ချင်းမိုင် လူငယ်ဂိုဏ်းများကို လိုက်လံဖမ်းဆီးမှု စစ်ဆင်ရေးစတင်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဓားခုတ်မှုဖြစ်ပွားပြီးနောက် ဓားခုတ်မှုကျူးလွန်ခဲ့သည် လူငယ်ဂိုဏ်းများကို ထိုင်းရဲတပ်ဖွဲ့များက လိုက်လံရှာဖွေ ဖမ်းဆီးနေကြောင်း Chiang Mai News သတင်းဌာနက ဖော်ပြသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက ချင်းမိုင်မြို့၊ ဆန်ကမ်ဖိုင်ရပ်ကွက်၊ ၂၄ နာရီဖွင့်သည့် အဝတ်လျှော်ဆိုင်ဘေးရှိ စတိုးဆိုင်ရှေ့တွင် လူငယ်ဂိုဏ်းအဖွဲ့သည် အသက် (၁၄) နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် လူငယ် (၃) ဦးကို ဓားဖြင့်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဓားခုတ်ခံရခြင်းကြောင့် မိန်းကလေးတစ်ဦးသည် လက်ကောက်ဝတ် ပြတ်သွားခဲ့ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကာ အခြားဒဏ်ရာရရှိသူ အမျိုးသားနှစ်ဦးမှာလည်း ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

ထိုကျူးလွန်သူများအားလုံးကို ဖမ်းဆီးနိုင်ရန်အတွက် ယမန်နေ့ (စက်တင်ဘာလ ၁၈ )ရက်က ချင်းမိုင်မြို့၌ ပြုလုပ်သည့် အစည်းအဝေးတွင် လူငယ်ဂိုဏ်းများ၊ အန္တရာယ်ရှိသူများကို လိုက်လံဖမ်းဆီးမှု စစ်ဆင်ရေးကို ချက်ချင်းစတင်ရန် ရဲမှူးချုပ် Kritthaphon Yisakhon ကအမိန့်ပေးလိုက်ကြောင်း သိရသည်။

ထိုသို့ အမိန့်ပေးပြီးနောက် ဘန်ကောက်မြို့သို့ ထွက်ပြေးရန်ကြိုးစားနေသည့် တရားခံ အိုက်မောက်ကို လမ်းပွန်းခရိုင် (Mae Tha) စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိကြောင်း Chiang Mai News သတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

ထို့ပြင် ယနေ့ (စက်တင်ဘာလ ၁၉) ရက် ည ၁၁ နာရီခွဲ အချိန်ထိ သံသယရှိသူ အားလုံးကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၂၉ ရက် နံနက် ၃ နာရီခွဲ အချိန်ခန့်တွင်လည်း ချင်းမိုင်မြို့ ချန့်မွဲ့ရပ်ကွက် ဈေးကြီး (ကက်လုံအနီး) တွင် မြန်မာနိုင်ငံသား (သျှမ်းလူငယ်) ၆ ဦးသည် ထိုင်းတက္ကသိုလ် ကျောင်းသားလူငယ်များကို ဓားဖြင့် လိုက်ခုတ်သဖြင့် ၅ ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် ရုံးအကူအဖြစ်လုပ်ကိုင်နေသည့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့နယ်အတွင်း ခွင့်ပြုထားသည့် အလုပ်လုပ်ခွင့် (Work Permit) အမျိုးအစားနှင့် ကိုက်ညီမှုမရှိဘဲ ရုံးအကူဝန်ထမ်းအဖြစ် ကျော်လွန် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် အလုပ်အကိုင်ရှာဖွေရေးရုံး ပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၃ ရက်နေ့က ချင်းမိုင်ခရိုင်၊ ပါတန် (Pa...

ချင်းမိုင် တွင်အမည်ခံကုမ္ပဏီများ နှိမ်နင်းမှု မြန်မာ ၇ ဦး ပါဝင်၊ ပိုင်ဆိုင်မှု ဘတ် ၆၃၃ သန်းကျော် ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်ခရိုင်အတွင်း ဥပဒေဟာကွက်များကို အလွဲသုံးစားလုပ်ကာ တရားမဝင် လှုပ်ရှားနေသည့် နိုင်ငံခြားသား အမည်ခံ ကုမ္ပဏီကွန်ရက်ကြီးတခုကို ထိုင်းနိုင်ငံတော်ရဲတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာနိုင်ငံသား ၇ ဦး အပါအဝင် နိုင်ငံ ၄ ခုမှ သံသယရှိသူများကို ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယနေ့ ဇူလိုင်လ...

ချင်းမိုင် တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်ဖြစ်၊ ဆန္ဒပြသူ ၂ဉီးဒဏ်ရာရ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့တွင် ယနေ့ (ဇူလိုင် ၆ ရက်) နံနက်က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။ မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု သတ္တုတွင်းများမှ ထွက်ရှိသော အဆိပ်သင့်ဓာတုပစ္စည်းများက နယ်စပ်ဖြတ်ကျော်ကာ...

ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ အပ်ချုပ်နှင့် ရုံးသန့်ရှင်းရေးလုပ်ကိုင်သည့် မြန်မာ ၃ ဦး ဖမ်းခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားသည့် အလုပ်အကိုင် အမျိုးအစားကိုက်ညီမှုမရှိပဲ အထည်ချုပ်လုပ်ငန်းနှင့် ရုံးသန့်ရှင်းရေးအလုပ်များ ဝင်ရောက်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့မှ ယမန်နေ့ (ဇွန် ၂၄)ရက်တွင် သတင်းထုတ်ပြန်သည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ရဲတပ်ဖွဲ့မှ ချင်းမိုင်ခရိုင် ဆန်ကန်ဖန်းမြို့နယ် (San Kamphaeng) အတွင်း...

ချင်းမိုင်တွင် တရားမဝင် ဧည့်လမ်းညွှန်လုပ်နေသည့် မြန်မာအမျိုးသမီးတစ်ဦးဖမ်းခံရ

0
ထိုင်းနိုင်ငံသားများအတွက်သာ ဥပဒေအရ သီးသန့်ကန့်သတ်ထားသော ဧည့်လမ်းညွှန် (Guide) အလုပ်ကို လုပ်ပိုင်ခွင့်ကျော်လွန်ပြီး မြန်မာခရီးသွားများအား လိုက်လံပို့ဆောင်ကာ ဧည့်လမ်းညွှန်လုပ်နေသည့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ရဲတပ်ဖွဲ့သည် တိုင်ကြားချက်များရရှိပြီးနောက် သံသယရှိသူများနောက်သို့ ၂ ရက်ခန့် အနီးကပ်နောက်ယောင်ခံကာ သက်သေများကို စုဆောင်းခဲ့သည်။ ထို့နောက် ဒွိုင်ဆူတေ့ပ် ဘုရားပေါ်၌ မြန်မာခရီးသွားအဖွဲ့တစ်စုကို...