လဲချားမြို့နယ် ၀မ့်ယိမ်းကျေးရွာ ကျောင်းအတွက် လဲချားလူငယ်များအလှူခံ

သျှမ်းပြည်တောင်ပိုင်းလဲချားမြို့နယ် ၀မ့်ယိမ်းကျေးရွာရှိ ကျောင်းဆရာ ဆရာမများ၊ ကျောင်းသားများ အား ကူညီထောက်ပ့ံပေးရေးအတွက် လဲချားမြို့ လူငယ်များကစုပေါင်းကာ ရံပုံငွေရှာဖွေရေးလှုပ်ရှားမှု တခုပြုခဲ့ ကြောင်း သိရသည်။

ကျနော်တို့လဲချားလူငယ်အဖွဲ့ထဲက လူငယ် ၁၀ ယောက်လောက်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နို၀င်ဘာလ ၂၆ ရက်နေ့က လဲချားမြို့ထဲမှာ လှည့်လည်ပြီးအလှူခံတယ်။ စေတနာရှင်တွေ မြို့ခံတွေက သဒ္ဓါထက် သန်ကြ ပါတယ်။ ကျေးဇူးအထူးတင်ရှိပါတယ်။ သျှမ်းပြည်မှာ အမျိုးသားကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ။ အလှူငွေများများ စားစားမရှိသေးတော့ ကလေးတွေပညာရေးအတွက်ကူညီထောက်ပ့ံကြဖို့ တိုက်တွန်းပါတယ် – ဟု လဲချားလူငယ် စိုင်းလိုင်းဟိန်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

ကျောင်းသူကျောင်းသားများအတွက် သျှမ်းနှစ်သစ်ကူးပွဲတော်အမှတ်တရ သျှမ်းဝတ်စုံဝယ်ပေးနိုင်ရေး အတွက် ရည်ရွယ်ကာ လဲချားမြို့နယ် အတွင်း လှည့်လည်အလှူခံခြင်းဖြစ်ကြောင်း လဲချားမြို့ လူငယ်ခေါင်းဆောင် စိုင်းလိုင်းဟိန်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

“ဒီကျောင်းက မနှစ်ကမှ စဖွင့်တာပါ။ ကလေးတွေကို အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်းနဲ့ သျှမ်းစာ အဓိက သင်ကြားပေးတယ်။ ကျမတို့ကျောင်းသားမိဘတွေဘက်ကတော့ ကျောင်းစရိတ်မကုန်ရပါဘူး။ ဒီက ၃ နှစ်တက်ပြီးရင်ကာလိမှာကျောင်းသွားတက်ရမယ်လို့ပြောပါတယ်။အဲတာကို သဘောကျလို့ပါ”- ဟုကျောင်းသားမိဘတဦးဖြစ်သည့် နန်းခမ်းအွန်က ပြောသည်။

လဲချားမြို့အနောက်ဘက် ၁၈ မိုင်ခန့်အကွာ ၀မ့်ယိမ်းအုပ်စုရှိ အဆိုပါကျောင်းတွင် ကျောင်းသူ ကျောင်းသား လေးများ ၄၀ ခန့်ရှိပြီး လက်ရှိသင်ကြားပေးနေသည့်ဆရာ ဆရာမ ၃ ဦး သာရှိကြောင်းသိရသည်။

“ဆရာ ၊ဆရာမတွေကလည်း ကာလိမှာရှိတဲ့ကော်တိုင်းအမျိုးသားကောလိပ်ကနေ ပ့ံပိုးပေးတယ်။ သင်ရိုးညွန်း တမ်းတွေ စာအုပ်စာတမ်းတွေကလည်း ကော်တိုင်းကနေပံ့ပိုးပေးတယ်။ ကော်တိုင်းအမျိုးသားကျောင်း နဲ့ အခြေခံပညာ ဆက်လက်သင်ကြားနိုင်အောင် ချိတ်ဆက်ထားတယ် ”- ဟုလည်း စိုင်းလိုင်းဟိန်းက ပြောဆိုပါသည်။

အဆိုပါ သျှမ်းအမျိုးသားကျောင်း ဖြစ်မြောက်ရေးအတွက် ၀မ့်ယိမ်းကျောင်းတိုက်မှ ဆရာတော်က ကမကထပြု ကာ ၂၀၁၆ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပါသည်။ လက်ရှိတွင် ကော်တိုင်းအမျိုးသားကောလိပ်ကျောင်းပံ့ပိုးမှုဖြင့် ၃ တန်း အထိ ဖွင့်လှစ်သင်ကြားသွားမည်ဟု ဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စပါးကျီအစား အကြွေးကျီသာ ပြည့်နှက်နေသည့် ပုံးအင်းလွင်ပြင်

0
စပါးရိတ်သိမ်းပြီးစ ရိုးပြတ်များသာ ကျန်ရှိတော့သည့် ပုံးအင်းလွင်ပြင်၏ တိတ်ဆိတ်ခြောက်ကပ်နေသော မြင်ကွင်းကို ငေးကြည့်ရင်း အသက် ၄၀ အရွယ် နန်းဟွမ်တယောက် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ လယ်ကွင်းထဲတွင် ရိတ်သိမ်းစရာ စပါးနှံများ မရှိတော့၍ အလုပ်အားသွားပြီ ဖြစ်သော်လည်း သူမ၏ ရင်ထဲတွင် ရှေ့ဆက်ရမည့် ဘဝခရီးအတွက် ပူပန်မှုများက အပြည့်နေရာယူထားဆဲ...

စစ်စရိတ်နှင့် သယံဇာတ – တအာင်းဒေသတွင် မြေရှားသတ္တုတူးဖော်မှု အရှိန်အဟုန်ဖြင့် တိုးလာနေ

0
ကမ္ဘာ့နည်းပညာလောက၏ လျှပ်စစ်ကား (EV) ဘက်ထရီများနှင့် ခတ်မီစစ်လက်နက်များ ထုတ်လုပ်ရန်အတွက် လေးလံမြေရှားဒြပ်စင် (Heavy Rare Earth) များသည် မရှိမဖြစ် လိုအပ်လာနေသည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးနေသည့် ကမ္ဘာ့အကြီးဆုံး ရင်းမြစ်တစ်ခုမှာ မြန်မာနိုင်ငံ ဖြစ်လာခဲ့သည်။ သို့သော်လည်း လက်ရှိတွင် အဆိုပါလုပ်ငန်းများသည် ကချင်ပြည်နယ်မှတစ်ဆင့် သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်း (ပလောင်)...

တုက္ကစီဒိုသခင်လေးနဲ့ ခေတ်သစ်မြို့ပြလူတွေရဲ့ အဖော်မွန်

0
မနက်တိုင်း ကျနော့မှာ နာရီနှိုးစက် သီးသန့်ပေးထားစရာ မလိုပါဘူး။ ဘာလို့လဲဆိုတော့ (၇) ကီလိုလောက်ရှိတဲ့ အမွေးပွ "နှိုးစက်ကြီး" က ကျနော့်ရင်ဘတ်ပေါ် တက်ထိုင်ပြီး နှိုးတတ်လို့ပါ။ သူကတော့ ကျနော်ရဲ့ ပထမဆုံး ကိုယ်တိုင်မွေးထားတဲ့ "အိုက်တမ်" ဆိုတဲ့ ကြောင်လေးပေါ့။ "အိုက်တမ်" ဆိုတာ မြန်မာလိုဆိုရင်တော့ "အမဲလေး"...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တောင်ကြီး လူငယ်တဦး ပေါ်တာဆွဲခံရ၊ ပြန်ထုတ်ရန်ပွဲစားငှားရမ်းရာ လိမ်ခံရပြန်

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကော်ရှင်တပ်က လူငယ်တဉီးကို ဖမ်းဆီးပေါ်တာဆွဲခဲ့ရာ မိသားစုဝင်များ ကလူငယ်ကို ပြန်ထုန်ရန် အတွက် ပွဲစားငှားရမ်းရာာတွင် လိမ်ခံရပြန်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ပထမပတ်တွင် စစ်ကော်မရှင်၏ တပ်သားများသည် ညဈေးမှမုန့်ဝယ်ပြီး နေအိမ်သို့ ပြန်လာသည့် တောင်ကြီးမြို့ခံ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးကို...