Wednesday, January 28, 2026

ဘန်ကောက်တွင် တရားမဝင် E-cigarette ထုတ်လုပ်သည့် စက်ရုံတစ်ခုအတွင်း မြန်မာနိုင်ငံသား ၁၁ ဦးဖမ်းမိ

ဘန်ကောက်မြို့၊ Bang Khun Thain ခရိုင်၊ ဂိုထောင်တစ်ခုအတွင်း တရားမဝင် E-cigarette ထုတ်လုပ်သည့် နေရာတွင် တရုတ်နိုင်ငံသား ၂ ဦးနှင့် မြန်မာနိုင်ငံသား ၁၁ ဦးဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Prawet ခရိုင်အတွင်း E-cigarette (၇,၀၀၀) သိမ်းဆည်းရမှုမှတဆင့် ဆက်စပ်ပြီး ယခုကဲ့သို့ ဝင်ရောက်စီးနင်းမှုကို ဆက်လက်လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံ ဗဟိုစုံစမ်းရေးဗျူရို (CIB) မှ တာဝန်ရှိသူများမှ Bang Khun Thain ခရိုင် Tha Kham ဧရိယာအတွင်းရှိ ဂိုထောင်တစ်ခုအား စက်တင်ဘာ ၉ရက်တွင် ဝင်ရောက်စစ်ဆေးခဲ့ပြီး မန်နေဂျာနှင့် အရည်အသွေးထိန်းချုပ်ရေးဝန်ထမ်း ဆိုသူ တရုတ်နိုင်ငံသား ၂ ဦးနှင့် ထုတ်လုပ်မှုပိုင်းတွင် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသော တရုတ်နိုင်ငံသားတစ်ဦးက အလုပ်ရှင်သည် တရုတ်နိုင်ငံမှတဆင့် ဂိုထောင်အား ၂ လခန့် ငှားရမ်းထားပြီး၊ ၎င်းအား ကြီးကြပ်ရန် ငှားရမ်းထားကြောင်းသိရသည်။

ထိုတရုတ်နိုင်ငံသားနှစ်ဦးအား တစ်လလျှင် ဘတ်ငွေ ၅၀,၀၀၀ စီဖြင့်ငှားရမ်းထားပြီး လစာပေးချေရာတွင် Wechat application အားအသုံးပြု၍ ပေးချေကြောင်း စစ်ဆေးမှုအတွင်း ဝန်ခံခဲ့သည်။

ဂိုထောင်အား E-cigarette များထုတ်လုပ်နိုင်ရန် အသေးစားစက်ရုံတစ်ခုအဖြစ်ပြောင်းလဲ အသုံးပြုထားပြီး ထုတ်လုပ်ရာတွင် အသုံးပြုသည့် တရားမဝင်ကုန်ပစ္စည်း ၆၀,၀၀၀ ကျော်၊ E-cigarette ၁၁,၄၀၀ လုံး နှင့် အခြား ဆက်စပ်ပစ္စည်းများ၊ ထုတ်လုပ်ရာတွင် အသုံးပြုသည့် စက်ပစ္စည်းအများအား သိမ်းဆည်းရမိခဲ့သည်။

အလားတူ ထိုင်းနိုင်ငံ ဆိုက်ဘာရဲတပ်ဖွဲ့နှင့် အခွန်ဦးစီးဌာနမှ တာဝန်ရှိသူများက Saraburi ပြည်နယ်အတွင်း အိမ်တစ်လုံးအား ဝင်ရောက်စီးနင်းခဲ့ပြီး ဘတ်ငွေ သန်း ၁၀၀ ကျော်တန်ဖိုးရှိ E-cigarette များကို သိမ်းဆီးရမိခဲ့သည်။ ထိုသိမ်းဆည်းမှုမှ ဆက်စပ်ပြီး ဘန်ကောက်မြို့အတွင်း E-cigarette အကြီးစားရောင်းဝယ်ဖောက်ကားမှုပြုလုပ်နေသူတစ်ဦးကိုလည်း ဖမ်းဆီးရမိပြီး အမှုဖွင့်တရားစွဲဆိုထားကြောင်းသိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံ Buri Ram ပြည်နယ်အတွင်း အသက် ၁၀ နှစ်မှ ၁၄ နှစ်အတွင်း ကျောင်းနေအရွယ် ကလေးငယ် ၃ ဦးသည် E-cigarette အမျိုးအစားဝင် “Toy pod”, vape ကြောင့် ပြင်းထန်သော အဆုတ်ထိခိုက်မှုဖြစ်ပွားခဲ့သည်။

ထို့ကြောင့် ကလေးငယ် (၃)ဉီး တက်ရောက်နေသည့် ကျောင်းအနီးရှိ vape နှင့် အခြားဆက်စပ်ပစ္စည်းများ‌ ရောင်းချသူနှစ်ဦးအား ဖမ်းဆီးခဲ့သည်။

လွန်ခဲ့သည့် ယခုနှစ် မတ်လ နှင့် ဧပြီလ အတွင်း ထိုင်းအစိုးရမှ တင်သွင်းရောင်းချသူများသာမက E-cigarette အသုံးပြုသူများကိုပါ အကောက်ခွန်ဥပဒေနှင့် တရားမဝင်ကုန်ပစ္စည်းများဆိုင်ရာ ဥပ‌ဒေများဖြင့် ဖမ်းဆီးနိုင်ပြီး ထောင်ဒဏ် ၅ နှစ်အထိကျခံရနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ကိုးကား/ဓာတ်ပုံ – The Thaiger

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News