ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ထာဝရ ငြိမ်းချမ်းရေးက အသက်နှင့် ရင်းပြီး အရေးကြီးလှကြောင်း စစ်အာဏာသိမ်း ခေါင်းဆောင်းက ယနေ့ (ဇွန်၂၅) နေပြည်တော်တွင်ကျင်းပသည့် ငြိမ်းချမ်းရေးဖိုရမ်တွင် ပြောဆိုလိုက်သည်။
စစ်ကောင်စီ ဦးစီးကျင်းပသည့် ငြိမ်းချမ်းရေးဖိုရမ် “Peace Forum” ကို ဇွန် ၂၅ မှ ဇွန် ၂၇ ရက်ထိ သုံးရက်သာ နေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
တိုင်းရင်သား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် နိုင်ငံရေး နည်းလမ်းဖြင့် အဖြေရှာရန်၊ လက်နက်ကိုင်လမ်းစဉ်နှင့် အကြမ်းဖက် လုပ်ရက်ကြောင့် နိုင်ငံတော် ဆုံးရှုံးနစ်နာမှုများကို ထောက်ရှု့ပြီး ထာဝရ ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုး တိုးတက်ရေး ကို ပြည်သူနှင့်အတူ လက်တွဲဖော်ဆောင်ရန် လိုအပ်ကြောင်း စစ်အာဏာသိမ်းခေါင်းဆောင်က ငြိမ်းချမ်းရေး ဖိုရမ်တွင် အဖွင့်မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။
“တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ နိုင်ငံရေး နည်းလမ်းနဲ့အဖြေရှာဖို့ အားပေးပြောကြားလိုပါတယ်။ ဒါမှ ကျနော်တို့ စည်းစည်းလုံးလုံး ပဋိပက္ခချုပ်ငြိမ်းရေးနှင့် ထာဝရ ငြိမ်းချမ်းရေးက အသက်နှင်ရင်းပြီး အရေးကြီးလှပါတယ်” ဟု စစ်အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆိုသည်။
စစ်အာဏာသိမ်းပြီး ၂၀၂၁ခုနစ်နောက်ပိုင်း စစ်ကောင်စီ အုပ်ချုပ်လာသည့် ကာလအတွင်း ငြိမ်းချမ်းရေးအတွက် ဘက်ပေါင်းစုံ ကြိုးစားဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုလည်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ အမြဲတမ်း ဖိတ်ခေါ်ခဲ့ကြောင်း ၎င်းဖိုရိမ်တွင် ပြောဆိုခဲ့သည်။

ဆက်လက်ပြီး နိုင်ငံတော်ကို ဆန့်ကျင် တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များနှင့် PDF အဖွဲ့များနှင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပါတီစုံ ရွေးကောက်ပွဲလမ်းကြောင်း မှတဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အကြိမ်ကြိမ် ဖိတ်ခေါ် ကမ်းလှမ်းခဲ့ ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့သည်။
ထို့အပြင် လာမည့်နှစ်ကုန်ပိုင်းတွင် ရွေးကောက်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး၊ ပြည်သူမဲပေးသည့် အစိုးရကို အာဏာလွှဲမည်ဖြစ်ကြောင်းနှင့် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် နိုင်ငံအတွင်း တည်ငြိမ် အေးချမ်းရေး ပေါ် အများကြီးမူတည်ကြောင်းလည်း စစ်ခေါင်းဆောင်က ထပ်လောင်းပြောသည်။
ငြိမ်းချမ်းရေးဖိုရမ်ကို တရုတ်အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းအပါအဝင် နိုင်ငံခြား သံတမန်များလည်း တက်ရောက်သည်။
ထို့ပြင် ငြိမ်းချမ်းရေး ဖိုရမ် တွင် လက်နက်ကိုင် အဖွဲ့အစည်းများ၊ နယ်ပယ်ကဏ္ဍအသီးသီးမှ ထင်ပေါ်ကျော်ကြားသူများ၊ ပြည်တွင်း၊ပြည်ပ မှ အသိပညာရှင်များလည်းပါဝင်ကြောင်းသိရသည်။












Leave a Comments