Wednesday, January 28, 2026

ပညာရေးခေတ်မှီတိုးတက်ရေးအတွက် သျှမ်းပြည် ဒေသန္တရ ပညာရေးကော်မတီဖွဲ့စည်း

ခေတ်မှီတိုးတက်သော ပညာရေးစနစ်အဖြစ်ဖော်ဆောင်ရန်ရည်ရွယ်ပြီး ဒေသန္တရပညာရေးကော်မတီ (သျှမ်းပြည်နယ်)အတွက်ဖွဲ့စည်းလိုက်ကြောင်းသိရသည်။

Photo by Noon Mo/ တောင်ကြီးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းရုံးတွင်ပြုလုပ်ကျင်းပသော သျှမ်းပြည် ဒေသန္တရ ပညာရေးကော်မတီဖွဲ့စည်းရေးအစည်းအဝေးတက်ရောက်သူများ

၂၀၁၈ နို၀င်ဘာလ ၃ ရက်နေ့က တောင်ကြီးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းရုံးတွင် သံဃာတော်များနှင့် လူမှုအခြေပြုအဖွဲ့အစည်းများတွေ့ဆုံကာ ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။

“အစိုးရပိုင်းကတော့မပါဘူး။ ဒါပေမယ့် အစိုးရရဲ့ပညာရေးပိုင်းဆိုင်ရာနဲ့ချိတ်ဆက်ပြီးတော့ လုပ်ငန်းတွေဆောင်ရွက် သွားဖို့ရှိပါတယ်။ မွန် ကချင် ကရင် ကယား သူများတွေ အမျိုးသားကျောင်းရှိတယ် ။ ကိုယ့်သျှမ်းပြည်မှာလည်း ပညာရေးဖွံ့ဖြိုး ရေးအတွက်ကောင်းကောင်းဆောင်ရွက် ပေးဖို့အတွက် ရည်ရွယ်ပါတယ်။ ဒါကြောင့် ဆရာတော် သံဃာတော်တွေရဲ့ သြဝါဒကို ခံယူပြီးအခြေခံဥပဒေ ၊ နည်းဥပဒေ နှင့်အညီ ဖွဲ့စည်းလိုက် တာဖြစ် ပါ တယ်။ – ဟု အလုပ်အမှုဆောင်ကော်မတီဝင် တောင်ကြီးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ နန်းနွန်းမို ကပြောသည်။

လိုအပ်ပါက အလုပ်အမှုဆောင်ကော်မတီ ထုတ်နှုတ်ဖြည့်ဆည်းသွားရန် ၊ အလုပ်အမှုဆောင်ကော်မတီမှ ပညာရေးကော်မတီ၏ ဖွဲ့စည်းပုံဥပဒေရေးဆွဲရန်၊ ကော်မတီအစည်းအဝေးပြန်ခေါ်ပြီးတော့မှ ဆွေးနွေး သဘောတူညီချက်ရယူရန် – အစရှိဆုံးဖြတ်ချက်များ ပါရှိကြောင်းသိရသည်။

ဒေသန္တရပညာရေးမြင့်တင်ရေးအတွက်ရည်ရွယ်ပြီး ၊ ဒေသတွင်းလူငယ်များ ကောင်းမွန်ပြည့်စုံစွာ ပညာ သင်ယူခွင့်ရရှိရေး မိမိဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြှင့်တင်သွားနိုင်ရန် ရည်ရွယ်ကြောင်း သိရပါသည်။

ကော်မတီတွင် ဥက္ကဌ အဖြစ် ဆရာကြီး ဦးစိုင်းခမ်းမိန်း (CTS’ ဒါရိုက်တာ) ၊ ဒုဥက္ကဌ အဖြစ် ဦးစိုင်းနွံသောင်း ၊ အတွင်းရေးမှူးအဖြစ် ဦးစိုင်းမောင်တင် (သျှမ်းစာ/ယဉ် အသင်းဥက္ကဌ )၊ တွဲဘက်အတွင်းရေးမှူအဖြစ် ဦးစိုင်းဇော်ဇော် တို့အားရွေးချယ်တင်မြှောက်ထားကြပြီးနာယကအဖွဲ့ဝင် ၈ ဦး ၊ ကော်မတီဝင် ၄၇ ဦး ၊ အကြံပေး ပုဂ္ဂိုလ် ၄ ဦး တို့နှင့် ၄င်းတို့ထဲမှ အလုပ်အမှုဆောင် ၂၄ ဦး တို့အား ရွေးချယ် ဖွဲ့စည်းထားသည်ဟုသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) မှ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ...

မြန်မာနိုင်ငံ ကလေး သန်းနှင့်ချီ ပညာရေးဆုံးရှုံးနေ

0
နှစ်စဉ် စက်တင်ဘာလ ၈ ရက်ရောက်တိုင်း ကမ္ဘာ့နိုင်ငံအနှံ့တွင် လူတိုင်းပညာသင်ယူခွင့်ရရှိစေရန် အသိပေးနှိုးဆော်သည့်နေ့အဖြစ် နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပလေ့ရှိသော်လည်း ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် အခြေခံပညာသင်ယူခွင့် ဆုံးရှုံးသူ (၇) သန်းဝန်းကျင် ရှိနေသည်။ အာဏာမသိမ်းခင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ကျောင်းအပ်နှံသူ ၉ ဒသမ...

တောင်ကြီးမြို့သို့ အလုပ်လာရောက်သည့် အမျိုးသမီးတစ်ဉီး ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ဩတချောင်း နယ်မြေ (၅) ရွှေကြယ်မုန့်ဆိုင်တွင် အလုပ်လာလုပ်သည့် အသက် (၂၀) အရွယ်ရှိ မစုပြည့်အောင် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ အဆိုပါ မစုပြည့်အောင်သည် အင်းလေးဒေသ ညောင်ရွှေမြို့နယ် ပုံ့မှုကျေးရွာအုပ်စု ကျောင်းနားကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဦးဝင်းဖေ၊ ဒေါ်ငွေရင်တို့၏ တစ်ဦးတည်းသော သမီးဖြစ်ကြောင်း...

တောင်ကြီးပညာပါရမီ မိဘမဲ့ကျောင်းဖြတ်ပိုင်းဖြင့် လိမ်လည်အလှူခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပညာပါရမီ မိဘမဲ့ကျောင်းအတွက် အလှူခံဟုဆိုကာ လိမ်လည်တောင်းခံနေကြောင်း သတင်းရရှိသည်။ ဇူလိုင်လ (၁၂) ရက်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာဘက်တွင် အဝတ်အစား သပ်ရပ်စွာ ဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သည် နေအိမ်ခြံဝန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်ကာ မိဘမဲ့ကျောင်းအတွက်ဆိုကာ...

ပညာရေးကို အားပေးမှသာ နိုင်ငံပြန်လည်အေးချမ်းလာနိုင်ကြောင်း သျှမ်းကွန်မြူနတီကောလိပ် ဥက္ကဋ္ဌပြော

0
သျှမ်းပြည်အတွင်း ကြုံတွေ့နေရသည့် အသေးအမွှား ပြဿနာများမှသည် နိုင်ငံရေးပြဿနာအထိ ဖြေရှင်းနိုင်ရန် ပြည်သူများအားလုံး ပညာရေးကို အားပေးမှသာ နိုင်ငံပြန်လည် အေးချမ်းလာနိုင်ကြောင်း သျှမ်းကွန်မြူနတီကောလိပ် ဥက္ကဋ္ဌက ပြောဆိုလိုက်သည်။ ယနေ့ (ဇွန်လ ၂၉ ရက်) တွင် သျှမ်းပြည် ကွန်ဟိန်းမြို့နယ် ကာလိမြို့ရှိ သျှမ်းကွန်မြူနတီကောလိပ် (Shan Community...