Wednesday, January 28, 2026

အေးယာသာတွင် အိမ်စီးကား ၁ စီး မောင်းနှင်နေစဉ်အပူလွန်ကဲပြီး မီးလောင်မှုဖြစ်

သျှမ်းပြည် တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ ဝိုင်ခြံအနီးတွင် မန္တလေးမှပြန်လာသည့်အိမ်စီးကား ၁ စီးမောင်းနှင်နေစဉ်အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ ဧပြီလ ၂၃ ရက် ညပိုင်း ၈ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် အေးသာယာကြက်ခြေနီးတပ်ဖွဲ့ဝင်များက သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့သည်ဟု မြို့နယ်မီးသတ်တပ်ဖွဲ့ဝင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကားမောင်းနေရင်းကနေ မီးလောင်လို့ဆင်းပြေးတယ် ပြောတယ်ဗျ။ လိုင်းကားတော့ မဟုတ်ဘူး၊ အိမ်စီးကားပါ။ ဖြစ်သွားတာတော့ အေးယာသာဝိုင်ခြံအကျော်လေးနားက ထိခိုက်ဒဏ်ရာသူတော့ မရှိဘူး” ဟု ၎င်းကပြောသည်။

အဆိုပါကားပေါ်တွင်ပါလာသူ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ဖြစ်ပြီး မန္တလေးမှပြန်လာသူများဖြစ်ကာ တောင်ကြီးမြို့၊ ရေအေးကွင်းရပ်ကွက်တွင် နေထိုင်သူများဖြစ်ကြောင်းသိရသည်။

ပြီးခဲ့သည့် ဧပြီလ ၂၁ ရက်တွင်လည်း တောင်ကြီးမြို့ရှိ မြစိမ်းတောင်တွင် တောမီးလောင်မှုဖြစ်ပွားခဲ့သည်။

လက်ရှိ နွေရာသီကာလတွင် နေအပူချိန်လွန်ကဲသောကြောင့် တောမီးလောင်ခြင်းများအပြင် အပူဒဏ်ကြောင့် ကြွက်တက်ခြင်း၊ အပူကြောင့် နွမ်းနယ်ခြင်း၊ လေဖြတ်ခြင်း၊ အပူလွန်ကဲခြင်း စသည့် နာမကျန်းမှုများကို ခံစားနေရကြကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) မှ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ...

တောင်ကြီးမြို့သို့ အလုပ်လာရောက်သည့် အမျိုးသမီးတစ်ဉီး ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ဩတချောင်း နယ်မြေ (၅) ရွှေကြယ်မုန့်ဆိုင်တွင် အလုပ်လာလုပ်သည့် အသက် (၂၀) အရွယ်ရှိ မစုပြည့်အောင် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ အဆိုပါ မစုပြည့်အောင်သည် အင်းလေးဒေသ ညောင်ရွှေမြို့နယ် ပုံ့မှုကျေးရွာအုပ်စု ကျောင်းနားကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဦးဝင်းဖေ၊ ဒေါ်ငွေရင်တို့၏ တစ်ဦးတည်းသော သမီးဖြစ်ကြောင်း...

တောင်ကြီးပညာပါရမီ မိဘမဲ့ကျောင်းဖြတ်ပိုင်းဖြင့် လိမ်လည်အလှူခံနေ

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ပညာပါရမီ မိဘမဲ့ကျောင်းအတွက် အလှူခံဟုဆိုကာ လိမ်လည်တောင်းခံနေကြောင်း သတင်းရရှိသည်။ ဇူလိုင်လ (၁၂) ရက်မှ စတင်ပြီး တောင်ကြီးမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာဘက်တွင် အဝတ်အစား သပ်ရပ်စွာ ဝတ်ဆင်ထားသည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးတို့သည် နေအိမ်ခြံဝန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်ကာ မိဘမဲ့ကျောင်းအတွက်ဆိုကာ...

အေးသာယာ ရပ်ကွက် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက် လူငယ်ကို အစားထိုးခေါ်ထည့်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက်သည့် လူငယ်ကို လူစားထိုးခေါ်ထည့် နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စပြီး စစ်မှုထမ်း အမှတ်စဉ် (၁၅)အတွက် အေးသာယာတွင် မဲနှိုက် နယ်မြေ (၈) (က) ရပ်ကွက်တွင် သုံးဦးမဲပေါက်ပြီး...

အေးသာယာ-စက်မှုဇုန်တွင် ဝယ်ယူပြီးသားမြေကွက်များအား ခြံစည်းရိုးခတ်ကာ ပြန်လည်သိမ်ဆည်းမှုများရှိနေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ် အေးသာယာ-စက်မှုဇုန်အတွင်း ဝယ်ယူပြီးသားမြေကွက်များကို မကျူးကျော်ရစာများလာကပ်သွားပြီး ခြံစည်ရိုးများခတ်ကာ ပြန်လည်သိမ်းဆည်းမှုများရှိနေသောကြောင့် မြေဝယ်ယူရာတွင် သတိထားရန်လိုအပ်ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ ဇန်နဝါရီလ ပထမပတ်တွင် အေးသာယာ-စက်မှုဇုန်အတွင်း ပြည်သူများဝယ်ယူထားသော မြေကွက်များအား ခြံစည်းရိုးခတ်ကာ မကျူးကျော်ရန် စာလာကပ်သွားကြောင်း ထိုသို့ခြံစည်းရိုးခတ်သွားသည့်အကြောင်းအရင်းကိုလည်း မသိရှိရကြောင်း မြေဝယ်ယူထားသူ အချို့က သျှမ်းသံတော်ဆင့်သို့ပြောသည်။ “ဝယ်ထားတာက ၅...