ဖယ်ခုံ စစ်ရှောင်စခန်းကို ဒုတိယအကြိမ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

သျှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် လအိကျေးရွာရှိ ဘန်ကောက်စစ်ရှောင် စခန်းကို စစ်ကောင်စီမှ ဒုတိယအကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံ စုံစမ်းသိရသည်။

ယနေ့ (နိုဝင်ဘာလ ၁၈ ရက်) နံနက် ၁၁ နာရီ အချိန်တွင် စစ်ကောင်စီမှ ဘန်ကောက်စစ်ရှောင် စခန်းကို လေကြောင်းဖြင့် (၆ ) ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စစ်ရှောင် ကူညီနေသူ တစ်ဦးထံမှ သိရသည်။

“ လအိရွာနားဘက်က ဘန်ကောက်စစ်ရှောင်စခန်းကို ကြဲသွားတာ။ လေယာဉ်နဲ့ ၆ ကြိမ်လာပစ်တယ်။ အရင်က ဗုံးကြဲခဲ့တဲ့ စစ်ရှောင်စခ န်းပဲ။ သူတို့က စစ်ရှောင်တွေကို အဓိက တိုက်ခိုက်နေတာ။ သတိနဲ့ နေကြရင်တော့ အကောင်းဆုံးပေါ့။” ဟု စစ်ရှောင်ကူညီနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လေကြောင်း ဗုံးကြဲခံရသည့် ဖယ်ခုံ​စစ်ရှောင်စခန်း

ယခုလက်ရှိတွင် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရသူများကို အသေးစိတ်အခြေနေကို ၎င်း စစ်ရှောင် ကူညီနေသူမှ စုံစမ်းနေဆဲဖြစ်ကြောင်း ပြောသည်။

အဆိုပါ ဘန်ကောက်စစ်ရှောင်စခန်းသည် ဖယ်ခုံဖက်မှ စစ်ရှောင်လာသူနှင့် မိုးဗြဲဖက်မှ လက်နက်ကြီးကျသောကြောင့် စစ်ရှောင်များ လာရောက် တိမ်းရှောင်နေကြသည့် နေရာဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် အိပ်မပျော်သည်အထိ ရှိနေကြောင်း စစ်ရှောင်များထံမှ သိရသည်။

“ဒီစစ်ရှောင် စခန်းမှာတော့ မိုးဗြဲ နဲ့ ဖယ်ခုံဖက်က လူတွေ ပိုများတယ်။ ကြောက်လန့်မှုတွေကတော့ရှိတယ်။ စစ်တပ်ကိုလည်း ကြောက်ရတယ်။ လေကြောင်းကိုပိုကြောက်နေရတယ်။ ကားတစ်စီးက လေအရှိန်ဟုန်နဲ့ ဖြတ်သွားတာ တောင် လေယာဉ် လာလား ဘာလားနဲ့ ညအိပ်တာတောင် ကောင်းကောင်းမအိပ်ရဲကြဘူး။” ဟု ဘန်ကောက်စစ်ရှောင်စခန်း အနီး စစ်ရှောင်နေသူတစ်ဦးက ပြောသည်။

လက်ရှိလေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးမှုနှင့် ဒဏ်ရာရရှိသည့် သတင်းအချက်အလက်ကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေဆဲ။

လေကြောင်းဗုံးကြဲမှုခံရသည့် ဖယ်ခုံစစ်ရှောင်စခန်း

ထို့အပြင် ရေကြီးမှုကြောင့် စစ်ရှောင်များ အဓိက အားထားရသည့် စပါးခင်းများ ပျက်စီသွားမှုကြောင့် စားဝတ်နေရေးအတွက် ခက်ခဲနေပြီး စစ်ကောင်စီဖက်မှလည်း ဆေးဝါးနှင့် စားသောက်ကုန်များ တင်သွင်းခွင့် ပိတ်ဆို့ထားကြောင်း ၎င်း စစ်ရှောင်နေသူက ထပ်လောင်း ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၅) ရက်တွင်လည်း ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီမှ ဗုံးကြဲခံရမှုကြောင့် ကလေးငယ်နှင့် အမျိုးသမီးအပါဝင် (၁၀)ဦးထက်မနည်း သေဆုံးသွားခဲ့သည်။

ယခုလက်ရှိတွင် စစ်ကောင်စီမှ ဖယ်ခုံ၊ လွိုင်ကော်နှင့် မိုးဗြဲဘက်ကို စစ်အင်အားအလုံးရင်းဖြင့် အင်အားဖြည့်နေပြီး ပွင့်လင်းရာသီဖြစ်သဖြင့် တန်ပြန်ထိုးစစ်ဆင်နိုင်ကြောင်း နိုင်ငံရေး သိကျွမ်းသူများက မှတ်ချက်ပြုထားသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

ဖယ်ခုံမြို့နယ် ပြည်သူပိုင်ပစ္စည်းများ စစ်ကော်မရှင်တပ် သယ်ယူနေ

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ရွာအတွင်းဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် သယ်ယူနေကြောင်း သတင်းရရှိသည်။ ယခု ဇွန်လ တတိယပတ် အတွင်း ဖယ်ခုံမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကော်မရှင်တပ်ဖွဲ့ နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက ရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်...