ဖားကန့် နွံကန်ပေါက်ကျမှု နှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရ သေဆုံးသူ ၁၀ ဦးထက်မနည်းရှိနေ 

ကချင်ပြည် ဖားကန့်မြို့နယ် စပေါ့ကျေးရွာ နွံကန်ပေါက်ကျမှုကြောင့် သေဆုံးမှု နှင့် ပျောက်ဆုံးမှုများ ရှိနေသည့်အပြင် စစ်ကောင်စီဗုံး၏ လေကြောင်းဗုံးကြဲမှုကြောင့်  သေဆုံးသူ ၁၀ ဦးထက်မနည်းရှိနေကြောင်း သိရသည်။

ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာ  ယနေ့ (ဇန်နဝါရီလ ၁၃ ရက် ) နံနက် ၁ နာရီခန့်တွင် နွံကန်ပေါက်ကျမှုကြောင့် လက်ရှိတွင် သေဆုံးသူ ၁၂ ဦးထိ တွေ့ရှိထားပြီး ၊ နေအိမ်များစွာလည်း ပျက်စီးခဲ့ရကြောင်း ဖားကန့်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းပြည်သံတော်ဆင့်ကို ပြောသည်။ 

“မြေပြိုတာမဟုတ်ဘူး။ နွံကန်ပေါက်‌တာ အရင်တုန်းက သူတို့ကျောက်တွေရှာတဲ့ ကန် အဲ့ကန် ပေါက်ကျ တာပေါ့။အခုကတော့ လူပျောက် တာကများတယ်။တချို့ကလည်း ရာချီတယ်လို့ပြောတယ် အတည်ပြုလို့တော့ မရသေးဘူး။အခုလက်ရှိတော့ အလောင်းကတော့ ၁၂ ယောက်လောက်ပဲ တွေ့အုံး မယ်။အိမ်ကတော့ ၅၀ ကျော်တယ်”ဟု ဖားကန့်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

ဖားကန့် လေကြောင်းဗုံးကြဲ

အလားတူ ဖားကန့်မြို့နယ် ဆန်ခါနဲ့ မဇွပ်ယန်းကျေးရွာတွင် ယနေ့ (ဇန်နဝါရီလ ၁၃ ရက်) နံနက် ၁၀ နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် လူစုလူဝေးလုပ်သည့်နေရာကို  ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက် မှုကြောင့် သေဆုံးမှုများရှိနေကြောင်း ဖားကန့်မြို့နယ်ဒေသခံအမျိုးသားတစ်ဦး ထပ်မံလောင်းပြောသည်။

“လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရတဲ့ဟာက  ၅ ဦးသေဆုံးပြီးတော့ ၁၀ ဦးလောက်က ဒဏ်ရာရထားတယ်လို့တော့ သိထား ရတယ်။အဲ့ထက်လည်းများနိုင်မယ်။မှော်စီဆာ ဆန်ခါမှော်ဘက်က ရေမဆေးသမားကျောက် ရှာ တဲ့ လူတွေလည်း ပါသွားတယ်။”ဟု ဖားကန့်မြို့နယ်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ 

ထို နွံကန်ပေါက်ကျမှုကြောင့် ပျောက်ဆုံးနေသူများကို လူမှုကူညီရေးအသင်းများ နှင့် ကုမ္ပဏီအဖွဲ့များက ပူပေါင်း၍ ဆက်လက်ရှာဖွေနေကြပြီး ဗုံးကြဲတိုက်ခိုက်ခံရသည့် နေရာသည်လည်း နွံပေါက်ကျသည့် နေရာနှင့်သာ အနည်းငယ်အလှမ်းဝေး‌ကြောင်း ဒေသခံများက ပြောသည်။ 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...