စစ်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်တဝှမ်း သွင်းကုန်ရပ်တန့်

စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး ကုန်ဈေးနှုန်းမြင့်တက်လာမည်ကိုလည်း ပြည်သူများက စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။

(မေလ ၁ ရက်)မှ စပြီး တရုတ်ကုန်စည်များတင်သွင်းသည့် မူဆယ် – လားရှိုးလမ်းကြောင်းနှင့် ထိုင်းကုန်စည်များတင်သည့်သည့် တာချီလိတ် – ကာလိ စသည့် လမ်းပိုင်းကို စစ်ကော်မရှင်၏ အစိုးရ ရက် ၁၀၀ စီမံကိန်းကြောင့် ကုန်တင်ကားများ ရပ်နားထားရသည်။

ထိုရက် (၁၀၀)စီမံကိန်းကြောင့် ပို့ကုန်၊သွင်းကုန်များ တင်းကြပ်လာမှုကြောင့် သျှမ်းပြည်အတွင်းသို့ ယခုရက်ပိုင်း ကုန်ပစ္စည်းများ တင်သွင်းရောင်းချင်ခြင်းမရှိသည့်အပြင် ကုန်သည်များလည်း ပစ္စည်းဝယ်ယူမှုရပ်ထားကာ အချို့ စားသုံးကုန်နှင့် လူသုံးကုန်ပစ္စည်းများ မကြာခင် ပြတ်လပ်မှုရှိလာနိုင်ကြောင်း မိုင်းရှူးမြို့ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုက တာချီလိတ်ဘက်ကနေလည်း ကုန်တင်လာဖို့ကလည်း ခက်ခဲနေတယ်။တာကော့ တံတားမှာလည်း ၁၀၀ စီမံချက် စစ်ဆေးတာတွေကြောင့် ကားသမားကလည်း မတင်ရဲဘူး။ ကာလီမြို့ကနေလည်း ကုန်ပစ္စည်းတွေက မှာလို့မရတော့ ရပ်ထားရတယ်။ လားရှိုးဘက်ကနေလည်း ယူလို့မရဘူး။အဲ့တော့ ကုန်ပစ္စည်းတွေ တင်သွင်းဖို့က ရပ်ထားရတာပေါ့။”ဟု ၎င်းကပြောသည်။

ဆက်လက်ပြီး ထိုင်နိုင်ငံထုတ် ကုန်စည်များကို တင်သွင်းဝယ်ယူရန်ခက်နေခြင်းကြောင့် ကျန်ရှိနေသည့် ကုန်ပစ္စည်းများကိုသာ အဓိကရောင်းချနေရပြီး ရှေ့လအတွက်ပါ ကုန်ပစ္စည်းများ ဈေးနှုန်းမြင့်တက်သွားမည်ကို စိုးရိမ်ရကြောင်း သိရသည်။

“ဆီဈေးတွေ ဈေးတက်တုန်းကလည်း ကုန်ဈေးနှုန်းတွေက တက်ခဲ့တယ်။ အခု ရက် ၁၀၀ စီမံချက်၊ တွင်းကုန်ထုတ်ကုန် အခွန်ထပ် တိုးကောက်မှာဆိုတော့ ဈေးနှုန်းထပ်တက်နိုင်တယ်။ နောက်လဆိုရင်တော့ ဈေးနှုန်းတွေထပ်မြှင့်တက်လာနိုင်တယ်။” ဟု ၎င်းက ထပ်လောင်းပြောသည်။

အလားတူ သျှမ်းပြည် မြောက်ပိုင်းတွင် တရုတ်နိုင်ငံထုတ် ကုန်စည်များကို တင်သွင်းမှုကို တင်းကြပ်နေခြင်းကြောင့် မူဆယ် – မန္တလေး၊ မူဆယ် – လားရှိုး သို့တင်ပို့သည့် ကုန်ပစ္စည်းများလည်း ရပ်တန့်ထားကြောင်း မူဆယ်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ထပ်မံလောင်ပြောသည်။

“ကုန်‌ဈေးနှုန်းတွေ လောလောဆယ်ငြိမ်နေတယ် ။တရုတ်နိုင်ငံထုတ် မူဆယ်ကနေ မန္တလေးပို့ရမဲ့ ကုန်ပစ္စည်းတွေ၊ပြီး‌တော့ လားရှိုးပို့ရမဲ့ ကုန်ပစ္စည်းတွေက အခုဘယ်ကားသမားမှ မတင်းဘူးဖြစ်နေတာ။ ရပ်နားထားတယ်ဆိုတဲ့ သဘောပါပဲ။လမ်းမှာ စစ်ဆေးတာများလို့ပါ။”ဟု မူဆယ်မြို့နယ် ဒေသခံ အမျိုးသားတစ်ဦး ပြောသည်။

ရှေ့လများတွင် အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီ စျေးနှုန်းမြင့်တက်လာပြီး ကုန်စည်စျေးနှုန်းများလည်း တရိပ်ရိပ်တက်လာခဲ့သည်။

ယခုအခါ စစ်ကော်မရှင် အစိုးရ၏ ရက် ၁၀၀ စီမံချက် နှင့် ပြည်ပနိုင်ငံများမှ တင်သွင်းသည့် ကုန်ပစ္စည်းများနှင့် ပြည်တွင်းမှ ပြည်ပသို့ တင်ပို့သည့် ကုန်ပစ္စည်းများကို ထပ်မံ အခွန်တိုးကောက်မှုကြောင့် အတွက် ကုန်ဈေးနှုန်းများ ဆက်လက်မြင့်တက်လာလျှင် အခြေခံလူတန်းစားအတွက် စိုးရိမ်ရကြောင်း ကွတ်ခိုင်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။

“အခြေခံလူတန်းစားတွေအတွက် အခုအခြေအနေတောင် ခက်ခဲနေတာ။ အသားတွေကလည်း ဈေးကြီး အကုန်လုံးကလည်း ဈေးကြီးနေတော့ မိသားစုအတွက် တစ်ရက်စာက ၂ သောင်းလောက် မရှိရင်တော်တော် ခက်ခဲပါတယ်။လူဦးရေများရင် ဘယ်လိုလုပ်မလဲ အဲ့လိုပေါ့။”ဟု ကွတ်ခိုင်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ ကုန်စည် စီးဆင်းမှု ရပ်တန့်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်ကြောင့် မြန်မာနိုင်ငံတဝှမ်းနည်းတူ သျှမ်းပြည်အတွင်းလည်း ရိုက်ခတ်မှုများရှိလာနိုင်ပြီး၊ ကုန်းစျေးနှုန်းများ ဆက်လက်မြင့်တက်နေလျှင် လူထု၏ စီးပွားရေး နှင့် စားဝတ်နေရေးအတွက် ဖိအားပိုများလာနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် စစ်ရေး အကျပ်အတည်းကြား လူမှုစီးပွား ကျဆင်းနေချိန် စစ်ကော်မရှင်၏ အစိုးရသည် အခွန်လျှော့ရမည့်အစား အခွန်တိုးကောက်ရန် ကြေညာခဲ့သည်။

အစိုးရသစ်၏ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက (မေလ ၁ ရက်)မှစပြီး ပြည်ပနိုင်ငံများမှ တင်သွင်းသည့် ကုန်ပစ္စည်းများနှင့် ပြည်တွင်းမှ ပြည်ပသို့ တင်ပို့သည့် ကုန်ပစ္စည်းများ စုစုပေါင်း ကုန်စည် ၁၅၀ မျိုးကို အခွန် တိုးမြှင့်ကြောင်း ကြေညာခဲ့သည်။

တိုးမြှင့်လိုက်သည့် အခွန်နှုန်းထားများမှာ ငါးနှင့် ရေထွက်ပစ္စည်းအပေါ် ယခင် ၅ ရာခိုင်နှုန်းမှ ယခု ၁၅ ရာခိုင်နှုန်း၊ မုန့်နှင့် စားသောက်ကုန်များကို ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်း၊ မော်တော်ဆိုင်ကယ်သုံး တာယာနှင့် ကျွတ်များ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်း၊ နို့နှင့် နို့ထွက် ပစ္စည်းများအတွက် ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်း ပြောင်းလဲ တိုးမြှင့်ထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် သြဂုတ်လတွင်လည်း စစ်ကော်မရှင်၏ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီက ပြည်ပမှ တင်သွင်းသော စားသောက်ကုန်၊ လျှပ်စစ်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းများအပါအဝင် ကုန်ပစ္စည်း ၃၅ မျိုးအား ပင်လယ်ရေကြောင်းအပြင် နယ်စပ်ပေါက်များမှ တင်သွင်းမှုကို ယာယီပိတ်ပင်ရန် ညွှန်ကြားထားသည့် ကြေညာချက်များ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့လာခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းမြို့ထဲ ပြန်လည်ဝင်ရောက်ရန် Non-CDM များကို စစ်အစိုးရ အသင့်ပြင်ခိုင်းထားဟုဆို

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင် တာဝန်ပြန်လည် ထမ်းဆောင်နိုင်ရန် မူဆယ်မြို့ဘက်ရှိ Non-CDM ဝန်ထမ်းများကို အသိပေး ပြင်ဆင်ခိုင်းနေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ထဲသို့ ပြန်လည်ဝင်ရောက်၍ အုပ်ချုပ်ရေးယန္တရား လည်ပတ်ရန် စစ်ကော်မရှင် အသွင်ပြောင်း စစ်အစိုးရမှ မူဆယ်နှင့်...

လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ (၇) ကိုင်ဆောင်သူများ လိုက်နာရမည့် ဥပဒေပါ စည်းကမ်းချက်များ ထုတ်ပြန်

0
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ရရှိထားသူများအနေဖြင့် ဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန် ပျက်ကွက်လျှင် လယ်ယာမြေလုပ်ပိုင်ခွင့် ဆုံးရှုံးနိုင်ကြောင်းနှင့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဥပဒေနှင့်အညီ ဆောင်ရွက်ရန် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ယနေ့ (ဧပြီလ ၂၀ ရက်) တွင် ထုတ်ပြန်လိုက်သည်။ လယ်ယာမြေဥပဒေ ပုဒ်မ (၁၂) နှင့် (၁၃)...

လင်းခေးမြို့နယ် ကိုဗစ် ကာကွယ်ဆေး လက်မှတ်မရှိလျှင် ခရီးသွားခွင့်မရ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားသည့် သက်သေ အထောက်အထား မရှိလျှင် ခရီးသွားခွင့်မရှိကြောင်း စုံစမ်းသိရသည်။ လက်ရှိမှာ စစ်အစိုးရ က သျှမ်းပြည်အပါအဝင် မြန်မာနိုင်ငံတဝှမ်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနေသော်လည်း ပြည်သူများက ထိုကိုဗစ်-၁၉ ကာကွယ်ဆေးကို သွားရောက်မထိုးကြကြောင်း၊ ပြည်သူများက ကိုဗစ်-၁၉ ကာကွယ်ဆေးကို...

လားရှိုးမြို့ နားမွန်းကျေးရွာ တောင်သူများနှင့် တပ် မြေယာမြေ အငြင်းပွားမှုဖြစ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာ အုပ်စု နားမွန်းကျေးရွာမှ တောင်သူများနှင့် အရှေ့မြောက်တိုင်း စစ်ဌာန ချုပ်တို့မြေယာ အငြင်းပွားမှု ဖြစ်ပွားကြောင်း သတင်းရရှိသည်။ မြေယာ အငြင်းပွားမှု ဖြစ်ပွားရသည့် အကြောင်းရင်းမှာ စစ်အစိုးရ လက်ထက် ၂၀၀၄ ခုနှစ်က စစ်တပ်မှ နားမွန်းရွာသားများ၏ မြေယာ ၅၂...