Tuesday, January 27, 2026

တာချီလိတ်စျေးသည်တဦး သေနတ်ထောက်ဖမ်းဆီးခံရ

သျှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် ခရိုင် မိုင်းဖုန်းကျေးရွာ အုပ်ရွာ ဝှေလေလန် ကျေးရွာတွင် အောက်တိုဘာ ၃ ရက်နေ့ မနက် ၈နာရီခွဲတွင် အမျိုးသမီး တဦးကို အမည်မသိ အမျိုးသား ၅ ဦးမှ အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း သတင်းရရှိသည်။

Photo By တာချီလိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန / တာချီလိတ်စျေးသည်တဦး သေနတ်ထောက်ဖမ်းဆီးခေါ်ဆောင်သွားသည်ကိုစီစီတီဝီမှတွေ့ရစဉ်

ဖြစ်စဉ်မှာ အသက် ၅၀ အရွယ် ပါ့အီနန်း ၏ နေအိမ် စျေးဆိုင် တွင် စျေးရောင်းနေစဉ် အမည်မသိ အမျိုးသား ၄ ဦးမှ သေနတ်များဖြင့် ခြိမ်းခြောက်ကာ ဖမ်းဆီးခေါ်ဆောင်းသွားကြောင်း တာချီလိတ် ဒေသခံ အမျိုးသားတဦးက ပြောပြသည်။

“ ဘယ်က အဖွဲ့ဆိုတာတော့ မသိရသေးဘူး။ တချို့ကတော့ အရောင်းအဝယ် ကိစ္စကြောင့် ဖမ်းဆီးသွားတယ်လို့ ကြားရတယ်။ ပါ့အီနန်း က အိမ်မှာ စျေးရောင်းနေချိန် သေနတ်နဲ့ ခြိမ်းခြောက်ပြီး ဆွဲခေါ်သွားတာ” ဟု အဆိုပါ အမျိုးသား က ဆိုသည်။

ပါ့အီနန်းကို ဖမ်းဆီးခေါ်ဆောင်သွားသည့် အမျိုးသား ၅ ဦးမှာ မျက်နှာတွင် ပုဝါစည်းထားပြီး၊ ဦးထုပ်ဆောင်းထားကြောင်း၊ ယင်း ကိစ္စနှင့် ပတ်သတ်ပြီး စုံစမ်းစစ်ဆေးနေသေးကြောင်း၊ မည်သည့် အဖွဲ့ ဆိုတာ သေချာ မသိသေးကြောင်း ဟု တာချီလိတ်မြို့ မ ရဲစခန်းမှ ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာချီလိတ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ပေါ်တွင် ပြန်ပေးဆွဲမှု၊ ဓားပြတိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံများက ပြောသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၉ နာရီကျော် အချိန်တွင် ဆန်ဆိုင်း (က) ရပ်ကွက်နေ အသက် (၅၀) အရွယ်ခန့် အမျိုးသမီးတစ်ဦးသည်...

သျှမ်းအရှေ့ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်တွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် မဲပေးရ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်မြို့နယ်ရှိ မဲရုံများတွင် လက်နက်ကိုင်လုံခြုံရေးကြား စိုးရိမ်စိတ်ဖြင့် ပြည်သူများ မဲပေးခဲ့ရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်)တွင် စတင်ကျင်းပနေသည့် စစ်ကော်မရှင် ရွေးကောက်ပွဲ ပထမပိုင်းတွင် သျှမ်းပြည်အရှေ့ပိုင်းမှ ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ် (၃) မြို့နယ်တွင် ပြုလုပ်နေသည်။ မိုင်းဆတ်မြို့နယ်အတွင်း...

မိုးဆက်တိုက်ရွာသွန်းသည့်အတွက် တာချီလိတ်မြို့တွင် ရေကြီး လျှပ်စစ်မီးပြတ် အင်တာနက်မမှန်

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မယ်ဆိုင်ချောင်းရေ မြင့် တက်လာပြီး မြို့ပေါ်ရပ်ကွက်အချို့တွင် ရေဝင်နေသည့်အပြင် လျှပ်စစ်မီးနှင့် အင်တာနက်လည်း မှန်မှန်မရ ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

တာချီလိတ်မြို့ အမျိုးသာတစ်ဦး သေနတ်ခံရပြီး သေဆုံး

0
ထိုင်း-မြန်မယ်နယ်စပ် တာချီလိတ်မြို့တွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင်လူနှစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီးနောက် သေဆုံးသွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (အောက်တိုဘာလ ၈ ရက်) ည ၈ နာရီခွဲဝန်းကျင်တွင် တာချီလိတ်မြို့ ဆန်ဆိုင်း (က) ရပ်ကွက် ခေတ္တာလမ်းတွင် အမျိုးသားတစ်ဦးကို အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက် ဆေးဝါးကုသနေစဉ်...

တာချီလိတ်မြို့နယ် ငွေကျပ် ၁ ဒသမ ၆ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်နှင့်အတူ အမျိုးသား ၇ ဦးကိုဖမ်းမိ

0
ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ၆ ဘီလီယံကျော်တန်ဖိုးရှိသော အိုက်စ် (မက်သ်အဖက်တမင်း) ၂၀၇ ကီလိုနှင့်အတူ အမျိုးသား ၇ ဦးကို ဖမ်းမိရမိကြောင်း စစ်ကော်မရှင်လက်အောက်ခံ မူးယစ်/ ရဲတပ်ဖွဲ့က ယမန်နေ့ (အောက်တိုဘာ ၈) ရက်တွင် သတင်းထုတ်ပြန်သည်။ အဆိုပါမူးယစ်ဆေးဝါးများကို အောက်တိုဘာလ ၄...