“ အနာဂတ်အတွက် အသက်သွေးကြော ပျက်သွားပြီ “

“ဒီလိုရေနှောက်တာ၊ ရေကြီးတာ တခါမှ မကြုံဖူးဘူး။ နမ့်ခုတ်ရေက သုံးလို့မရတော့ဘူး။ ငါးတွေကိုလည်း ကျမတို့ မစားရဲတော့ဘူး” လို့ အသက် ၇၀ အရွယ်ရှိ နန်းမွန်းက ထိုင်းဘာသာစကားနဲ့ ပြောပါတယ်။

နန်းမွန်ဟာ အသက် ၇၀ ကျော်အရွယ်ရှိပြီး ချင်းရိုင်းမြို့မှာ မွေးဖွားကြီးပြင်းလာခဲ့သူ ဖြစ်ပါတယ်။

ဒါ့ကြောင့် နမ့်ခုတ်မြစ်ရဲ့ ရေအရောင်ပြောင်းလဲမှုတွေ၊ မိုးရွာရင် ရေကြီးမှုတွေကို ကိုယ်တိုင်မြင်တွေ့၊ ကြုံတွေ့ နေရသူလည်း ဖြစ်ပါတယ်။

“ ဒီမယ်နမ့်ခုတ်က အရင်ကဆို ကြည်လင်နေတာပဲ။ ဒီရေမှာ ချိုးတယ်၊ ဒီရေကို သုံးတယ်။ အခုရေအရောင်ကို မြင်တော့ ထိတ်လန့်နေတာပေါ့” လို့ အဖွား နန်းမွန်းက စိတ်မကောင်းစွာနဲ့ ပြောလာပါတယ်။

နမ့်ခုတ်မြစ်ဟာ ချင်းရိုင်းဒေသခံတွေအတွက် အသက်သွေးကြော တစ်ခုဖြစ်ပြီး၊ မြစ်ချောင်းကို မှီတင်းကာ ဝမ်းရေး ဖြေရှင်းရတာ သောက်သုံးရလာခဲ့ရာကနေ ရေအရောင်ရုတ်တရက်ပြောင်းလဲလာမှုတွေကြောင့် ချင်းရိုင်းပြည်သူတွေဟာ စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်နေရပါတယ်။

ဒီမြစ်ရေအရောင်ပြောင်းလဲမှုဟာ သာမာန်ပြောင်းလဲမှု မဟုတ်တဲ့အတွက် ရေကိုထိဖို့မဝံ့ရဲလာကြောင်း၊ ဒီလိုဖြစ်လာမယ် ဆိုတာ အဖွားနန်းမွန်းတယောက်ကတော့ တစ်သက်မှာ တကြိမ်မျှ မစဉ်းစားမိခဲ့ပါဘူး။

မိုးသည်းထန်စွာလိုက်တာနဲ့ ချင်းရိုင်းမြို့ ပေါ်ရပ်ကွက် နမ့်ခုတ်မြစ်အနီးက နေအိမ်တွေက ရေကြီးရေလျှံမှုတွေကို အခုနှစ်ပိုင်းမှာ မကြာခဏ ကြုံလာရတဲ့အတွက်လည်း အလွန်ပင် စိတ်မကောင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ ရေကြီးမှုဟာ သာမာန် ဖြစ်လေ့ဖြစ်ထ မဟုတ်ကြောင်းလည်း ချင်းရိုင်း ဒေသခံတွေက ပြောဆိုလာကြပါတယ်။

ရေနှောက်နေသည့် နမ့်ခုတ်မြစ် (Photo by Nang Seng Nom)

“ ဒီလိုရေကြီးမှုက ၄ နှစ်လောက်ရှိလာပြီ၊ အခုဆိုရင် ပိုဆိုးတယ်။ မိုးရွာတာနဲ့ မြစ်ချောင်းရေတွက ရုတ်တရက်မြင့်လာတယ်။ နုန်းတွေက စပါလာတယ်။ ဒီပြဿနာက တနှစ်ထက်တနှစ်ပိုဆိုးလာတယ်။ ကျမတို့လည်း နှစ်တိုင်းရေကြီး ပျက်စီးဆုံးရှုံးတော့ စိတ်ဓာတ်တောင်ကျလာတယ်” လို အသက် ၅၀ အရွယ်ရှိ အမျိုးသမီးက စိတ်မကောင်းစွာ ပြောပါတယ်။

ချင်းရိုင်းပြည်သူတွေရဲ့ အသက်သွေးကြောလို့ တင်စားထားတဲ့ နမ့်ခုတ်မြစ်ဟာ လက်ရှိမှာတော့ လူထုအတွက် အသက်အန္တရာယ်ဖြစ်နေပြီး၊ သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ နမ့်ခုတ်မြစ်ပြဿနာကို အမြန်ဆုံး ဖြေရှင်းဖို့လိုအပ်နေကြောင်း ၎င်းအမျိုးသမီးက ထောက်ပြပြောလာပါတယ်။

“ အခုလို့ ရေအရောင်ပြောင်းလဲမှုဟာ သာမာန်မဟုတ်ဘူး၊ မိုးရွာတိုင်း ရေကြီးမှုက အရမ်းကို ဆိုးရွားနေတယ်။ ဒီပြဿနာကို ထိုင်းအစိုးရ အနေနဲ့ ဖြေရှင်းဖို့လိုအပ်တယ်” လို့ အသက် ၅၀အရွယ် အမျိုးသမီးက ဆိုပြန်ပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြို့တွေဖြစ်တဲ့ မြန်မာနိုင်ငံဘက်ခြမ်းက တာချီလိတ်မြို့၊ ထိုင်းနိုင်ငံဘက်ခြမ်းက မယ်ဆိုင်မြို့နဲ့ ချင်းရိုင်းမြို့ဟာ မိုးရွာသွန်းပါက ရုတ်တရက် ရေကြီးမှုတွေကြုံတွေ့နေရမှုကြောင့် မိုးရွာတိုင်း စိတ်သောကတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီလိုရေကြီးမှုဟာ ထိုင်းနယ်စပ်နဲ့ ၂၅ ကီလိုမီတာခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံဘက်ခြမ်း စစ်ကောင်စီနဲ့ ‘ဝ’ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ထိန်းချုပ်နယ်မြေ ဖြစ်တဲ့ မိုင်းဆတ်မြို့ တောင်ဘက် မိုင်းယွန်းဒေသမှာ ရွှေနဲ့ မြေရှားသတ္တုတူးဖော်မှုတွေ ဖြစ်ပါတယ်။

မိုင်းဆတ်မြို့ တောင်ဘက်ရှိ မိုင်းယွန်းဒေသမှာ မြေရှားသတ္တုတွင်း ၂ ခုကို တွေ့ရှိထားကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRF က အခုနှစ်(မေ ၁၅ ရက်)မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဒါ့အပြင် မြေရှား သတ္တု အလုံးအရင်း တူးဖော်မှုနေရာမှာ UWSA က လုံခြုံရေးယူပြီး တရုတ်ကုမ္ပဏီတွေက တူးဖော်နေကြောင်းလည်း SHRF အဖွဲ့တာဝန်ခံ စိုင်းဟော်ရှဲန်က သျှမ်းသံတော်ဆင့်ကိုပြောဆိုထားပါတယ်။

“ဘယ်ကုမ္ပဏီဆိုတာ သေချာမသိဘူး။ UWSA ကလုံခြုံရေးယူထားတယ်။ တူးနေတာက တရုတ်နိုင်ငံသားတွေပဲ” ဟု စိုင်းဟော်ရှဲန် က ဆိုပါတယ်။

UWSA ထိန်းချုပ် မိုင်းပေါက်မြို့အနီးရှိ မြေရှားသတ္တုတွင်း လုပ်ငန်းများ (ဓာတ်ပုံ – SHRF)

မြေရှားသတ္တုဟာ လျှပ်စစ်ကား (EV)တွေ လေစွမ်းအင်သုံး တာဘိုင်တွေ၊ စမတ်ဖုန်း၊ ကွန်ပျူတာနဲ့ လျှပ်စစ်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ အလွန်အရေးပါတယ်။

တရုတ်ဟာ အဲ့ဒီပစ္စည်းတွေကို ထုတ်လုပ်ဖို့ လိုအပ်တဲ့ မြေရှားသတ္တုတွေနဲ့ အောက်ဆိုဒ်တွေအတွက် မြန်မာကို အကြီးအကျယ်မှီခိုရပြီး စစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ မြေရှားသတ္တု ထုတ်လုပ်မှုဟာ ၂၀၂၄ ခုနှစ်မှာ ခန့်မှန်းမက်ထရစ် တန်ချိန်ပေါင်း ၃၁,၀၀၀ တန်ရှိခဲ့ပြီး ကမ္ဘာ့အဆင့် ၄ နေရာမှာရှိနေကြောင်း မြေရှားသတ္တု အချက်အလက်တွေကို ဖော်ပြနေတဲ့ Statista ရဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ မနှစ် ၂၀၂၄ ခုနှစ်မှာ ကမ္ဘာ့မြေရှားဈေးကွက်ထဲ ဖြန့်ဖြူးရောင်းချမှုမှာလည်း တရုတ်နဲ့ အမေရိကန်ပြီးရင် မြန်မာနိုင်ငံဟာ အဆင့် ၃ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

အလားတူ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်နယ်မြေဖြစ်တဲ့ မိုင်းပေါက်မြို့နယ်မှာလည်း မြေရှားသတ္တု တူးဖော်မှုတွေဟာ အထိန်းအကွယ်မရှိ တိုးချဲ့လာနေပြီး လွန်ခဲ့တဲ့ ၁၀ နှစ်ကထက် ၈ ဆ များပြားလာနေကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ဇွန်လ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်က မိုင်းပေါက်ဒေသမှာ မြေရှားသတ္တုတွင်းဟာ ၃ ခုဘဲ ရှိခဲ့ပေမယ့် အခုနှစ် ၂၀၂၅ ခုနှစ်မှာ မြေရှားသတ္တုတွင်း ၂၆ ခုထက်မနည်း ရှိလာကြောင်း၊ အဲ့ဒီ မြေရှားသတ္တု တူးဖော်မှုလုပ်ငန်းတွေဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကစပြီး အထိန်းအကွယ်မရှိ အကြီးအကျယ် တိုးချဲ့လာခြင်းဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF ကဆိုထားပါတယ်။

နမ့်ခုတ်မြစ်အနောက်ဘက် မြေရှားသတ္တုတူးဖော်သည့်နေရာ

သတ္တုတွင်းကနေ ထွက်လာတဲ့ ဓာတုစွန့်ပစ်ပစ္စည်းတွေဟာ မိုင်းဆတ်မြို့နယ်ကနေ တဆင့် ချင်းမိုင်ခရိုင် မယ့်အိုင်းမြို့နယ်ထဲကို ဖြတ်သန်းစီးဆင်းတဲ့ နမ့်ခုတ်မြစ်ထဲ စီးဝင်ပြီး ရေအရင်းအမြစ်တွေကို ညစ်ညမ်း ပျက်စီးစေပါတယ်။

နမ့်ခုတ်မြစ်ကို အားကိုးနေရတဲ့ မယ်အိုင်းမြို့ စိုက်ပျိုးရေးသမားတွေကတော့ ခေါင်းခဲနေရတဲ့ အခြေအနေရောက်နေတယ်လို့ စိုက်ပျိုးရေးလုပ်ဆောင်သူ နန်းဆိုင်က ပြောဆိုလိုက်ပါတယ်။

“ကျမတို့ တာတွန်း၊ မယ်အိုင်က စိုက်ပျိုးရေးသမားတွေ မိုးရွာရင် ရေကြီးတယ်။ ရေထဲမှာလည်း အဆိပ်တွေ၊ နုန်းတွေ ပါတော့ စပါးစိုက်ရင် သေတာပဲ၊ နှစ်နှစ်ရှိပြီ။ အသီးအနှံစိုက်ရင်လည်း အရင်လိုမဖြစ်ထွန်းဘူး။ ဒီနှစ်နှစ်မှာ တောင်သူတွေက ငြီးငြူနေကြတယ်” လို့ နန်းဆိုင် ကပြောပါတယ်။

ချင်းမိုင်ခရိုင်က ပြည်သူတွေဟာ မယ်အိုင်းမြို့နယ်၊ တာတွန်းမြို့နယ်က ထွက်လာတဲ့ စိုက်ပျိုးသီးနှံတွေ စပါးတွေကိုသာ အဓိကအားကိုးနေရသူတွေဖြစ်ပြီး၊ အခုလို တောင်ကျရေထဲမှာ အဆိပ်ပါရှိမှုကြောင့် စားသုံးသူတွေအတွက် စိတ်မလုံခြုံရ ကြောင်း၊ ကျန်းမာရေးထိခိုက်လာမှာကို စိုးရိမ်နေရကြောင်း နန်းဆိုင်က ထပ်လောင်းပြောပါတယ်။

ကီလိုမီတာ ၂၈၅ ရှည်လျားတဲ့ နမ့်ခုတ်ချောင်း တလျှောက်မှာ မှီတင်းနေထိုင်ကြတဲ့ မိုင်းဆတ်မြို့နယ်အတွင်း ၈ သောင်းကျော်၊ မိုင်းခုတ်မြို့တွင် ၂ သောင်းခန့် နဲ့ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မယ်အိုင်းမြို့နယ်တွင် ၇ သောင်းကျော်၊ ချင်းရိုင်းခရိုင် ချင်းရိုင်းမြို့နယ် နဲ့ ချိန်းဆဲန်မြို့နယ်မှာ လူဦးရေ ၂ သိန်းကျော်တို့အတွက် ကျန်းမာရေးအန္တရာယ်များ၊ အသက်မွေးဝမ်းကြောင်းပြဿနာများ စတင်ကြုံတွေ့နေရပါပြီ။


ထိုင်းအာဏာပိုင်တွေကလည်း မတ်လလယ်ပိုင်းကစပြီး နမ့်ခုတ်မြစ်တလျောက် နေရာ ၃နေရာခွဲပြီး ဓာတ်ခွဲ စစ်ဆေးခဲ့ရာ မြစ်ချောင်းရေထဲမှာ အာဆင်းနစ်(Arsenic) နဲ့ ခဲ (Lead) စတဲ့ ဓာတုအရည်တွေ သတ်မှတ်စံနှုန်ထက် ဆယ်ဆနီးပါး ကျော်လွန်နေတယ်လို့ ချင်းမိုင် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုထိန်းချုပ်ရေးဌာန ဒါရိုက်တာ မစ္စတာ အာဝီရ ပဂါမတ် (Aweera Pakamat) က မတ် ၆ရက်ထုတ် ဘန်ကောက်ပိုစ့် သတင်းစာမှာ ပြောကြားခဲ့ပါတယ်။

၂၀၂၄ ခုနှစ် သမိုင်းဝင် ရေလွှမ်းမိုးမှုအတွင်း ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ရှိ သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးအား ကယ်ဆယ်ရေးများက ကူညီပေးခဲ့ကြသည်။ ရေကြီးမှုသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ရွှေတူးဖော်ခြင်းမှ အစပြုသည်ဟု ထိုင်းအစိုးရ လေ့လာမှုက ဖော်ပြသည်။ Photo: Mae Sai Municipality


“ ရေထဲမှာ ပါဝင်နေတဲ့ အာဆင်းနစ်နဲ့ ခဲ သတ်မှတ်ချက်ထက် အဆပေါင်းများစွာ ပိုနေတယ်။ ဒီလိုအဆိပ်တောက်တွေ ကြာရှည်စွာ ရှိနေရင် အဲ့မြစ်ချောင်းကို မှီခိုနေတဲ့ ဒေသခံတွေအတွက် အရေပြားရောဂါအပြင် ကင်ဆာရောဂါလည်း ဖြစ်ပွားနိုင်ချေများတယ်” ဟု မစ္စတာ အာဝီရ ပဂါမတ်က ဆိုပြန်ပါတယ်။


လက်ရှိ မိုးရာသီအချိန်ရောက်တိုင်း ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်ချောင်းနဲ့ နမ့်ခုတ်မြစ်အနီးနေထိုင်သူတွေကတော့ ရင်တမမနဲ့ နေထိုင်နေရသည်။ ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက် ရေကြီးမှု ကိစ္စကြုံလာတိုင်း ကိုယ်ထူကိုယ်ထနဲ့ ဖြေရှင်းရကြောင်းလည်း မိုးရွာတိုင်း ရေကြီးမှုကိုကြုံတွေ့နေရတဲ့ နန်းဝိုးတစ်က စိတ်မကောင်းစွာနဲ့ ပြောလာပါတယ်။


“ မိုးရွာတိုင်း ရေကြီးတော့ နေလို့အဆင်မပြေတော့ဘူး။ အာဏာပိုင်တွေလည်း ဘာမှလာကူတာမရှိဘူး။ ဘယ်ပြေးလို့ ပြေးရမှန်းလည်း မသိဘူး။ မိုးရွာတာနဲ့ ရင်က တထိတ်ထိတ်ပဲ”လို့ နန်းဝိုးတစ်က ဆိုပြန်ပါတယ်။

တာချီလိတ်ရေလွှမ်းမိုးမှုပုံ

တာချီလိတ်မြို့ က ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်ပြီး စီးပွားရေးလုပ်ကိုင်ရှာဖွေကောင်းတဲ့ဒေသဖြစ်ပါတယ်။

ဒါပေမယ့် သျှမ်းပြည်အရှေ့ပိုင်းဘက်မှာ ရွှေတူးဖော်မှုတွေ သတ္တုတူးဖော်မှုတွေ ပိုဆိုးလာမှုကြောင့် ရေကြီးမှုက တနှစ်ထက်တနှစ်ပိုဆိုးလာတဲ့အတွက် တာချီလိတ်ဒေသခံတွေအတွက် နေထိုင်မှုလည်း စိန်ခေါ်မှု ဖြစ်လာပါတယ်။

“ ဒီပြဿနာက အလွန်အကျွံတူးနေတဲ့ ရွှေလုပ်ကွက်တွေ သတ္တုတွေရပ်မှပြီး သစ်ပင်တွေပြန်စိုက်မှပဲ အရင်လို ပြန်ကောင်းနိုင်မယ်။ အခုက တရားမဝင်တူးနေကြတော့ အရေးယူတာလည်း မရှိဘူးလေ။ မထိန်းရင် ဒီထက်ပိုဆိုးဖို့ပဲရှိတယ်” လို့ နန်းဝိုးတစ်က လက်ရှိ အခြေအနေကို သုံးသပ်ပြောပါတယ်။

မြေရှားသတ္တုနဲ့ ရွှေတူးဖော်မှုကြောင့် နမ့်ခုတ်မြစ်ရေ အဆိပ်သင့်တဲ့ ကိစ္စကို ထိုင်းအစိုးရကနေ အမြန်ဆုံး ညှိနှိုင်းဖြေရှင်းပေးဖို့ ပြီးခဲ့တဲ့ ဇွန် (၅)ရက်က ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် နမ့်ခုတ်မြစ်အနီးမှာ ထိုင်းဒေသခံ ထောင်နဲ့ချီက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အဲ့အပြင် ယခု (ဇူလိုင် ၂ရက်ကနေ ၄ရက်)အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နယ်စပ်လုံခြုံရေး၊ အွန်လိုင်းကျားဖြန့် ပြဿနာနဲ့ နမ့်ခုတ်မြစ်၊ မယ်ဆိုင်ချောင်းတို့မှာ အဆိပ်သင့် ဓာတုပစ္စည်းများ ပျော်ဝင်နေမှု ပြဿနာတွေကို ပူးပေါင်းအဖြေရှာရေး ကိစ္စ ထိုင်း-မြန်မာ ဒေသဆိုင်ရာ နယ်ခြား ကော်မတီ အစည်းအဝေး (RBC)မှာ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

နမ့်ခုတ်မြစ်ထဲက ငါးမျိုးစိတ်

မြန်မာဘက်ခြမ်းရှိ မြေရှားသတ္တုနဲ့ ရွှေတူးဖော်မှုတွေကနေ ခဲနဲ့ အာဆင်းနစ်တွေလို ဓာတုပစ္စည်းတွေ နမ့်ခုတ်မြစ်နဲ့ မယ်ဆိုင်ချောင်းထဲကို စွန့်ထုတ်နေတာကြောင့် ထိုင်းဘက်ခြမ်းရှိ ချင်းမိုင်၊ ချင်းရိုင်းခရိုင်တို့မှာ ဂေဟစနစ် ပျက်ယွင်းတာ၊ နှစ်နိုင်ငံစလုံးမှ ဒေသခံတွေ ကျန်းမာရေးစိုးရိမ်မှု အန္တရာယ် ရင်ဆိုင်နေရတာ၊ နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်ဂိုဏ်း ဖမ်းဆီးရေးတွေကို ထိုင်းဘုရင့်တပ်မတော် အမှတ်(၃) စစ်တိုင်းမှူး Lt. Gen. Kittipong Chaesuwan မှ အဖွင့်အမှာစကား ပြောကြားရာမှာလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါ့ကြောင့် နမ့်ခုတ်ချောင်းဟာ ချင်းရိုင်းဒေသခံတွေရဲ့ အသက်ကြောဖြစ်တဲ့အတွက် “နမ့်ခုတ်မြစ်ရေ အရင်လို ပြန်ကြည်လင်ဖို့ သတ္တုတွင်းတွေ အမြန်ရပ်ဆိုင်းပေးပါ” လို့လည်း ဒေသခံတွေက တောင်းဆိုလိုက်ပါတယ်။

“ကျမတို့ အနာဂတ်လူငယ်တွေ အတွက် နမ့်ခုတ်မြစ်ရေ ပြန်ကြည်ချင်တယ်။ ဒီအသက်သွေးကြောပျက်ရင် ကျမတို့တွေ အနာဂတ်လည်း ပျောက်ကွယ်သွားမယ်” လို့ နန်းမွန်းက ပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ထိုင်း-မြန်မာနယ်စပ် လူကုန်ကူးခံရမှု မြင့်တက်၊ မသွားကြရန် တရုတ်သံရုံး အထူးသတိပေး

0
ထိုင်းနိုင်ငံရောက် တရုတ်နိုင်ငံသားအများအပြား လစာကောင်းသော အလုပ်အကိုင်များနှင့် လှည့်ဖြားခြင်းခံရပြီး ထိုင်း-မြန်မာနယ်စပ်ရှိ တရားမဝင် အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများအတွင်းသို့ လူကုန်ကူးခြင်းခံနေရသဖြင့် အထူးသတိပြုကြရန် ထိုင်းနိုင်ငံရှိ တရုတ်သံရုံးက အရေးပေါ်သတိပေးချက်တစ်ရပ် ထုတ်ပြန်ထားသည်။ ယနေ့ (ဧပြီလ ၂၄ ရက်) တွင် ထိုင်းနိုင်ငံ၊ တရုတ်သံရုံး ဝက်ဆိုက်ဒ် မှ ရာဇဝတ်ဂိုဏ်းများသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...