Wednesday, January 28, 2026

သျှမ်းပြည်တွင်းဘွဲ့ရလူငယ်များအား ၃ နှစ်အတွင်း အစိုးရဝန်ထမ်းအဖြစ် ၁၇၀၀ ကျော်ခန့်အပ်နိုင်ခဲ့ဟုဆို

သျှမ်းပြည်နယ်အတွင်း ဘွဲ့ရများအလုပ်အကိုင်ရရှိရေးအတွက် အစိုးရမှ စီစဉ်ဆောင်ရွက် ပေးနေ သည်ဟုဆိုသော်လည်း သျှမ်းပြည်နယ်ရှိ တချို့မြို့နယ်များအတွင်း အထူးလိုအပ်လျှက်ရှိသော ကျန်းမာရေးဝန်ထမ်းများကိုမူ မခန့်အပ်ပေးနိုင်သေးသလောက် နည်းပါးနေသေးကြောင်း သိရသည်။

Photo by SHAN/ ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်(၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေး

၂၀၁၈ ခုစက်တင်ဘာ၂၄ ရက်နေ့ တောင်ကြီးမြို့တွင်ကျင်းပသော ဒုတိယ အကြိမ် သျှမ်းပြည် နယ် လွှတ် တော်(၁၁)ကြိမ်မြောက်ပုံမှန် အစည်းအဝေး သတ္တမမြောက်နေ့ ၌ ပင်းတယမြို့နယ် မဲ ဆန္ဒနယ် အမှတ် (၂)ကိုယ်စားလှယ်မှ ဦးညီညီ(ခ) ဦးညီလေးချမ်းက ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၌ သျှမ်းပြည်နယ် အတွင်း တက္ကသိုလ်များ၊ ကောလိပ်များ၊ အဝေးသင် တက္ကသိုလ်များ နှင့် ဘွဲ့ရများ အလုပ်အကိုင်ရရှိရေး အတွက် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းသည်။

၄င်း၏မေးမြန်းချက်အား လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက သျှမ်းပြည်နယ်မှ အသက်မွေးဝမ်းကျောင်းပညာ တက်ရောက်ပြီး ကျွမ်းကျင်သူများကိုလည်း အမျိုးသား အဆင့်ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ် ရရှိရန် စာမေးပွဲ ၀င်ရောက်ဖြေဆို နိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်ပေး နေကြောင်းနှင့် တခြားတက္ကသိုလ်မှ ဘွဲ့ရလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရေး ဒေသခံလုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ ဌာနများနှင့် ချိတ်ဆက်ကာ စီစဉ်ဆောင်ရွက် ပေးကြောင်း၊ ၂ နှစ်အတွင်း အစိုးရဌာနတွင် ၀န်းထမ်းပေါင်း ၁၇၀၀ ကျော် နှင့် ပုဂ္ဂလိက လုပ်ငန်းများတွင်ဝန်ထမ်း ၆၉၀၀ ကျော်အလုပ်ခန့်အပ်ပေး နိုင်ခဲ့ကြောင်း ဖြေကြားခဲ့သည်။

သို့သော် သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းလိုအပ်နေသည့် ကျန်းမာရေးကြီးကြပ်ရေး (၂) တစ်ဦး ကို ခန့်အပ်ထားရေးနှင့် ပတ်သက်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့ ပြည်သူ့လွှတ်တော် အစည်း အဝေး တွင် ကိုယ်စားလှယ်စိုင်းဆိုင်မိန်း၏ မေးမြန်းချက်ကို ကျန်းမာရေးနှင့်အားကစား ဒုဝန်ကြီး ဒေါက်တာဒေါ်မြလေးစိန်က လတ်တလောခန့်အပ်ထားပေးနိုင်ခြင်းမရှိသေးကြောင်း ၊ ၂၀၁၉ ခုနှစ် ကျန်းမာရေးကြီးကြပ်(၂) အသစ် ခန့်ထား ပေးမည့်အချိန်တွင် ဦးစားပေး ခန့်ထားပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့သည်။

သျှမ်းပြည်နယ်တွင် တက္ကသိုလ်/ကောလိပ်ပေါင်း ၁၃ ခုရှိပါသည်။ ၂၀၁၆ ခုနှစ်ဧပြီလ ၁ ရက်နေ့မှ ၂၀၁၈ ခုနှစ်ဂျူလိုင်လ ၃၁ ရက်နေ့အထိ အစိုးရဌာနပေါင်း ၆၁၃ ဌာန နှင့် ပုဂ္ဂလိကဌာန ၆၈၇ ခုတို့တွင် အလုပ်အကိုင် အခွင့်အလမ်းများစီစဉ်ဆောင်ရွက် ပေးခဲ့ ကြောင်း ဒေါက်တာမျိုးထွွန်းက ကဖြေကြားသွားခဲ့ပါသည်။

ထို့အပြင် သျှမ်းပြည်နယ် အလုပ်သမား ညွှန်ကြား ရေးဦးစီးဌာန ပြည်နယ်ရုံးမှ တောင်ကြီးမြို့၊ လွိုင်လင်မြို့၊ ကျောက်မဲ ၊လားရှိူး၊မူဆယ်မြို့ ၊ ကျိုင်းတုံ ၊ တာချီလိတ်မြို့တို့တွင် ရုံးများဖွင့် ထားပြီး အလုပ်အကိုင် နှင့် အလုပ်သမားရှာဖွေရေးရုံးများကို လင်းခေးမြို့၊ မိုင်းဖြတ်မြို့၊ အောင်ပန်းမြို့ ၊လောင်ကိုင်မြို့၊ ကွန်းလုံမြို့၊ မိုင်းဆတ်မြို့တို့တွင် ဘတ်ဂျတ်ပေါ်မူတည်ပြီးတိုးချဲ့ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) မှ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ...

လူသုံးကုန်ပစ္စည်း တင်ဆောင်ခွင့်ပိတ်ပြီးနောက် ကားသမားများ အလုပ်အကိုင် ကြပ်တည်းလား

0
စစ်ကော်မရှင်တပ်မှ လူသုံးကုန်ပစ္စည်းများ တင်သွင်းခွင့် လက်ဆက် ပိတ်ပင်ထားခြင်းကြောင့် သျှမ်းပြည် အ‌ရှေ့ပိုင်းနှင့် တောင်ပိုင်းသို့ သွားလာနေသည့် ကားသမားများ အလုပ်အကိုင် ကြပ်တည်းမှု ကြုံတွေ့လာကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်မှ စတင်ပြီး စစ်ကော်မရှင်လက်အောက်ခံ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှု ကော်မတီ၏ လမ်းညွှန်ချက်အရ နယ်စပ်ဂိတ်၊...

တောင်ကြီးမြို့သို့ အလုပ်လာရောက်သည့် အမျိုးသမီးတစ်ဉီး ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ဩတချောင်း နယ်မြေ (၅) ရွှေကြယ်မုန့်ဆိုင်တွင် အလုပ်လာလုပ်သည့် အသက် (၂၀) အရွယ်ရှိ မစုပြည့်အောင် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ အဆိုပါ မစုပြည့်အောင်သည် အင်းလေးဒေသ ညောင်ရွှေမြို့နယ် ပုံ့မှုကျေးရွာအုပ်စု ကျောင်းနားကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဦးဝင်းဖေ၊ ဒေါ်ငွေရင်တို့၏ တစ်ဦးတည်းသော သမီးဖြစ်ကြောင်း...

တောင်ကြီးပညာပါရမီ မိဘမဲ့ကျောင်းဖြတ်ပိုင်းဖြင့် လိမ်လည်အလှူခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပညာပါရမီ မိဘမဲ့ကျောင်းအတွက် အလှူခံဟုဆိုကာ လိမ်လည်တောင်းခံနေကြောင်း သတင်းရရှိသည်။ ဇူလိုင်လ (၁၂) ရက်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာဘက်တွင် အဝတ်အစား သပ်ရပ်စွာ ဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သည် နေအိမ်ခြံဝန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်ကာ မိဘမဲ့ကျောင်းအတွက်ဆိုကာ...

တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်ပြီးနောက် စစ်အင်အားထပ်ဖြည့်

0
သျှမ်းပြည် တောင်ကြီးမြို့သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီးနောက် စစ်အင်အား ထပ်မံဖြည့်တင်းနေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၃ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်သို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိလာပြီး နယ်မြေ မငြိမ်မသက်မှုများ မဖြစ်စေရေး ဆောင်ရွက်ရန် မှာကြားပြီးနောက် စစ်အင်အား...