Tuesday, January 27, 2026

ရွေးကောက်ပွဲ ကျင်းပခါနီး ပေါက်ကွဲမှုဖြစ်ပြီးနောက် လားရှိုးမြို့တွင်း စစ်ဆေးမှုတင်းကြပ်နေ

စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မြို့တွင်း စစ်ဆေးရေးဂိတ်များ စစ်ဆေးမှုတင်းကြပ်နေကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဒီဇင်ဘာလ ၂၃ ရက်) လားရှိုးမြို့ အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် စစ်သား နှင့် လက်အောင်ရဲများက ကားအပြင် ဆိုင်ကယ်များကိုပါ စစ်ဆေးမှုတင်းကြပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် လားရှိုးမြို့ ဒေသခံ အမျိုးသမီးတစ်ဦက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မနက်လောက်က မြို့ပြင်သွားတော့ အရမ်းစစ်နေတာ။ဆိုင်ကယ်နဲ့ သွားတာ လွယ်အိတ်တွေပါ ဖွင့်ပြရတယ်။အရင်က ဆိုင်ကယ်ဆိုရင် မစစ်ဘူးလေ။ကားတွေလောက်ပဲ နည်းနည်းပါးပါးစစ်တာ။ ဒီနေ့က အကုန်စစ်တာ ကားတွေကိုလည်း သေချာစစ်နေတာ။”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် လားရှိုးမြို့ ဒေသခံ အမျိုးသမီးတစ်ဦက ပြောသည်။

လာမည့် (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း ၁ တွင် လားရှိုးမြို့နယ် ပါဝင်သည်။

စစ်ကော်မရှင်ကျင်းပမည့်‌ ရွေးကောက်ပွဲတွင် သျှမ်းပြည်ရှိ မြို့နယ်ပေါင်း ၁၂ ခုပါဝင်ပြီး ယင်းမြို့မှာ ပင်းတယ၊ ဟိုပုံး၊ နောင်ချို၊ ကျိုင်းတုံ၊ တာချီလိတ်၊ တောင်ကြီး၊ နမ့်စန်၊ မူဆယ်၊ မိုင်းဆတ်၊ လားရှိုး၊ လင်းခေး၊ လွိုင်လင်မြို့နယ်တို့ ဖြစ်သည်။

ပြီးခဲ့သည့် (ဒီဇင်ဘာလ ၂၁ ရက်) လားရှိုးမြို့ပေါ်ရှိ ရပ်ကွက် (၅) နယ်မြေ (၄) တရုတ်ဘုံကျောင်း အနီးရှိ နေအိမ်တစ်ခုတွင် လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး၊ ရပ်ကွက် (၂) အုပ်ချုပ်ရေးရုံးအနီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းသည်။

လက်ရှိ လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုကို စစ်ကော်မရှင်ဘက်က ထိန်းချုပ်ထားပြီး မြို့ပြင်ရှိ ကျေးရွာအုပ်စု အများစုကို ကိုးကန့်တပ်ဖွဲ့ MNDAA က ထိန်းချုပ်ထားသည်။

အလားတူ မူဆယ်မြို့တွင်လည်း ပြီးခဲ့သည့် (ဒီဇင်ဘာလ ၂၁ ရက်)စပြီး မြို့အဝင်အထွက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးတင်းကြပ်ကာ ကားအပြင် ဆိုင်ကယ်များကိုပါ စစ်ဆေးတင်းကြပ်နေကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

ညောင်ရွှေမြို့နယ် ကျေးရွာများတွင် စစ်တပ်လက်အောက်ခံ ပျူစောထီးများကြောင့် မဲရုံစောသွားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် ကျေးရွာအချို့တွင် စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့များမှ ကျေးရွာအတွင်း လှည့်ပတ်စစ်ဆေးမှုကြောင့် ဒေသခံများ နံနက် ၅ နာရီခန့်တွင် စတင်မဲပေးခဲ့ရကြောင်း သတင်းရရှိသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ညောင်ရွှေ၊ ပင်လောင်း၊...

သျှမ်းမြောက်စစ်ရေးပဋိပက္ခကြား PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်

0
သျှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခများကြောင့် မြို့နယ်အများစုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိသော်လည်း အချိုးကျကိုယ်စားပြု PR စနစ်ဖြင့် လွှတ်တော်ကိုယ်စားလှယ် ခွဲတမ်းရရှိရေး နိုင်ငံရေးပါတီများ မျှော်လင့်နေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ကျင်းပနေသည့် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ရောနှောထားသော ကိုယ်စားလှယ်အချိုးကျစနစ် (MMP) ကျင့်သုံး၍ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း...

ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးသူ နည်းပါး

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးသူ နည်းပါးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ၌ ကျေးသီးမြို့နယ်မှ ဆန္ဒမဲပေးသူ နည်းပါးခြင်းကြောင့် ရပ်ကွက်အတွင်း သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများက ဆန္ဒမဲထည့်ရန် လိုက်လံဆော်သြခဲ့ရကြောင်း ကျေးသီးမြို့နယ်...

မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ လူစိတ်ဝင်စားမှုမရှိ၊ မဲတိုကင်ကတ်များကို အိမ်ထိ လိုက်ပေးနေ

0
သျှမ်းပြည် မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲကို လူထုစိတ်မဝင်စားဘဲ မဲတုံကင်ကတ်များကို အိမ်တိုင်ရာရောက် လိုက်ဝေပေးနေရကြောင်း စုံစမ်းသိရသည်။ လာမည့် (ဇန်နဝါရီလ ၂၅ ရက်)တွင် ပြုလုပ်ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ်လည်း ပါဝင်ပါသည်။ မိုင်းရှူးမြို့နယ်တွင် စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းကို လူထု...