သျှမ်းပြည်တွင် ရပ်ရွာလုံခြုံရေး ကင်းစောင့်ရန် စစ်ကောင်စီ လူစာရင်းစကောက်နေပြီ

သျှမ်းပြည် မိုင်းတုံမြို့အပါအဝင် ဒေသတချို့တွင် အတင်းအကျပ်ရပ်ရွာလုံခြုံရေး ကင်းစောင့်ရန်အတွက် စစ်ကောင်စီ၏ လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက လူစာရင်းစတင်ကောက်ခံနေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ စက်တင်ဘာလ ၁ ရက်စပြီး မိုင်းတုံမြို့တွင် သက်ကြီးရွယ်အိုအပါအဝင် အသက် ၃၅ နှစ်နှင့်အထက်မှ အမျိုးသားများကို ရပ်ရွာလုံခြုံရေး ကင်းစောင့်ဖို့အတွက် ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများကို အစည်းအဝေးခေါ်ပြီး ပြောဆိုခဲ့ကြောင်း မိုင်းတုံမြို့ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ စစ်မှုထမ်း

“အခုက သက်ကြီးရွယ်အိုတွေကိုပါ ကင်းစောင့်ဖို့ခေါ်နေတယ်။ ရွာအလိုက်၊ ရပ်ကွက်အလိုက် စားရင်းတွေကောက်နေပြီ။ နားကောင်းမူးကျေးရွာ အုပ်စုထဲမှာ လူအယောက် ၉၀ စာရင်းပါတယ်လို့ ပြောတယ်။ မိုင်းတုံမြို့နယ် တစ်နယ်လုံးဆိုရင်တော့ အယောက် ၃၀၀ ကျော်ပါတယ်။ အစည်းအဝေးသွားတက်တဲ့ အုပ်ချုပ်ရေးမှူးတွေ ပြောသံအရ ကင်းစောင့်ခိုင်းမယ်၊ သေနတ်တော့ ပေးမကိုင်ဘူးလို့ပြောတယ်” ဟု မိုင်းတုံမြို့ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် အသက် ၂၅ နှစ်မကျော်သေးသော်လည်း ပြည်သူ့စစ်မှုထမ်း ဥပဒေအရ စစ်မှုထမ်းရန် ဆေးမအောင်သူများ၊ စစ်မှုထမ်းရန် ဆိုင်ငံ့ထားသူများကိုလည်း အလှည့်ကျတင်းစောင့်ရန် ဆင့်ခေါ်မည်ဟု သိရှိရသည်။

လက်ရှိတွင် ကင်းစောင့်ဖို့အတွက် လူကိုယ်တိုင် မသွားရသေးသော်လည်း သွားရဖို့ မှတ်ပုံတင်နှင့် လူနာမည်စာရင်းကို ကောက်ခံနေခြင်း ဖြစ်ကြောင်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် သြဂုတ် ၁၆ ရက်က “ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေး ဗဟိုကြီးကြပ်မှုအဖွဲ့” ဟုဆိုကာ စစ်ကောင်စီ ဖွဲ့စည်းလိုက်ပြီးနောက် လမ်းအလိုက်၊ ရပ်ကွက်အလိုက်၊ ကျေးရွာအလိုက် လုံခြုံရေး တည်ဆောက်ရမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုထားသည်။

သို့သော် ပြည်သူများကမှု စစ်ကောင်စီ ဖွဲ့စည်းလိုက်သည့် “ပြည်သူ့လုံခြုံရေးစနစ်” ကို မလိုလားကြပေ။

အင်အားလျော့ပါးနေသည့် စစ်ကောင်စီတပ်အတွက် စစ်ထွက်တိုက်ပေးရမည်ကို စိုးရိမ်နေသည်ဟု မိုင်းတုံမြို့ဒေသခံ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးက ပြောသည်။

“အဓိကတော့ စစ်ထဲပါရမှာကို၊ စစ်ထွက်ရမှာကိုဘဲ ကြောက်နေတာ။ အခုလည်းတိုက်ပွဲက ဖြစ်နေသေးတယ်လေ။ သူတို့က လုပ်ရွာလုံခြုံရေးယူရမယ်လို့သာ ပြောတာ၊ တကယ့်တကယ် အရေးနဲ့အကြောင်း ကြုံလာရင် လာမခေါ်နိုင်ဘူးလို့ မပြောတတ်ဘူး။ အခုက သူတို့ပြောပြောနေတဲ့ ပြည်သူ့လုံခြုံးရေးဆိုတာတော့ မယုံဘူးဗျာ” ဟု ၎င်းကပြောသည်။

အလားတူ ဖေဖော်ဝါရီလအတွင်းက ပြည်သူ့စစ်မှု မထမ်းမနေရ ဥပဒေကို စစ်ကောင်စီက အသက်သွင်းပြီးနောက် အသက် ၁၈ နှစ်မှ ၂၃ နှစ်အတွင်း အမျိုးသားများကို စစ်ကောင်စီက ဆင့်ခေါ်ခဲ့ရာ အများစုသည် စစ်မှုမထမ်းလိုသောကြောင့် ပြည်ပနိုင်ငံခြားသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ဧပြီလ ၁၂ ရက်တွင်လည်း “အရန်တပ်ဖွဲ့ဝင်များအတွက် စစ်မှုထမ်းစည်းမျဉ်း ထုတ်ပြန်ခြင်း” ဟု စစ်ကောင်စီအမည်ပေးထားသည့် အစီအစဉ်တွင် အကြောင်းမျိုးမျိုးဖြင့် ပင်စင်ယူထားသည့် စစ်မှုထမ်းဟောင်းများ အနည်းဆုံး ၃ နှစ် ထပ်မံစစ်မှုထမ်းရမည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...