လွိုင်လင်တိုးဂိတ်အနီး စစ်ကောင်စီလက်အောက်ခံ မူးယစ်ပူးပေါင်းအဖွဲ့မှ ကားသမားများကို အကြောင်းမဲ့ စစ်ဆေးခြိမ်းခြောက်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့အထွက် တိုးဂိတ်အနီးတွင် စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ပူးပေါင်းအဖွဲ့များမှ ကားသမားများကို အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။

မတ်လ (၈) ရက် ည ၈ နာရီကျော်အချိန်တွင် လွိုင်လင်မြို့အထွက် တိုးဂိတ်အနီးရှိ စစ်ကောင်စီလက်အောက်ခံ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ပူးပေါင်းအဖွဲ့များမှ တောင်ကြီး-နမ့်စန် ခရီးသည်တင်ကား ပြေးဆွဲနေသည့် ကားသမားများကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးစစ်ဆေးပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။

“မူးယစ်အဖွဲ့က မပြောမဆိုနဲ့ ကားပေါ်က ဆင်းခိုင်းပြီး မှတ်ပုံတင် သိမ်းလိုက်တယ်။ ပြီးတော့ တာဝန်ခံဆီ ခေါ်သွားတယ်။ ကားပေါ်မှာလည်း ဘာမှ မပါလာဘူး၊ ကားကလည်း လိုင်စင်ကားပဲ။ အဲ့တာကို ဘာမှ မမေးမပြောဘဲနဲ့ သေနတ်နဲ့ ချိန်တယ်။ မင်းတို့ဘာထင်နေတုန်း၊ ဘာအဖွဲ့အစည်းမဆို ဖြတ်သွားရင် ငါတို့စစ်ပြီးမှ သွားလို့ရမယ်၊ တိုင်းမှူးကနေ နှုတ်နဲ့ တာဝန်ပေးထားတာလို့ ပြောတာ”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွိုင်လင် တိုးဂိတ်

လွိုင်လင်မြို့အထွက် တိုးဂိတ်အနီး စခန်းချဖွင့်လှစ်ထားသည့် စစ်ဆေးရေးဂိတ်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ရဲအုပ် တင်ထွန်းအောင်နှင့် အဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုရဲမှူး တင်မောင်မြင့်တို့ ဦးဆောင်ပြီး ပြည်ထောင်စု လမ်းမကြီးတလျှောက် ဖြတ်သန်းသွားလာသည့် ခရီးသည်ယာဉ်များကို အမျိုးမျိုးအကြောင်းပြ စစ်ဆေးပြီး ခြိမ်းခြောက်ငွေတောင်းခံမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“သူတို့ကျတော့ ဝစ်သောက်ကားစီးပြီး သူများကို စစ်နေတာ၊ အရက်လည်း မူးထားသေးတယ်။ လူနာမည်မေးလိုက်၊ ကားထဲစစ်လိုက်နဲ့ တခုပြီးတခု မေးပြီး ခြိမ်းခြောက်တယ်။ ၈ နာရီကျော်က စစစ်တာ ၁၁ နာရီကျော်မှ ပေးဖြတ်တယ်။ လူကိုလည်း တွန်းတွန်းထိုးထိုးလုပ်တယ်၊ ဘာမှ ပေးမပြောဘူး။ ဝတ္တရားနှောက်ယှက်မှုနဲ့ တရားစွဲမယ်တို့ အဲ့လို ခြိမ်းခြောက်တာ”ဟု တောင်ကြီး-နမ်စန် ခရီးသည်တင်ကား ပြေးဆွဲနေသည့် ၎င်းကားသမားက ဆက်ပြောသည်။

လွိုင်လင်မြို့

စစ်ကောင်စီလက်အောက်ခံ စစ်ဆေးရေးဂိတ်များတွင် ခရီးသည်တင်ကားများကို အမျိုးမျိုး အကြောင်းပြကာ စစ်ဆေးနေခြင်းကြောင့် အမျိုးသမီးများ ခရီးသွားလာပါက လုံခြုံရေး စိုးရိမ်ရပြီး သတိထားရန် လိုအပ်ကြောင်း ကားသမားများက ပြောဆိုသည်။

ယမန်နှစ် ၂၀၂၄ နိုဝင်ဘာလမှ စတင်ပြီး လွိုင်လင်မြို့ရှိ စစ်ကောင်စီမှ မူးယစ်ဆေးသုံးစွဲသူများကို ဖမ်းဆီးကာ မြို့အဝင်အထွက်ဂိတ်များတွင် ကင်းစောင့်ခိုင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...