လွိုင်ကော်မြို့ အဝေးပြေးယာဉ်ရပ်နားစခန်း စစ်ကောင်စီ နေရာပြောင်းရွှေ့ ဖွင့်လှစ်

ကရင်နီပြည်နယ် လွိုင်ကော်မြို့အတွင်းရှိ အဝေးပြေးယာဉ် ရပ်နားစခန်းကို စစ်ကောင်စီမှ နေရာပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပြီး ဖွင့်ပွဲပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ကရင်နီပြည်နယ် လွိုင်ကော်မြို့ရှိ အဝေးပြေးယာဉ်ရပ်နားစခန်းကို ယခင်က နောင်ယားရပ်ကွက်တွင် ဖွင့်လှစ်ထားသော်လည်း လက်ရှိတွင် ကယားဒေးကွင်း အနီးသို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ယမန်နေ့ (မတ်လ ၁၉ ရက်) နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် ဖွင့်ပွဲအခမ်းအနားတွင် စစ်ကောင်စီ ခန့် အပ်ထားသည့် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ဌာနဆိုင်ရာ ဝန်ထမ်း၊ ယာဉ်လိုင်းပြေးဆွဲသူနှင့် ဒေသခံများ တက်ရောက်ခဲ့ကြောင်း ယာဉ်လိုင်းဂိတ်မှူးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လိုင်းကားတွေက ပြန်ပြေးဆွဲတာကတော့ လနဲ့ချီ ကြာပါပြီ။ သူတို့က နေရောပြောင်းပြီးတော့ ဂိတ်ပေါင်းစုံ ပြန်ပေါင်းပြီး ဖွင့်ပွဲလုပ်ပေးတာပါ။ လမ်းခရီး အခြေအနေက‌တော့ ကောင်းနေပါတယ်။ ဝန်ကြီးတွေ တက်ရောက်တာလား ဆိုတာကတော့ မပြောတတ်ဘူး”ဟု ၎င်းယာဉ်လိုင်း ဂိတ်မှူးတစ်ဦးက ပြောဆိုသည်။

လွိုင်ကော်မြို့ အဝေးပြေးယာဉ်ရပ်နားစခန်း စစ်ကောင်စီ နေရာပြောင်းရွှေ့ ဖွင့်လှစ်

လက်ရှိတွင် တိုက်ပွဲများ ငြိမ်သက်ပြီး ခရီးစဉ် ပြန်လည်ပြေးဆွဲနေသည့် ယာဉ်များသည် သျှမ်း – ကရင်နီပြည် တောင်ကြီးမြို့မှ လွိုင်ကော်မြို့ ကို ပုံမှန် သွားလာနေကြောင်း ဒေသခံများက ထပ်လောင်းပြောသည်။

“သူတို့ အရင်က လမ်းအတိုင်းပဲ ပြန်သွားနေတာ။ တောင်ကြီး – ဆီဆိုင် – လွိုင်လင်လေး – လွိုင်ကော် အဲ့လမ်းမကြီးအတိုင်းပဲ။ လိုင်းကားတွေကတော့ ဖွင့်တာကြာပါပြီ၊ သူတို့က နေရာပြောင်းပြီးတော့ ဖွင့်ပွဲလုပ်တာ။ မှန်လုံယာဉ် လိုင်းကားကြီးတွေကတော့ အရင်လို ပြန်မသွားသေးဘူး”ဟု လွိုင်ကော်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယာဉ်ရပ်နားရန် ပြောင်းရွှေ့ဖွင့်လှစ်ထားသည့် နေရာအသစ်သည် မြို့တွင်းအနီးဖြစ်ပြီး စစ်ကောင်စီဘက်မှ ကင်းစောင့် တပ်စွဲထားသည့် နေရာနှင့် နီးကပ်နေကြောင်း သိရသည်။

သျှမ်း – ကရင်နီပြည် ပြေးဆွဲသည့် တောင်ကြီးမြို့ မှ လွိုင်ကော်မြို့ ခရီးစဉ်ကို ကားခ တစ်ဦးလျှင် ၃ ‌သောင်းကျပ် ပေးရကြောင်း ယာဉ်လိုင်းများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...