Wednesday, January 28, 2026

သျှမ်းပြည်သားများငြိမ်းချမ်းစွာနေထိုင်နိုင်ရေးအတွက် သျှမ်းလက်နက်ကိုင်တပ်ပူးပေါင်းအဖြေရှာဖို့ သျှမ်းသံဃာထုတိုက်တွင်း

သျှမ်းပြည်တွင်း သံဃာတော်များနှင့်လူထု အေးချမ်းသာယာစွာနေထိုင်နိုင်ရေးရှေးရှုပြီး သံဃာတော်များက သျှမ်းပြည်တပ်မတော် ၂ ခု အမြန်တွေ့ဆုံဖြေရှင်းကြရန်တိုက်တွန်း လိုက်သည်။

သျှမ်းပြည်သားများငြိမ်းချမ်းစွာနေထိုင်နိုင်ရေးအတွက် သျှမ်းလက်နက်ကိုင်တပ်ပူးပေါင်းအဖြေရှာဖို့ သျှမ်းသံဃာထုတိုက်တွန်းပေးပို့သည့်စာများအနက် တချို့

အောက်တိုဘာလ ၁၈ ရက်နေ့က သျှမ်းပြည်တွင်း ၁၃ ခရိုင်ရှိ သံဃာတော်ထုက သျှမ်းပြည်ပြန်လည်ထူ ထောင်ရေးကောင်စီ /သျှမ်းပြည်တပ်မတော် RCSS/SSA ၊ သျှမ်းပြည်တိုးတက်ရေးပါတီ/ သျှမ်းပြည် တပ်မတော် SSPP/SSA တို့ထံလည်းကောင်း၊ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD နှင့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP တို့အားလည်းကောင်း စာများအသီးသီးပေးပို့ခဲ့သည်။

“ပင်လုံမြို့မှ သံဃာတော်တပါးက- ဘုန်းဘုန်းတို့ အခုလို စာရေးသားပေးပို့ရတာက သျှမ်းပြည်တပ်မတော် ၂ ဖွဲ့ ကနေ သျှမ်းသံဃာတော်တွေရဲ့မျက်နှာ သျှမ်းပြည်လူထုရဲ့မျက်နှာကို ထောက်ရှုခြင်းအားဖြင့် မြန်မြန်ပူးပေါင်းစေ ချင်တယ်။ ဒို့ညီအကိုမောင်နှမ အချင်းချင်း မချစ်ရင် မသနားရင် မကူညီကြရင် ဘယ်သူက လာပြီး ကူညီမလဲ၊ ဒါကြောင့် တကယ်ဘဲ မျိုးချစ်စိတ်ဓါတ်ရှိရင် သျှမ်းတပ်မတော် ၂ ဖွဲ့ ပေါင်းစည်းကြပါ။ သျှမ်းပြည်လူထု အေးချမ်း စွာ နေ ထိုင်စေလိုတဲ့ဆန္ဒတကယ်ရှိခဲ့မယ်ဆိုရင် သျှမ်းတပ် ၂ ခု သျှမ်းပါတီ ၂ ခု ပေါင်းစည်းကြပါလို့တိုက်တွန်း ချင်တယ် – ဟု သျှမ်းသံတော်ဆင့်အားမိန့်တော်မူသည်။

သျှမ်းပြည်မြောက်ပိုင်း လက်နက်ကိုင်ပဠိပက္ခကြောင့် ရွှေကျင်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အား လက်နက်ကိုင်လူ ၂ ယောက်က ၀င်ရောက်ပစ်ခတ်သတ်ဖြတ်သဖြင့် သက်တော် ၄၇ နှစ် ၀ါတော် ၂၇ ၀ါရှိ ကျောင်းထိုင်ဆရာတော်မှာ ပျံလွန်တော်မူသွားခဲ့သည်။ အဆိုပါဖြစ်စဉ်မှာ အမျိုးသားရေး အကွဲအပြဲကြောင့်ဖြစ်ရ ကြောင်း၊ ထိုသို့သောဖြစ်စဉ်မျိုး ထပ်မဖြစ်စေလိုကြောင်း သျှမ်းပြည်တွင်းသံဃာထုက မိန့်တော်မူပါသည်။

၂၀၁၈ သြဂုတ်လ ၂၀ ရက် နေ့ကလည်း သျှမ်းပြည်ငြိမ်းရေးအတွက် သျှမ်းသံဃာထုတရပ်လုံး က တရက်တည်း တချိန်တည်း ပရိတ်ရွတ်ဖတ်ခဲ့ကြပါသေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

လဲချား-မိုင်းကိုင်ကြား လက်နက်ကိုင်အကူအညီဖြင့် ကျားဖြန့်လုပ်ငန်းများ ရွှေ့ပြောင်းလုပ်ကိုင်နေ

0
သျှမ်းပြည် လဲချားနှင့် မိုင်းကိုင်မြို့နယ်ရှိ နမ့်တိန်းချောင်းတလျှောက်တွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းများသည် လက်နက်ကိုင်အကူအညီဖြင့် ရွှေ့ပြောင်းလုပ်ကိုင်နေကြောင်း စုံစမ်းသိရသည်။ ယခုနှစ် ၂၀၂၅ နှစ်ဆန်းပိုင်းမှ စတင်ပြီး လဲချား၊ မိုင်းကိုင်နှင့် ကျေးသီးမြို့နယ်ရှိ နမ့်တိန်းချောင်းတလျှောက် တောထဲတွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းများ တိုးပွားလာပြီး ဒေသတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့နှင့် ပြည်သူ့စစ်များ၏ အကူအညီဖြင့်...

“လက်နက်ကိုင် ပဋိပက္ခများရပ်တန့်နိုင်ရေး” ကိစ္စ NCA (၇)ဖွဲ့နှင့် NSPNC တွေ့ဆုံ ဆွေးနွေး

0
NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၇)ဖွဲ့ နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ညှိနှိုင်းရေး ကော်မတီ (NSPNC) တို့ သည် လက်နက်ကိုင် ပဋိပက္ခများရပ်တန့်နိုင်ရေးဆိုင်ရာ ကိစ္စများကို နေပြည်တော်တွင် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုသည် ယမန်နေ့ (မတ် ၂၉)ရက်တွင် နေပြည်တော်၌ တစ်နိုင်ငံလုံး...

လက်နက်ကိုင် တပ်သားစုဆောင်းမှုနှင့်နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မိုင်းကိုင် တပေါင်းပွဲ မကျင်းပ

0
သျှမ်းပြည် မိုင်းကိုင်မြို့ တွင် နှစ်စဥ်နှစ်တိုင်း စည်းကားသိုက်မြိုက်စွာ ကျင်းပသည့် တပေါင်းပွဲတော်ကို ယခုနှစ်အတွင်း ကျင်းပပြုလုပ်မည် မဟုတ်ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မိုင်းကိုင်မြို့နယ် မွေတော်စေတီတွင် နှစ်စဥ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာကျင်းပသည့် တပေါင်းပွဲတော်ကို ယခုနှစ်၌ လက်နက်ကိုင်များမှ စစ်သားစုဆောင်းမှုနှင့် နိုင်ငံရေး မတည်ငြိမ်ကာ တိုက်ပွဲများကြောင့် ကျင်းပပြုလုပ်မည်မဟုတ်ကြောင်း ဒေသခံများက...