Wednesday, January 28, 2026

အေးသာယာတွင် စက်ရုံများမှ ထုတ်လွှတ်သော ရေဆိုး၊ အနံ့ဆိုးများကြောင့် အနီးအနားရှိနေအိမ်များ ဒုက္ခတွေ့နေ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့တွင် စက်ရုံလုပ်ငန်းများမှ ထုတ်လွှတ်နေသော ရေဆိုး အနံ့ဆိုးများကြောင့် အနီးအနားတွင်နေထိုင်သည့် ပြည်သူများ အခက်ကြုံနေရကြောင်း သတင်းရရှိသည်။​

အေးသာယာမြို့သည် စက်ရုံများလည်ပတ်ရန်အတွက် စက်မှုဇုန်သီးသန့် အကောင်အထည်ဖော်ထားသော်လည်း လက်ရှိတွင် လူနေအိမ်များတည်ရှိရာ ရပ်ကွက်များအတွင်းလည်ပတ်နေသော စက်ရုံများမှ အနံ့ဆိုးများ၊ ရေဆိုးရေညစ်များအား စနစ်တကျစွန့်ပစ်ခြင်း မရှိသည့်အတွက် အနီးအနားတွင်နေထိုင်သော မြို့ခံများမှာ လေမသန့်ရှင်းခြင်း၊ မူးဝေခြင်းများကို ခံစားလာကြောင်း သိရသည်။

“စက်မှုဇုန်ဆိုပေမယ့် ဘေးမှာလူနေအိမ်တွေ တော်တော်များများရှိတယ်၊ အနံ့ရှူတာကြာလာရင် ရောဂါဖြစ်မှာ ကြောက်ရတယ်၊ အဲ့နားတဝိုက်ရောက်ရင် သီးသန့်ရှာစရာမလိုဘူး၊ အနံ့ဆိုးကြီးရပါလိမ့်မယ်” ဟု ကြက်ဥကဒ်များထုတ်လုပ်သည့် စက်ရုံ အနီးတွင်နေထိုင်သော မြို့ခံအမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

အေးသာယာ စက်မှုဇုန်

အလားတူ မုန့်တိုက်စက်ရုံတစ်ခုအနီးတွင်လည်း ရေဆိုးရေညစ်များအား လမ်းဘေးသို့စွန်ပစ်ခြင်း၊ မုန့်ဖုတ်ရာတွင် အသုံးပြုသည့် တာရှည်ခံဆေးများ၏ အနံ့များကြောင့် မူးဝေ၊ အော့အန်ခြင်းများပါ ကြုံတွေနေရခြင်းများရှိနေကြောင်းလည်း သိရသည်။

“အဲ့နားကဖြတ်သွားတာတောင် တော်တော်ဆိုးဆိုးဝါးဝါးနံနေတာ၊ အနီးနားနေတဲ့သူတွေဆို ဘယ်လိုနေမလဲမသိ၊ အစားအသောက်နဲ့ ပတ်သတ်တာမျိုးကို ဒီလို အနံ့ဆိုးတွေထွက်ပြီး ထုတ်လာတဲ့ မုန့်တွေက စားသုံးသူအတွက် စိတ်ချရပါ့မလား စိုးရိမ်တယ်” ဟု အေးသာယာမျိုးခံ တစ်ဦးကပြောသည်။

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ အကျိုးဆက်များကြောင့် မြန်မာနိုင်ငံအတွင် ကုန်ဈေးနှုန်းများမှာလည်း အဆမတန်မြင့်တက်လာခဲ့ပြီးနောက် တနိုင်တပိုင်လုပ်ကိုင်နေသော စီးပွားရေးလုပ်ငန်းငယ်များအပေါ်လည်း ကြီးမားသော သက်ရောက်မှုများဖြစ်လာခဲ့သည်။

ထို့ကြောင့် လုပ်ငန်းဆက်လက်လည်ပတ်ရန် ခက်ခဲလာခြင်း၊ ထုတ်လုပ်သော ကုန်ပစ္စည်းအရည်အသွေးများလည်း နိမ့်ကျလာနိုင်ခြင်း စသည့် ပြဿနာမျိုးစုံကိုလည်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများတွင် ကြုံတွေ့နေရလျက်ရှိသည်။

ကုန်ထုတ်လုပ်မှု အရည်အသွေးများနိမ့်ကျလာခြင်းသည် စားသုံးသူပြည်သူလူထုအတွက်လည်း ဆိုးဝါးသော သက်ရောက်မှုများစွာကြုံတွေ့လာနိုင်ပြီး ကျန်းမာရေးနောက်ဆက်တွဲဆိုးကျိုးများကို ရင်ဆိုင်လာနေရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။​

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အေးသာယာ ရပ်ကွက် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက် လူငယ်ကို အစားထိုးခေါ်ထည့်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက်သည့် လူငယ်ကို လူစားထိုးခေါ်ထည့် နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စပြီး စစ်မှုထမ်း အမှတ်စဉ် (၁၅)အတွက် အေးသာယာတွင် မဲနှိုက် နယ်မြေ (၈) (က) ရပ်ကွက်တွင် သုံးဦးမဲပေါက်ပြီး...

အေးသာယာ-စက်မှုဇုန်တွင် ဝယ်ယူပြီးသားမြေကွက်များအား ခြံစည်းရိုးခတ်ကာ ပြန်လည်သိမ်ဆည်းမှုများရှိနေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာ-စက်မှုဇုန်အတွင်း ဝယ်ယူပြီးသားမြေကွက်များကို မကျူးကျော်ရစာများလာကပ်သွားပြီး ခြံစည်ရိုးများခတ်ကာ ပြန်လည်သိမ်းဆည်းမှုများရှိနေသောကြောင့် မြေဝယ်ယူရာတွင် သတိထားရန်လိုအပ်ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ ဇန်နဝါရီလ ပထမပတ်တွင် အေးသာယာ-စက်မှုဇုန်အတွင်း ပြည်သူများဝယ်ယူထားသော မြေကွက်များအား ခြံစည်းရိုးခတ်ကာ မကျူးကျော်ရန် စာလာကပ်သွားကြောင်း ထိုသို့ခြံစည်းရိုးခတ်သွားသည့်အကြောင်းအရင်းကိုလည်း မသိရှိရကြောင်း မြေဝယ်ယူထားသူ အချို့က သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ဝယ်ထားတာက ၅...

အေးယာသာတွင် အိမ်စီးကား ၁ စီး မောင်းနှင်နေစဉ်အပူလွန်ကဲပြီး မီးလောင်မှုဖြစ်

0
သျှမ်းပြည် တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ ဝိုင်ခြံအနီးတွင် မန္တလေးမှပြန်လာသည့်အိမ်စီးကား ၁ စီးမောင်းနှင်နေစဉ်အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဧပြီလ ၂၃ ရက် ညပိုင်း ၈ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အေးသာယာကြက်ခြေနီးတပ်ဖွဲ့ဝင်များက သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့သည်ဟု မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို...

အေးသာယာ ကားလေးကွင်း ဆိုင်ခန်းဝယ်ယူထားသူများထံ ငှားရမ်းခ ထပ်မံကောက်ခံ

0
သျှမ်းပြည် တောင်ကြီးခရိုင် တောင်ကြီးမြို့နယ် အေးသာယာမြို့ ကားလေးကွင်းရှိ အခန်းဝယ်ယူထားသူများထံ ဆိုင်ခန်းဌားရမ်းခ ဆိုပြီး စည်ပင်က ထပ်မံ ပိုက်ဆံကောက်ခံနေကြောင်း သိရှိရသည်။ အေးသာယာ ကားလေးကွင်းရှိ ဆိုင်ခန်းတစ်ခန်းကို ကျပ်သိန်း ၆၅၀ ဖြင့် ရောင်းချခဲ့ပြီး ဖြစ်သော်လည်း ၂၀၂၂ ခုနှစ် (အောက်တိုဘာလ) မှ ၂၀၂၃...

လျှပ်စစ်မီးမမှန်မှုကြောင့် အေးသာယာ စက်မှုဇုံမှ စက်ရုံများ လည်ပတ်ရန်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာမြို့မှ အေးသာယာစက်မှုဇုံတွင် လျှပ်စစ်မီးမမှန်မှုကြောင့် စက်ရုံများက လုပ်ငန်းလည်ပတ်ရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ နိုဝင်ဘာလ လဆန်းပိုင်းမှ စတင်ကာ တောင်ကြီးမြို့နယ်အပါအဝင် သျှမ်းပြည် တခွင်လုံးရှိ မြို့ကြီးတော်တော် များများတွင် လျှပ်စစ်မီးများကို ၅နာရီမီးလာပြီး ၅နာရီမီး ပြန်ပိတ်ခဲ့သည့် အစီအစဥ် စတင်ခဲ့သည်။ သို့သော် လက်ရှိတွင် လျှပ်စစ်မီး...