ္စည်းတင်သွင်းရန် ပြန်လည်ဖွင့်လှစ်ပေးထားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၂၁ ရက်)မှ စတင်၍ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်ရှိ ညီနောင်မဟာမိတ်တပ်များ ပူးပေါင်းထိန်းချုပ်ထားပြီး တစ်နှစ်ကျော် ပိတ်ထားခဲ့သည့် ကျင်ဆန်ကျော့ နယ်စပ်ဂိတ်ကို တရုတ်အာဏာပိုင်များဘက်မှ ကုန်ပစ္စည်းတင်သွင်းရန်နှင့်...

တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ဆက်ပိတ်ထားပေးမည်ဟု တရုတ်က စစ်ကောင်စီကို ကတိပေး

0
တိုင်းရင်းသား လက်နက်ကိုင်များ ထိမ်းချုပ်ထားသည့် တရုတ်-မြန်မာ နယ်စပ်ဂိတ်များအား ဆက်လက် ပိတ်ထားပေးမည်ဟု တရုတ်ဘက်က စစ်ကောင်စီ လဝက ဝန်ကြီး ဦးမြင့်ကြိုင်ကို ကတိပေးလိုက်ကြောင်း စစ်ကောင်စီက ယမန်နေ့ (နိုဝင်ဘာလ ၂၁ ရက်) ညပိုင်းတွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၀ ရက်နေ့က တရုတ်-မြန်မာ...