စက်သုံးဆီတင်ဆောင်သည့်ကားများ စစ်ကောင်စီ၏ နယ်မြေဗျူဟာမှူးများ ထောက်ခံစာယူရ

သျှမ်းပြည် တောင်ပိုင်းနှင့် အ‌ရှေ့ပိုင်းတွင် စက်သုံးဆီ တင်ဆောင်သည့် ကားများသည် နယ်မြေဖြတ်ကျော်ရန်အတွက် စစ်ကောင်စီ၏ နယ်မြေဗျူဟာမှူး ထောက်ခံစာ အထောက်အထားများ ယူရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ နောက်ဆုံးပတ်မှ စတင်၍ သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ရှိ ၄ မိုင် စစ်ဆေးရေးဂိတ်နှင့် သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့ရှိ စစ်ဆေးရေးဂိတ်၊ တာကော်တံတားရှိ စစ်ဆေးရေးဂိတ်တို့တွင် စက်သုံးဆီကားများ နယ်မြေဖြတ်ကျော်ရန် စစ်ကောင်စီတပ်၏ ခွင့်ပြုချက် အထောက်အထားများ ရှိရမည် ဖြစ်ကြောင်း အသက် ၄၀ ဝန်းကျင် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို‌ ပြောသည်။

“စက်သုံးဆီ တင်ပို့ခွင့် လိုင်စင်တွေ အရမ်းစစ်တာ။ မရှိလို့ မပြနိုင်ရင် သူတို့က ကျိုင်းတုံမြို့ကနေ ပေးကို မထွက်ဘူး။ အစိုးရကနေ လုပ်ပေးလိုက်တာတွေက ဆီဆိုင်ပိုင်ရှင်တွေမှာလည်း ရှိတယ်။ ကားမောင်းတဲ့ လူတွေမှာလည်း ရှိတယ်။ အခုက အသစ်ပြန်လုပ်စေချင်တဲ့ သဘောပေါ့။ စစ်ပြီး သူတို့ ထုတ်ပေးတဲ့ဟာ မှန်ကန်မှ ပေးဖြတ်တာ။ ဆီဘောက်ဆာ ကားဆရာတွေက အစ ထောက်ခံစာ လိုတာပေါ့”ဟု အသက် ၄၀ ဝန်းကျင် ၎င်းကားသမားက ပြောသည်။

ဆီဘောက်ဆာကား

စစ်ကောင်စီက စက်သုံးဆီတင်ပို့ခွင့်လိုင်စင်၊ ရောင်းချခွင့်လိုင်စဉ်အပြင် နယ်မြေဖြတ်ကျော်၍ တင်ပို့ရန် ဖြတ်ကျော်မည့် နယ်မြေ၏ လက်အောက်ခံ ဗျူဟာမှူးတို့၏ ထောက်ခံစာ လက်မှတ် အထောက်အထားများကိုလည်း ဂိတ်များတွင် စစ်ဆေးကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စက်သုံးဆီနဲ့ ကုန်ပစ္စည်းတချို့ကို တခြားမြို့ ပို့မယ်ဆိုရင်လည်း အဲ့မြို့က ဗျူဟာမှူးရဲ့ ထောက်ခံစာ ရှိရမယ်။ မြို့ထဲမှာ ကိုယ်ဘာဆိုင်ဖွင့်လဲ ဘာအလုပ်လုပ်လဲ ဘယ်ကကုန်ကို ကိုယ်က သယ်ယူမလဲ အဲ့လိုအကုန်ပြောပြီး တောင်းရတာ။ ထောက်ခံစာက ကားသမားကော ဆိုင်ရှင်ကော ရှိထားရတယ်”ဟု အသက် ၄၀ ဝန်းကျင် ကားသမားတစ်ဦးက ပြောသည်။

သျှမ်းပြည်တောင်ပိုင်းနှင့် အရှေ့ပိုင်းရှိ စက်သုံးဆီများနှင့် စားနပ်ရိက္ခာ ကုန်ပစ္စည်းများကို မြောက်ပိုင်းသို့ တင်သွင်းရန် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ထောက်ခံစာ လက်မှတ်များကို အဓိကထား စစ်ဆေးပြီး တားမြစ်ပိတ်ပင်နေကြောင်း အသက် ၃၀ ဝန်းကျင် ဒေသခံ အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

ဆီဘောက်ဆာကား

“သူတို့က တောင်ပိုင်း၊ အရှေ့ပိုင်းမှာရှိတဲ့ စစ်ကောင်စီ ဂိတ်တွေကတော့ အကုန်လုံး ထောက်ခံစာတွေ အဓိကထားပြီး စစ်တာပေါ့။ စက်သုံးဆီတင်တဲ့ ကားတွေကတော့ အဓိကပဲ။ တန့်ယန်းမှာတော့ ထောက်ခံစာမရှိရင် ဘာကုန်ပစ္စည်းမှကို ဝင်လို့မရတာ။ သူတို့ ဒီလိုလုပ်နေတာက မြောက်ပိုင်းဘက်ကို ကုန်ပစ္စည်းတွေ စက်သုံးဆီတွေ စားသောက်ကုန်တွေ ဝင်မှာစိုးလို့လေ”ဟု ၎င်းဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ စစ်ကောင်စီမှ စက်သုံးဆီ တင်သွင်းမှုများကို ကန့်သတ်ပိတ်ပင်ထားခြင်းကြောင့် မိုင်းရှူး၊ မိုင်းရယ်မြို့တို့တွင် စက်သုံးဆီများ စတင်ပြတ်လပ်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည် တောင်ပိုင်း၊ အရှေ့ပိုင်းရှိ မြို့ကြီးများတွင် စစ်ကောင်စီလက်အောက်ခံ ဂိတ်များမှ မြောက်ပိုင်းသို့ တင်သွင်းနေသည့် ကုန်စည်စီးဆင်းမှုများကို ကန့်သတ် တားမြစ် ပိတ်ပင်လိုက်သဖြင့် ဒေသခံပြည်သူများ ပိုဒုက္ခရောက်နေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...