ပင်လောင်းတွင် လိုင်စင်မဲ့ယာဉ်များ ထပ်မံဖမ်းဆီးနေ

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့ ပေါ်တွင် စစ်ကော်မရှင် လက်အောက်ခံ ယာဉ်ထိန်းရဲများက လိုင်စင်မဲ့ ယာဉ်များကို ထပ်မံဖမ်းဆီးနေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၁၈)ရက်နေ့မှ စပြီး ပင်လောင်းမြို့ပေါ်၌ လိုင်စင်မဲ့ယာဉ်များကို ထပ်မံဖမ်းဆီးလာသောကြောင့် မြို့ပေါ်သို့ ဈေးသုံးသွားသည့် အနီးနားကျေးရွာမှ ပြည်သူများနှင် ကျန်းမာရေးကိစ္စကြောင့် ဆေးခန်းသွာပြမည့်သူများ သွားလာရန် အခက်အခဲ ဖြစ်နေကြောင်း ပင်လောင်းမြို့ မှ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဖမ်းနေတာ သုံးရက်လောက်ရှိပြီ။ မြို့ထဲဆို ကားတွေဆိုင်ကယ်တွေ ရှင်းလင်းနေတာပဲ။ ပင်လောင်းဈေးနား တဝိုက်တွေမှာ ဖမ်းတယ်။ လမ်းမကြီးမှာဖမ်းတယ်။ ရွာက ဈေးလာသုံး ဆေးခန်းလာပြတဲ့ လူတွေဆို လည်း ဖမ်းမိတာပဲ။ သွားလာရ ခက်တာပေါ့။” ဟု ပင်လောင်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ပြီးခဲ့သည့် မေလ ဒုတိယပတ် မှစ၍ ဖမ်းဆီးမှုများအနည်းငယ်ရှိခဲ့ရာမှ ယခုရက်ပိုင်းမှ စီမံကိန်းအရ ဖမ်းဆီးမှုများနေကြောင်း ၎င်းက ဆက်ပြောသည်။

ဖမ်းဆီးရမိသည့် အချို့သောယာဉ်များကို ငွေကျပ်(၃သောင်း) တောင်း၍ ပြန်လွှတ်ပေးပြီး တချို့သော ယာဉ်များကို ပုံရိုက်၍ ပြန်လွှတ်ပေးလိုက်ကြောင်း အဆိုပါ အမျိုးသားက ထပ်လောင်းပြောသည်။

“ဒေသခံတွေက အများစုက လိုင်စင်မဲ့ ဆိုင်ကယ်တွေပဲ စီးကြတာ။ လိုင်စင်ဘီးဆို ဈေးက နှစ်ဆ သုံးဆလောက်ရှိတော့ မတတ်နိုင်ဘူးလေ။ ဒီလိုင်စင်မဲ့တွေကို သိမ်းမယ်ဆိုရင် ပြည်သူတွေ ဒုက္ခရောက်မှာပေါ့။ ဖမ်းမိထားတာတွေကိုတော့ တချို့ဟာကို ပုံရိုက်ပြီး ပြန်လွှတ်ပေးတယ်။ တချို့ကိုတော့ ပိုက်ဆံ သုံးသောင်းတောင်းပြီး ပြန်လွှတ်ပေးတယ်။”ဟု ၎င်း အမျိုးသားက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် မေလ ၂ ရက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များကို ထိထိရောက်ရောက် ဖမ်းဆီးအရေးယူရန် ညွှန်ကြားခဲ့ပြီး သျှမ်းပြည်တောင်ပိုင်းရှိ ဟဲဟိုး၊ ညောင်ရွှေ၊ အောင်ပန်း၊ ရပ်စောက်၊ ဟိုပုံး၊ ဆီဆိုင် တို့တွင် ဈေးလာသုံးသည့် ပြည်သူများ၏ ဆိုင်ကယ်၊ ကားများ မ်းဆည်းခံခဲ့ရသည်။

ပြီးခဲ့သည့် ဇွန်လ (၁)ရက်မှ ဇွန်လ(၅)ရက်အတွင်း တောင်ကြီးတွင် လိုင်စင်မဲ့ယာဉ်များ ဖမ်းဆီးခံခဲ့ရသည်မှာ ကားအစီးရေ ၄၀၀ ကျော်နှင့် ဆိုင်ကယ်အစီးရေ ၄၀၀ နီးပါးဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

ပင်လောင်းဒေသခံများ PNO အတွက် နေ့စဉ်ထမင်းထုပ်ပို့နေရ

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်ရှိ ကျေးရွာများတွင် ပအိုဝ်းပြည်သူ့စစ် PNO က ကျေးရွာများအတွက် လုံခြုံရေးယူပေးနေသည်ဟုဆိုကာ ဒေသခံများကို နေ့စဉ် ထမင်းထုပ်ပို့ဆောင်ခိုင်းကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မေလ ပထမပတ်မှစပြီး ပင်လောင်းမြို့နယ် လုံးပျဉ်းကျေးရွာ၊ တောင်မဲသင်းကျေးရွာ နှင့် မြောက်စလုံးကျေးရွာတို့တွင် ပအိုဝ်းပြည်သူ့စစ် (PNO) တို့က ကျေးရွာလုံခြုံရေးယူပေးနေသည်ဟုဆိုကာ...

ပင်လောင်းတွင် တောင်ကျရေ ရုတ်တရက်စီးဆင်းမှုကြောင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးကုန်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ မေလ (၂၁)ရက်တွင် ပင်လောင်းမြို့နယ် အပါအဝင် သျှမ်းတောင်တွင် မိုးများရွာသွန်းခဲ့ပြီးနောက် နောင်ပီကျေးရွာတွင် တောင်ကျရေများ ရုတ်တရက်ကျဆင်းကာ ကော်ဖီထုတ်စိုက်ခင်း၊ ပြောင်းစိုက်ခင်းနှင့် ခရမ်းချဉ်စိုက်ခင်းများသို့ ရေဝင်လာသဖြင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံး သွားခဲ့ရသည်။ ထိုသို့ သဘာဝဘေးကြုံတွေ့မှုကြောင့်...

သင်္ကြန်ကာလအပြီး တောင်ကြီးတွင် လိုင်စင်မဲ့ ယာဉ်(၃၀)ကျော် ဖမ်းဆီးခံရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့တွင် သင်္ကြန်ကာလအပြီး လိုင်စင်မဲ့ယာဉ်များ၊ စုံ-မ သတ်မှတ်ချက် မှားယွင်းမှုများ ဖမ်းဆီးနေပြီး ယာဉ်အစီးရေ (၃၀)ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဧပြီလ ၂၀ ရက်)တွင် တောင်ကြီးမြို့ အရှေ့မြို့ပတ်လမ်း အလယ် ဘီအိုစီ စက်သုံးဆီဆိုင်ရှေ့နှင့် ဗိုလ်ချုပ်လမ်းဘက်တွင် စစ်ကော်မရှင် လက်အောက်ခံ ယာဉ်ထိန်းရဲများနှင့်...

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...