ခွဲမထွက်ရေးမူ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်မခံသေး ထပ်မံဆွေးနွေးဦးမည်ဟုဆို

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တောင်းဆိုထားသည့် ပြည်ထောင်စုမှ ခွဲမထွက်ရေးမူကို တိုင်းရင်းသားများ လက်မခံသေးကြောင်း သိရသည်။

Photo- Myanmar counsellor/ ရွှေစံအိမ်ဟိုတယ် တွင် အောက်တိုဘာ ၁၅၊ ၁၆ ရက် ၂ ရက်တာ ကျင်းပခဲ့သည့် ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲ

နေပြည်တော် ရွှေစံအိမ်ဟိုတယ် တွင် အောက်တိုဘာ ၁၅၊ ၁၆ ရက် ၂ ရက်တာ ကျင်းပခဲ့သည့် ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်ရပ်စဲရေး သဘောတူညီစာချုပ် NCA လက်မှတ်ရေးထိုး ထားသည့် အဖွဲ့ ၁၀ ဖွဲ့ မှ တက်ရောက်ခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၁၀ ဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်- ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ ပအိုဝ်း အမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)တို့ ဖြစ်ကြသည်။

အဆိုပါ ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲတွင် အဓိက အနေဖြင့် ခွဲမထွက်ရေးမူ ဆွေးနွေးကြပြီး၊ ထိုမူကို တိုင်းရင် းသားလက်နက်ကိုင်များ လက်မခံသေးကြောင်း၊ ပြန်လည်ဆွေးနွေးမည်ဖြစ်ကြောင်း သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA အတွင်းရေးမှူး ၃ စိုင်းငင်း က သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ ခွဲမထွက်ရေးမူထည့်ဖို့ ကျနော်တို့တွေ လက်မခံဘူး။ တခြားလက်နက်ကိုင် အဖွဲ့တွေလည်း လက်မခံကြဘူး။ NCA ထဲမှာလည်း မပါဘူး။ ဖြစ်နိုင်ရင် ခွဲထွက်ရေးမူ ကိုမထည့်သေးနဲ့။ ကျနော်တို့ တွေ ပြန်ပြီး ဆွေးနွေးဦးမယ် ဆိုပြီး ပြောကြတယ်။” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ဆိုသည်။

ပြည်ထောင်စုမှ ခွဲမထွက်ရေးမူသည် အရေးကြီးသည့် ကဏ္ဍဖြစ်သည့်အလျောက် ၂ ရက်တာ ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သော်လည်း ချက်ချင်း မဆုံးဖြတ်နိုင်ခဲ့ကြောင်း၊ NCA လက်မှတ် မထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် NCA လက်မှတ် ထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင်များအကြား ပြန်လည် ဆွေးနွေးကြဦးမည်ဖြစ်ကြောင်း ဆွေးနွေးပွဲတက်ရောက်သည့် တိုင်းရင်းသားလက်နက်ကိုင်များက ပြောကြသည်။

“ ကျနော်တို့ လက်မှတ်ရေးထိုးတဲ့အဖွဲ့ရော၊ လက်မှတ်မရေးထိုးတဲ့အဖွဲ့ တွေ တွေ့ပြီး ဆွေးနွေးပြီးမှ ရှေ့လ နိုဝင်ဘာ မကုန်ခင် ပြန်တွေ့ဖို့ ချိန်းထားပါတယ်။ အဲ့ဒီကျရင် တိကျတဲ့ အဖြေပေးနိုင်ဖို့ ကြိုးစားသွားမယ်” ဟု RCSS/SSA မှပြောရေးဆိုခွင့်ရ ဒုတိယ ဗိုလ်မှူးစိုင်းငင်း က ဆိုသည်။

ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံ တခု တည်ဆောက်ရာတွင် တပ်မတော်က ခွဲမထွက်ရ ဆိုသည့် တားမြစ်ချက်ကို ထည့်သွင်းရခြင်းသည် ရေရှည် အာမခံချက် ရှိစေရန် နှင့် တိုင်းရင်းသားတဦးနှင့် တဦး သံသယ ကင်းစွာ ဖြင့် ထာဝရ ငြိမ်းချမ်းရေး လမ်းပေါ် အတူတကွ လက်တွဲနိုင်ရန် ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

ယနေ့ နိုင်ငံရေး ဆွေးနွေးပွဲ အဆင့်ဆင့်တွင် ရင်ဆိုင်ကြုံတွေ့နေရသည့် အဓိက တစ်ဆို့မှု ဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့် နှင့် ခွဲမထွက်ရေး ဆိုသည့် အမြင်ပေါ် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အင်အားစုများ၊ အစိုးရ နှင့် တပ်မတော်တို့ကြားအမြင်ကွာဟချက် များရှိနေကြာင်း PPST အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး က NCA လက်မှတ်ရေးထိုးခြင်း (၃)နှစ်ပြည့် အခမ်းအနား အဖွင့်မိန့်ခွန်း တွင်ပြောကြားခဲ့သည်။

နိုင်ငံရေးဆွေးနွေးပွဲတွေက တစ်ဆင့် တိုင်းပြည်အတွက် လိုအပ်တဲ့ ဖက်ဒရယ်အခြေခံမူတွေကို ရှာဖွေကြရာမှာ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ လူနည်းစုအခွင့်အရေး၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲရေး၊ အာဏာခွဲဝေမှု သဘောတွေကို ရှာဖွေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဖက်ဒရယ်မှုကို ရှာဖွေတဲ့နေရာမှာ ခွဲထွက်ရေး၊ ခွဲမထွက်ရေး ဆိုတဲ့ကိစ္စမျိုးနဲ့ ဆက်စပ်ထားစရာ မလိုအပ်ပါဘူး။

“ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ခွဲမထွက်ရေး ကို အားလုံး လက်တွေ့ကျကျ ရင်ဆိုင်ဖြေရှင်းနိုင် ဖို့လိုပါတယ်။ဒါဟာ နိုင်ငံရေး ပိုင်းဆိုင်ရာ ဖြစ်သလို ကျနော်တို့ အားလုံး မျှော်မှန်း နေတဲ့ အနာဂတ် ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး နဲ့ တိုက်ရိုက်ပတ်သက်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ကဆိုသည်။

အဆိုပါတွေ့ဆုံပွဲအပြီး ကြေငြာချက်တစောင်ကိုလည်းထုတ်ပြန်ရာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCA စာချုပ် အခန်း (၅) ပါ နိုင်ငံရေးလမ်းပြမြေပုံ ချမှတ်ခြင်း၊ အပိုဒ် ၂ဝ (ဂ) ပါ လုံခြံုရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကိစ္စနှင့် လုပ်ငန်းစဉ် ညှိနှိုင်းဆွေးနွေးရန်စတင်သွားမည်ဖြစ်ကြောင်း၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် အပြည့်အဝ အာမခံချက်ရှိသော ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်များနှင့်အညီ တည်ဆောက်သွားမည်ဖြစ်ကြောင်း ပါရှိပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ညီနောင် EAO တစ်ဖွဲ့ချင်း ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီရန် 7 EAO Alliance ကြိုးပမ်းထိန်းညှိနေ

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့နှင့် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် နေပြည်တော်ရှိ M...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

ထင်ယောင်ထင်မှား ငြိမ်းချမ်းရေးနှင့် ကျရှုံးရန်ဇာတာပါလာသော “ရက် ၁၀၀ စီမံချက်”

0
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-မြန်မာနယ်စပ် တလျှောက်ရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဇွန်လ လယ်ပိုင်းတွင် သျှမ်းပြည်သို့ လာရောက်ခဲ့သည်။ ထိုကိုယ်စားလှယ်အဖွဲ့သည်  ဇွန် ၁၇ရက်တွင် မိုင်းလားမြို့၌ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) နှင့် တွေ့ဆုံကာ အစိုးရသစ်၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်နှင့်...

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်နိုင်အောင် အခုမှ ကျနော်တို့ ပြန်ပြီး လမ်းစရှာတာ ဖြစ်ပါတယ်”

0
အသွင်ပြောင်းစစ်အစိုးရ ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် ပထမဆုံးအကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှ ကိုယ်စားလှယ် (၈) ဦးတို့သည် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် နေပြည်တော်သို့ သွားရောက်ခဲ့သည်။ အလားတူ...