Thursday, January 29, 2026

စစ်ကောင်စီက တာလေတံတား ညဖြတ်သန်းခွင့်ကန့်သတ်

သျှမ်းပြည် အရှေ့ပိုင်း တာလေမြို့ရှိ တံတားကို စစ်ကောင်စီက ညအချိန်ဖြတ်သန်းသွားလာခွင့် ကန့်သတ်လိုက်သဖြင့် ဒေသခံများအတွက် ကျန်းမာရေး အရေးပေါ်လူနာအတွက် အခက်အခဲဖြစ်ကြောင်း သတင်းရရှိသည်။

တာလေမြို့ရှိ တံတားကို စစ်ကောင်စီက ည ၁၀ နာရီအချိန်ကျော်လျှင် မည်သည့်ယာဉ်မျှ ဖြတ်သန်းသွားလာခွင့် မပြုသည့်အပြင် အရေးပေါ်လူနာတင်ကားများကိုလည်း ဖြတ်သန်းသွားလာခွင့် မပြုသည့်အတွက် ဒေသခံများ နှင့် အရေးပေါ်လူနာများအတွက် အခက်အခဲ ဖြစ်စေကြောင်း လူမှုကူညီရေးအသင်းတစ်ခု၏ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အခုက အကြောင်းစုံ ရှင်းပြနေလည်း သူတို့က လုံးဝ ပေးမဖြတ်ဘူး။ည ၁၀ဆိုရင်ပိတ်ပြီ၊ မနက်မိုးလင်းမှ ဖွင့်တာ၊ ဒီလိုအခြေအနေဆိုရင် အက်ဆီးဒင့်ဖြစ်ပြီး ဒဏ်ရာရတဲ့ လူနာတွေ၊ မွေးလူနာတွေ၊ဖျားနာတဲ့လူတွေကို ကူညီတာမျိုးတွေကို ယာယီရပ်နားထားရမယ့် အခြေအနေဖြစ်နေတာ။”ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် (ဇွန်လ ၂၉ ရက်) ည ၈ နာရီတွင် တာ‌လေမြို့ရှိ အရပ်သားတစ်ဦက ယာဉ်မတော်တဆမှုကြောင့် တာလေမြို့မှ တဆင့် မိုင်းဖြတ်မြို့ရှိ စစ်ဆေးရုံသို့ လူမှုကူညီရေးအဖွဲ့တစ်ခုက ပို့ဆောင်ခဲ့ကြောင်းသိရသည့်။

ထိုလူနာကိုဆေးရုံသို့ ပို့ဆောင်ပြီးအပြန် တာလေမြို့ တံတားပေါ်၌ ည ၁ဝ နာရီခွဲ အချိန်တွင် ရောက်ရှိခဲ့ခြင်းကြောင့် တံတားတွင်စောင့်သည့် တာဝန်ရှိသူများကို အကျိုးအကြောင်း ရှင်းပြသော်လည်း ဂိတ်ကိုမဖွင့်ပေးသည့် အတွက်အရေးပေါ်ကားကို တာလေတံတားပေါ်တွင် ထားပြီး ပြန်လာခဲ့ရကြောင်းသိရသည်။

အလားတူ သျှမ်းပြည် တောင်ပိုင်း၊ အရှေ့ပိုင်းရှိ မြို့များတွင် စစ်ကောင်စီက အထက်အမိန့်ဟုဆိုကာ အချို့မြို့တွင် ည (၉)မှ နံနက် (၅)၊ အချို့မြို့တွင် ည (၁၀)မှ နံနက် (၆)အချိန်ထိ မြို့အဝင်အထွက်များကို ပိတ်ထားပြီး မည့်သည့်ယာဉ်ကိုမျှ ဖြတ်သန်းသွားလာခြင်းမပြုခြင်းကြောင့် ဈေးသည်များ၊ ဒေသခံများအပြင် လူမှုကူညီရေးအသင်းများ ကားသမားများပါ အခက်အခဲများဖြစ်စေကြောင်း ကားသမားတစ်ဦးကပြောသည်။

တာလေမြို့သည် တာချီလိတ် – ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးပေါ်တွင်းတည်ရှိပြီး တာလေတံတားကို စစ်ကောင်စီ ခမရ ၃၁၆ တပ်က တာဝန်ယူစောင့်ကြပ်ထားကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...