သျှမ်းရှေ့မှ ကုန်ပစ္စည်း ပါဆယ်များကို စစ်ကောင်စီ စစ်ဆေးရေး ဂိတ်တွင် သိမ်းဆည်းနေ

သျှမ်းပြည်ရှေ့ပိုင်း ကျိုင်းတုံဘက်မှ သယ်ဆောင်လာသည့် ကုန်ပစ္စည်းများ၊ ပါဆယ်ထုတ်များကို မိုင်းပွန်မြို့ရှိ စစ်ကောင်စီ၏ စစ်ဆင်ရေးဂိတ်တွင် သိမ်းဆည်းခံနေရကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇွန်လ မှစ၍ ကျိုင်းတုံ-တောင်ကြီး ၊ကျိုင်းတုံ -ရန်ကုန်စသည့် ခရီးသည်တင်သည့် လိုင်းကာများပေါ်တွင် ကုန်ပစ္စည်းများ ပါဆယ်များ တင်ဆောင်သွားခွင့်မပြုဘဲ ခရီးသည်သီးသန့်သာ တင်ဆောင်သွားရမည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။

ထိုထုတ်ပြန်ခဲ့ပြီးနောက် ၎င်း ကားပေါ်တွင် သယ်ဆောင်လာသည့်ကုန်ပစ္စည်း ပါဆယ်များကို သျှမ်းပြည်တောင်ပိုင်း မိုင်းပွန်မြို့ရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်တွင် သိမ်းဆည်းမှုပြုလုပ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့သည့် ကားသမားများက ပြောသည်။

“ကုန်သွယ်ရေးကတော့ တာချီလိတ် ၊ကျိုင်းတုံက ပါဆယ်ပစ္စည်းတွေကို တောင်ကြီးတို့ ရန်ကုန်တို့ကို ပို့လို့မရတော့ဘူး။ လမ်းက စစ်ရေးဂိတ်တွေက ဖမ်းတယ်၊ သိမ်းတယ်။ မိုင်းပွန်တံတားထိပ် အဖွဲ့က အဆိုးဆုံးပဲ။ လိုင်းကားတွေကို ပစ္စည်းမတင်ရဘူး ၊လူသီးသန့်ပဲ တင်ရမှာတဲ့။ကျိုင်းတုံကားကြီးဝင်းက ဂိတ်တွေ ပါဆယ်ပစ္စည်းတွေ လက်မခံတာ ကြာပြီ။” ဟု ကျိုင်းတုံ- တောင်ကြီး ပြေးဆွဲနေသည့် ကားသမား တစ်ဦးက ပြောသည်။

ထို့အပြင် ယခင်က ပစ္စည်းများ ပါဆယ်များကို လိုင်းကားများမှ ပို့လို့ရသော်လည်း ဂိတ်ရောက်သည့်အခါ ဖောက်ကြည့် စစ်ဆေးပြီးမှထည့်လို့ရသော်လည်း လက်ရှိအခြေအနေတွင် ပါဆယ်ပစ္စည်း များကို တင်ဆောင်ခွင့် မရတော့ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီ စစ်ဆေးရေးဂိတ်များမှ စစ်ဆေးရေးတင်းကြပ်မှုကြောင့် ခရီးသွားများအနေဖြင့်လည်း စိတ်အနှောက်အယှက် ဖြစ်နေကြာင်းနှင့် ကုန်ပစ္စည်း ပါဆယ်များကို ယခင်ကဲ့သို့ အလွယ်တကူပို့ဆောင်ခွင့် မရသောကြောင့် အွန်လိုင်းဈေးရောင်းသူ များမှာလည်း အခက်တွေ့ကြုံနေကြသည်။

“အခုက အရမ်းစစ်နေတာ ခရီးသည်တွေကို၊ သူတို့ဂိတ်နားရောက်ရင် လမ်းဆင်းလျှောက်ခိုင်းတာ သူမင်္ကာရင် ရစ်တာ လေသံမာမာနဲ့ ဆူတာတွေပါလုပ်တယ်။ သူတို့ကို ပိုက်ဆံမပေးရင်လည်း ကားက တော်တော်နဲ့ ဆက်သွားလို့မရဘူး။ ဟိုရှာဒီရှာ ဟိုတောင်းဒီတောင်းလုပ်တာ။ အွန်လိုင်းဈေးသည်တွေဆို သူတို့အတွက်ခက်သွားတာပေါ့။ ခရီးသွားရတာ အရင်လို စိတ်ချမ်းသာစရာ မကောင်းတော့ဘူး။ အကုန်ကြောက်နေရတာ။” ဟု ခရီးသွား အမျိုးသားတစ်ဦးက ပြောသည်။

ထိုကဲ့သို့ စစ်ကောင်စီမှ ကုန်ပစ္စည်းများနှင့် ပါဆယ်များကို လိုင်းကားပေါ်တွင် တင်ခွင့်မပြုသောကြောင့် တွဲကားများနှင့် ကားကြုံများမှသာလျှင် ထည့်နေရကြောင်း၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန် ၁ ရက်နေ့မှ စပြီး ထိုင်း-မြန်မာနယ်စပ်မှ တရားဝင်အခွန်မဆောင်ဘဲ တင်သွင်းသည့် ကုန်ပစ္စည်းများကို သျှမ်းပြည်အတွင်း ဖမ်းဆီးနေပြီး ကုန်ဈေးနူန်းမြင့်တက်နေကြောင်း သိရသည်။

လက်ရှိ ထိုင်းနိုင်ငံထုတ် မားမား(မျက်လုံးတံဆိပ်) ခေါက်ဆွဲသည် ယခင် ၄၀၀ ကျပ်မှ လက်ရှိ ၁၀၀၀ကျပ် ၊ အမျိုးသားခေါင်းလျှော်ရည် ကျပ်တစ်သောင်းမှ လက်ရှိတွင် ကျပ်တစ်သောင်းခွဲအထိ ပေးဝယ်နေရပြီး ကြက်သားမှုန့် ကျပ် ၃၀၀ တန်သည် လက်ရှိ ကျပ် ၈၀၀ အထိ ဈေးမြင့်တက်နေကြောင်း သိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...