ကလော-သာစည်ကြား ကျွဲတပ်ဆုံဂိတ်တွင် ကားထောင်ချီပိတ်မီနေ

သျှမ်းပြည်တောင်ပိုင်း၊ ကလော-သာစည် လမ်းပိုင်း စစ်ကောင်စီ ကျွဲတပ်ဆုံဂိတ် တွင် စစ်ဆေးမှု တင်းကြပ်နေသောကြောင့် ကားထောင်ချီပိတ်မိနေသည်ဟု ခရီးသွားများထံမှ သိရသည်။

စစ်ကောင်စီတပ်သားများသည် လုံခြုံရေး အကြောင်းပြပြီဂ အိမ်စီးကားနှင့် ကုန်တင်ကားများကို X-Ray စက်ဖြင့် စစ်ဆေးနေပြီး ခရီးသွားများကို လမ်းလျှောက်ဆင်းခိုင်းပြီး အစစ်ဆေးခံရသည်ဟု ကိုယ်တိုင်ကြုံတွေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုကဲ့သို့ စစ်ဆေးနေမှုကြောင့် အိမ်စီးကား တစ်စီးကို အနည်းဆုံး (၃)နာရီအထိ ကြာမြင့်ပြီး ကုန်တင်ကားဆိုလျှင် ၂ ရက်မှ ၃ ရက်အထိ အချိန်ကြာြမင့်စွာ စောင့်ဆိုင်း အစစ်ဆေးခံနေရသည်ဟု ကုန်တင်ကား မောင်းနှင်သူ တစ်ဦးက ပြောသည်။

“လက်နက်တွေ ပါလာလား လို့ စစ်ဆေးတာနေမှာပေါ့။ အကြာကြီးစောင့်ခဲ့ရတာ။ ပါလာတဲ့ ကုန်စိမ်းတွေလည်းတချို့ဆို ပုတ်ကုန်တယ်။ ထမင်းတောင်ငတ်တယ်။သျှမ်းပြည်ဘက်က နေ ဆင်းတဲ့ကားဆို ပိုစစ်တယ်။” ဟု ကုန်စည်ပို့ဆောင်သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခင်က ကုန်တင်ကားများ ထိုဂိတ်ဖြတ်ရာတွင် အချိန်အနည်းငယ်မျှသာ ပေးရသော်လည်း ယခုကာလတွင် ရက်ပိုင်းမျှ အချိန်ပေး အစစ်ဆေးခံနေရသောကြောင့် ခရီးသွားများအတွက် ပို၍အဆင်မပြေဖြစ်ရကြောင်း ၎င်းအမျိုးသားက ထပ်လောင်း ပြောသည်။

ထို့အပြင် အကြောင်းအမျိုးအမျိုးဖြင့်ကျွဲတပ်ဆုံဂိတ် ကို ဖြတ်ရမည့် ပြည်သူများအနေဖြင့် အထားမခံသည့် ကုန်ပစ္စည်းများ ကို သယ်ဆောင်ရန် မသင့်ကြောင်း ခရီးသွားအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မဖြစ်မနေ အဲဘက်ကို ခရီးသွားရမယ်ဆိုရင်တော့ အထားမခံတဲ့ ပစ္စည်းတွေကို မယူသွားတာကောင်းတယ်။ ဖုန်းထဲမှာလည်း နိုင်ငံရေးနဲ့ ပတ်သက်တာတွေ ရှင်းထားသင့်တယ်။ တခါတလေ ဖုန်းယူစစ်တတ်တယ်။ သူတို့ကို ကြောက်တဲ့ပုံဆို ပိုခြောက်တယ်။” ဟု အဆိုပါ အမျိုးသားက ဆိုသည်။

ကလော-သာစည်ကြား ကျွဲတပ်ဆုံဂိတ်တွင် ကားထောင်ချီပိတ်မီနေ

ကျွဲတပ်ဆုံဂိတ်သည် သျှမ်းပြည်တောင်ပိုင်း နှင့် မန္တလေးတိုင်းကို ဆက်သွယ်ထားပြီး ကလော-သာစည် လမ်းပိုင်းတွင် တည်ရှိသည်။

ယခုလက်ရှိတွင် ခရီးသွားများအနေဖြင့် စမတ်ကဒ်၊ ရပ်ကွက်ထောက်ခံစာနှင့် မှတ်ပုံတင်များကို စစ်တပ်စစ်ဆေးရေးဂိတ်တိုင်းတွင် ပြပြီးမှ ဖြတ်သန်းနေရသည်ဟု ခရီးသွားများက ပြောသည်။

ဆက်လက်ပြီး တိုက်ပွဲ ဖြစ်ပွားရာနေရာဒေသမှ ပြည်သူများကို ပို၍ စစ်ဆေးနေပြီး ထိုဒေသမှ ပြည်သူများအနေဖြင့် စစ်ကောင်စီကို ငွေအမြောက်အများ လာဘ်ထိုးနိုင်မှသာ ဖြတ်သန်းခွင့် ရသည်ဟု သိရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင်ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...