ရွေးကောက်ပွဲ ကျင်းပခါနီး ပေါက်ကွဲမှုဖြစ်ပြီးနောက် လားရှိုးမြို့တွင်း စစ်ဆေးမှုတင်းကြပ်နေ

စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မြို့တွင်း စစ်ဆေးရေးဂိတ်များ စစ်ဆေးမှုတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဒီဇင်ဘာလ ၂၃ ရက်) လားရှိုးမြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် စစ်သား နှင့် လက်အောင်ရဲများက ကားအပြင် ဆိုင်ကယ်များကိုပါ စစ်ဆေးမှုတင်းကြပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် လားရှိုးမြို့ ဒေသခံ အမျိုးသမီးတစ်ဦက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မနက်လောက်က မြို့ပြင်သွားတော့ အရမ်းစစ်နေတာ။ဆိုင်ကယ်နဲ့ သွားတာ လွယ်အိတ်တွေပါ ဖွင့်ပြရတယ်။အရင်က ဆိုင်ကယ်ဆိုရင် မစစ်ဘူးလေ။ကားတွေလောက်ပဲ နည်းနည်းပါးပါးစစ်တာ။ ဒီနေ့က အကုန်စစ်တာ ကားတွေကိုလည်း သေချာစစ်နေတာ။”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် လားရှိုးမြို့ ဒေသခံ အမျိုးသမီးတစ်ဦက ပြောသည်။

လာမည့် (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၁ တွင် လားရှိုးမြို့နယ် ပါဝင်သည်။

စစ်ကော်မရှင်ကျင်းပမည့်‌ ရွေးကောက်ပွဲတွင် သျှမ်းပြည်ရှိ မြို့နယ်ပေါင်း ၁၂ ခုပါဝင်ပြီး ယင်းမြို့မှာ ပင်းတယ၊ ဟိုပုံး၊ နောင်ချို၊ ကျိုင်းတုံ၊ တာချီလိတ်၊ တောင်ကြီး၊ နမ့်စန်၊ မူဆယ်၊ မိုင်းဆတ်၊ လားရှိုး၊ လင်းခေး၊ လွိုင်လင်မြို့နယ်တို့ ဖြစ်သည်။

ပြီးခဲ့သည့် (ဒီဇင်ဘာလ ၂၁ ရက်) လားရှိုးမြို့ပေါ်ရှိ ရပ်ကွက် (၅) နယ်မြေ (၄) တရုတ်ဘုံကျောင်း အနီးရှိ နေအိမ်တစ်ခုတွင် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး၊ ရပ်ကွက် (၂) အုပ်ချုပ်ရေးရုံးအနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းသည်။

လက်ရှိ လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုကို စစ်ကော်မရှင်ဘက်က ထိန်းချုပ်ထားပြီး မြို့ပြင်ရှိ ကျေးရွာအုပ်စု အများစုကို ကိုးကန့်တပ်ဖွဲ့ MNDAA က ထိန်းချုပ်ထားသည်။

အလားတူ မူဆယ်မြို့တွင်လည်း ပြီးခဲ့သည့် (ဒီဇင်ဘာလ ၂၁ ရက်)စပြီး မြို့အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးတင်းကြပ်ကာ ကားအပြင် ဆိုင်ကယ်များကိုပါ စစ်ဆေးတင်းကြပ်နေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ခေါင်းဆောင် မင်းအောင်လှိုင် အကွက်ချစီစဉ်ထားသည့်အတိုင်း သမ္မတဖြစ်လာ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင်...

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကတိသစ္စာပြု၊ CRPH လည်း လွှတ်တော်ခေါ်ယူ

0
စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်သူ့လွှတ်တော်တွင် ဥက္ကဋ္ဌအဖြစ် ဦးခင်ရီ ကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၆ ရက်) တွင် နေပြည်တော်၌ ပြည်သူ့လွှတ်တော် အစည်းအဝေးကို စစ်တပ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် စတင်ခေါ်ယူ ကျင်းပခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်...

ကွဲအက်ရာကို ကျော်လွှားပြီး စုပေါင်းအားနဲ့ အာဏာရှင်ကို ရင်ဆိုင်နိုင်ဖို့

0
မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ တရားဝင်အခင်းအကျင်းရဖို့ ဟန်ပြရွေးကောက်ပွဲကျင်းပပြီး တရားဝင်လွှတ်တော်၊ တရားဝင်အစိုးရ၊ တရားဝင်သမ္မတ နေရာရဖို့ အာဏာသိမ်းစစ်တပ်က လုံးပမ်းနေချိန်မှာ သျှမ်းပြည်တိုင်း ရင်းသား လက်နက်ကိုင်အုပ်စုကြားမှာ ယှဉ်ပြိုင်မှုတွေ ပြည့်နှက်လာပြီး ပဋိပက္ခတွေဟာ နေ့စဉ်နဲ့အမျှ တိုးများလာနေပါတယ်။ TNLA နဲ့ KIA ၊ TNLA နဲ့ SSPP ၊...

“မြန်မာ့မျက်နှာစာသစ်” ဖိုရမ်ကို အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်မည်

0
စစ်ကော်မရှင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များသည် လွှတ်တော်အစည်းအဝေး မစတင်မီ "မြန်မာ့မျက်နှာစာသစ်" ဖိုရမ်ကို တက်ရောက်ရမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ လာမည့် မတ်လ ၁၃ ရက်နှင့် ၁၄ ရက်တွင် နေပြည်တော်ရှိ MICC-1 ၌ စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် “မြန်မာ့မျက်နှာစာသစ်ဖိုရမ်”ကို ရွေးကောက်ပွဲမှတဆင့် တက်လာမည့်...