Wednesday, January 28, 2026

သျှမ်းလက်နက်ကိုင်တပ် ၂ ခု ပေါင်းစည်းနိုင်ရေး ကျောက်မဲဒေသခံလူထုနှင့် သံဃာတော်များတွေ့ဆုံဆွေးနွေး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နေ ဒေသခံလူထုနှင့်သံဃာတော်များ စုပေါင်းကာ သျှမ်းတပ် ၂ ခုပေါင်း စည်းရေး အတွက် တိုက်တွန်းနှိုးဆော်မှုပြုလုပ်ကြောင်းသိရသည်။

Photo by ကျောက်မဲမြို့ သံဃာတော်များအဖွဲ့ း ကျောက်မဲမြို့ သံဃာနှင့်လူထုတွေ့ဆုံပွဲမှ ကြေငြာချက်

စက်တင်ဘာလ ၁၄ ရက်နေ့က ကျောက်မဲမြို့ကျောင်းယွက် ဘုန်းကြီးကျောင်းတွင် တွေ့ဆုံမှုပြုကြရာ ၀င်ရောက်ဆွေးနွေးသူအင်အား ၂၀၀ ခန့်ရှိကြောင်း၊ သဘောတူညီချက် ၄ ချက်ရရှိခဲ့ကြောင်းသိရပါသည်။

သျှမ်းသံဃာတော်များအဖွဲ့၊ လူထု၊ ကျားခေါင်းပါတီ၊ ကျားဖြူပါတီ၊ စာပေယဉ်ကျေးမှုအဖွဲ့၊ နမ့်ခုံးသျှမ်း များ ပရဟိတအသင်း၊ ၀ုန်းမေတ္တာ အဖွဲ့တို့စုပေါင်းကာ သျှမ်းပြည်အနာဂတ်နိုင်ငံရေး၊ လက်ရှိကြုံတွေ့နေရသော သျှမ်းတပ် ၂ ခု ပေါင်းစည်းရေးတွင်ကြုံတွေ့နေရသော ပြသနာများ ကိုဆွေးနွေးနိုင်ခဲ့ကြောင်းသိရသည်။

ကျောက်မဲသျှမ်းသံဃာတော်များအဖွဲ့မှ တာဝန်ရှိသံဃာတော်တပါးက – အဓိကကတော့ သျှမ်းလက်နက် ကိုင်တပ်ဖွဲ့ ၂ ဖွဲ့ပေါင်းစည်းနိုင်ရေး၊ အချင်းချင်းပစ်ခတ်နေမှုမှရပ်တန့်ရေး၊ သူ့နယ်မြေ ကိုယ့်နယ်မြေ ခွဲခြား နေမှုကနေရပ်တန့်ရေး အဲဒီအတွက်ဆွေးနွေးတယ်။ သူတို့အချင်းချင်းမပူးပေါင်းနိုင်တာ တောင်မှ မပူးပေါင်း ချင်တာတောင်မှ အချင်းချင်းမပစ်ခတ်ဖို့ တိုက်တွန်းချင်တယ်။ အဲဒါကြောင့်ဒီအစည်းအဝေးကနေ ကြေငြာ ချက်တစောင်ထုတ်ပြန်လိုက်တယ်။ သျှမ်းတပ် ၂ ဖွဲ့ကနေ ဒီကြေငြာချက်သဘောထားကို သေချာဖတ်ကြည့်ပြီး ဒီအကြံပြုတဲ့အတိုင်း ဆောင်ရွက်သွားစေချင်တယ်- ဟု သျှမ်းသံတော်ဆင့်အား မိန့်တော်မူသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကျောက်မဲမြို့တွင်းမှ သံဃာတော် ၆၀ ပါး၊ လူထု ၁၄၀ ကျော် တက်ရောက်ဆွေးနွေး ကြောင်းသိရသည်။

ထုတ်ပြန်ထားသောကြေငြာချက်တွင် – သျှမ်းပြည်တပ်မတော်အချင်းချင်းပစ်ခတ်နေမှုမှ ရပ်တန့်ရန်၊ မျိုးဆက် သစ်များအား သမိုင်းဆိုးမချန်ထားပေးရန်နှင့် ကမ္ဘာ့အလယ်တွင် အရှက်တကွဲ အကျိုးနည်းအောင်မပြုရန်၊ သျှမ်းပြည်တပ်မတော်အချင်းချင်း အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် ၂ ဖက်ခေါင်းဆောင်များ တွေ့ဆုံမှုပြုရန်၊ သျှမ်းပြည်လူထုနှင့်သံဃာတော်များ၏ ဆန္ဒသဘောထားကို ဂရုမမူဘဲ အချင်းချင်း ပစ်ခတ်မှုဖြစ်ပွါးအောင် စတင်လုပ်ဆောင်ပါက အဆိုပါတပ်ဖွဲ့အား ပြင်းပြင်းထန်ထန်ဆန့်ကျင်ကန့်ကွက်သွားမည်- စသည်တို့ပါရှိ ပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲ စစ်တပ်ပြန်ဝင်လာပြီး TNLA နှင့်ဆက်စပ်သူများကို ဖမ်းဆီး၊ နေအိမ်ဆိုင်ခန်း ချိတ်ပိတ်

0
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကော်မရှင်တပ်က TNLA နှင့် ပတ်သက်ကြောင်း စွပ်စွဲခံရသူများကို စတင်ဖမ်းဆီးခဲ့ပြီး နေအိမ်ဆိုင်ခန်းများလည်း ချိတ်ပိတ်ခံရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁) ရက်တွင် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က အလုံးစုံ ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်စဉ် အုပ်ချုပ်ရေးပိုင်း...

ကျောက်မဲမြို့ထဲ စစ်ကော်မရှင်တပ် ပြန်ဝင်ရောက်နေရာယူ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး မြို့ပြင်ဘက်တွင် သေနတ်ပစ်ခတ်သံများ ဆက်ကြားနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၁ ရက်) နံနက်ပိုင်းမှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ခုခံကာကွယ်ခဲ့သည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး ယမန်နေ့တွင် မီးရှို့ခံထားရသည့် ဌာနဆိုင်ရာရုံးများတွင် နေရာယူထားကြောင်း...

ကျောက်မဲမြို့အနီး ၃ မိုင်အကွာ တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် အဆိပ်ဗုံးကြဲဟု TNLA ပြော

0
သျှမ်းပြည် ကျောက်မဲမြို့အနီး ၃ မိုင်ခန့်အကွာအဝေးတွင် စစ်ကော်မရှင်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၂၉ ရက်) နေ့လယ်ပိုင်းတွင် စစ်ကော်မရှင်တပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် မြေပြင်ထိတွေ့တိုက်ပွဲသည်...

ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးကို TNLA ပြန်လွှတ်ပေး

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး ပြန်လွှတ်လာကြောင်း သတင်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက် နေ့လယ် ၂ နာရီခွဲအချိန်တွင် ကျောက်မဲမြို့ နမ့်ခုံးရှမ်းများပရဟိတ အသင်းဝင် တစ်ဦးဖြစ်သည့် နန်းအေးယိင်းသည် ကျောက်မဲမြို့...

ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ကို TNLA ဖမ်းဆီး

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ၃ ဦးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျောက်မဲဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်) နေ့လယ် ၂ နာရီခွဲတွင် ကျောက်မဲမြို့...