ငလျင်အကြောင်းပြု၍ အာဆီယံဥက္ကဋ္ဌနှင့် စစ်ခေါင်းဆောင် ဘန်ကောက်မြို့တွင် တွေ့ဆုံမည်

အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားသည့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တို့သည် လာမည့် ဧပြီလ ၁၇ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ တွေ့ဆုံသွားမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။

လက်ရှိ ၂၀၂၅ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်သည် မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ဘေးကို အကြောင်းပြု၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများအပြင် အပစ်အခတ်ရပ်စဲရေး ကိစ္စများကို တွန်းအားပေးရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဧပြီလ ၁၇ ရက်နေ့တွင် ဘန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံမှ သတင်းဌာနများတွင် ဖော်ပြသည်။

အဆိုပါ တွေ့ဆုံပွဲသို့ စစ်ခေါင်းဆောင် တက်ရောက်ဖြစ်ပါက စစ်အာဏာသိမ်းပြီးနောက် လေးနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် အာဆီယံခေါင်းဆောင်များနှင့် တွေ့ဆုံခြင်း ဖြစ်လာပြီး မလေးရှားဝန်ကြီးချုပ်အပြင် ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်နှင့် အခြားသော အာဆီယံနိုင်ငံများမှ ဝန်ကြီးအဆင့် တာဝန်ရှိသူများလည်း တက်ရောက်မည်ဟု မလေးရှားနိုင်ငံ သတင်းဌာနများက ရေးသားသည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ ဘင်းမ်စတက် ထိပ်သီးအစည်းအဝေး တက်ရောက်ခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် လက်ရှိအာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်သည့် မလေးရှား နိုင်ငံခြားရေးဝန်ကြီးတို့ နေပြည်တော်အထိ လာရောက်တွေ့ဆုံခဲ့ပြီးနောက် ယခုခရီးစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုစဉ်က ငလျင်ဒဏ်သင့် ဒေသများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ရွေ့လျားဆေးရုံ တည်ဆောက်ရေး အပါအဝင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြကြောင်း စစ်ကောင်စီဘက်မှ ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ဧပြီလ ပထမပတ်အတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်နှင့် စစ်ခေါင်းဆောင်တို့ သီးသန့်တွေ့ဆုံခဲ့စဉ် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် နိုင်ငံရေးအရ ဆွေးနွေးကြရန် တိုက်တွန်းခဲ့ကြောင်း သက်ဆင်က ထိုင်းမီဒီယာများကို ဖြေကြားထားသည်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် လက်ရှိ အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခံထားရပြီး လာမည့် ဧပြီလ ၁၇ ရက် စစ်ခေါင်းဆောင်နှင့် ပြုလုပ်မည့် ဆွေးနွေးပွဲသို့ တက်ရောက်နိုင်ခြေရှိကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက အကဲခတ် ပြောဆိုထားသည်။

အခြားတစ်ဘက်တွင် ငလျင်ဒဏ်ကြောင့် အပစ်အခတ် ရပ်စဲထားသည်ကို စစ်ကောင်စီဘက်မှ အခွင့်ကောင်းယူပြီး လေကြောင်းတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် နိုင်ငံတကာမှ စောင့်ကြည့်ရေးယန္တရား ထူထောင်ပေးရန် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်မှ တိုက်တွန်းတောင်းဆိုထားသည်။

ပုံစာ – လက်ရှိ အာဆီယံဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ်နှင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...