Tuesday, January 27, 2026

ချင်းမိုင် လူငယ်ဂိုဏ်းများကို လိုက်လံဖမ်းဆီးမှု စစ်ဆင်ရေးစတင်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဓားခုတ်မှုဖြစ်ပွားပြီးနောက် ဓားခုတ်မှုကျူးလွန်ခဲ့သည် လူငယ်ဂိုဏ်းများကို ထိုင်းရဲတပ်ဖွဲ့များက လိုက်လံရှာဖွေ ဖမ်းဆီးနေကြောင်း Chiang Mai News သတင်းဌာနက ဖော်ပြသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့ ညပိုင်းက ချင်းမိုင်မြို့၊ ဆန်ကမ်ဖိုင်ရပ်ကွက်၊ ၂၄ နာရီဖွင့်သည့် အဝတ်လျှော်ဆိုင်ဘေးရှိ စတိုးဆိုင်ရှေ့တွင် လူငယ်ဂိုဏ်းအဖွဲ့သည် အသက် (၁၄) နှစ်အရွယ် မိန်းကလေးတစ်ဦး အပါအဝင် လူငယ် (၃) ဦးကို ဓားဖြင့်ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဓားခုတ်ခံရခြင်းကြောင့် မိန်းကလေးတစ်ဦးသည် လက်ကောက်ဝတ် ပြတ်သွားခဲ့ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကာ အခြားဒဏ်ရာရရှိသူ အမျိုးသားနှစ်ဦးမှာလည်း ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

ထိုကျူးလွန်သူများအားလုံးကို ဖမ်းဆီးနိုင်ရန်အတွက် ယမန်နေ့ (စက်တင်ဘာလ ၁၈ )ရက်က ချင်းမိုင်မြို့၌ ပြုလုပ်သည့် အစည်းအဝေးတွင် လူငယ်ဂိုဏ်းများ၊ အန္တရာယ်ရှိသူများကို လိုက်လံဖမ်းဆီးမှု စစ်ဆင်ရေးကို ချက်ချင်းစတင်ရန် ရဲမှူးချုပ် Kritthaphon Yisakhon ကအမိန့်ပေးလိုက်ကြောင်း သိရသည်။

ထိုသို့ အမိန့်ပေးပြီးနောက် ဘန်ကောက်မြို့သို့ ထွက်ပြေးရန်ကြိုးစားနေသည့် တရားခံ အိုက်မောက်ကို လမ်းပွန်းခရိုင် (Mae Tha) စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိကြောင်း Chiang Mai News သတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

ထို့ပြင် ယနေ့ (စက်တင်ဘာလ ၁၉) ရက် ည ၁၁ နာရီခွဲ အချိန်ထိ သံသယရှိသူ အားလုံးကို ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ် ၂၉ ရက် နံနက် ၃ နာရီခွဲ အချိန်ခန့်တွင်လည်း ချင်းမိုင်မြို့ ချန့်မွဲ့ရပ်ကွက် ဈေးကြီး (ကက်လုံအနီး) တွင် မြန်မာနိုင်ငံသား (သျှမ်းလူငယ်) ၆ ဦးသည် ထိုင်းတက္ကသိုလ် ကျောင်းသားလူငယ်များကို ဓားဖြင့် လိုက်ခုတ်သဖြင့် ၅ ဦးကို ဖမ်းဆီးရမိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် အရက်ဖြူဂိုဏ်းဝင် လူငယ်များကို လက်နက်များနှင့်အတူ အဖမ်းခံရ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် လူစုလူဝေးပြုလုပ်ပြီး ပြစ်မှူးကျူးလွန်ရန် ပြင်ဆင်နေသော အရက်ဖြူ (Lao Khao) ဂိုဏ်းဝင် လူငယ်များကို ထိုင်းအာဏာပိုင်များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း Chiang Mai News က ဖော်ပြသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၄ ရက် ညပိုင်းတွင် အမှတ် (၅) နယ်မြေရဲတပ်ဖွဲ့၊...
Collaborative Media Monitoring

စစ်အုပ်စု အတုအယောင်ရွေးကောက်ပွဲအား နိုင်ငံတကာနှင့် မြန်မာမီဒီယာများ ပူးပေါင်းစောင့်ကြည့်

0
ဒီဇင်ဘာလ ၂၈ ရက်တွင် စစ်ကော်မရှင်ဘက်မှ စတင်ပြုလုပ်နေသည့် ရွေးကောက်ပွဲ ပထမပိုင်းကို ပူးပေါင်းစောင့်ကြည့်ရန် မီဒီယာများ စုဝေးပြီး ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Thai PBS North ရုံးတွင် ပြုလုပ်လျက်ရှိသည်။ အတုအယောင်ရွေးကောက်ပွဲကို မီဒီယာများ ပူးပေါင်းစောင့်ကြည့်မှု (Collaborative Media Monitoring) အပြင် ရွေးကောက်ပွဲနှင့်...

ထိုင်းနိုင်ငံ ချင်းမိုင်ဈေးထဲတွင် ဝှိက်ထားသည့် မက်သာဖက်သမင်း ၄၆၉ ကီလို ဖမ်းမိ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မြောက်ဘက်ရှိ Pathum Thani ခရိုင်မှ Talaad Thai ဈေးသို့ တင်ပို့မည့် မက်သာဖက်သမင်း ၄၆၉ ကီလိုဂရမ်ကို ချင်းမိုင်မြို့ရှိ ကတ်မိန်းမိုင်ဈေး (Muang Mai Market) တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ယနေ့ (နိုဝင်ဘာလ ၁၁) ရက်တွင်...

မဲခေါင်မြစ်မှတဆင့် ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်သို့ တင်ပို့မည့် စိတ်ကြွဆေးပြား ခြောက်သန်းဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် Wiang Kaen မြို့နယ်နှင့် Chiang Khong မြို့နယ်ရှိ မဲခေါင်မြစ်မှတစ်ဆင့် ချင်းမိုင်ခရိုင်သို့ တင်ပို့မည့် စိတ်ကြွဆေးပြား ခြောက်သန်းကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ အဆိုပါမူးယစ်ဆေးဝါးများကို (စက်တင်ဘာလ ၁၂ ရက်)က ချင်းရိုင်ခရိုင် Chiang Khong မြို့နယ်တွင်...

ချင်းမိုင်တွင် ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းသည့် မြန်မာနိုင်ငံသား ၃ ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် Mae Rim မြို့နယ်ရှိ ဈေးတစ်ခုတွင် ခွင့်ပြုချက်မရှိဘဲ ဈေးဆိုင်ဖွင့်လှစ်ရောင်းချသော မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ဇူလိုင် ၇ ရက်နေ့တွင် Mae Rim မြို့နယ်ရှိ ဈေးတစ်ခု၌ ခွင့်ပြုချက်မရှိဘဲ နိုင်ငံခြားသားများ ဈေးဆိုင်ဖွင့်လှစ် ရောင်းချနေကြောင်း...