မီးမလာသည့်ကြားမှ မီတာခ နှစ်ဆ မြင့်တက်သွား

လျှပ်စစ်မီးပုံမှန်လာခြင်း မရှိသည့်ကြားမှ မီတာခများကို နှစ်ဆ ခန့်ပိုမိုကောက်ခံသွားမည်ဟု စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့ (ဩဂုတ်လ ၃၀) ရက်တွင် သတင်းထုတ်ပြန်လာသည်။

လာမည့် စက်တင်ဘာလ ၁ ရက်တွင် စစ်ကောင်စီ၏ လျှပ်စစ်ဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဖြူးပေးနိုင်ရန်ဟု ဆိုသောအကြောင်းပြချက်ဖြင့် မီတာခများကို ၂ ဆခန့်ပိုမိုကောက်ခံသွားမည့်အကြောင်း စစ်ကောင်စီ၏ ယနေ့ထုတ် သတင်းစာများတွင် ကြေညာသည်။

လက်ရှိမြန်မာနိုင်ငံအတွင်း ကုန်ဈေးနှုန်းကြီးမြင့်မှု၊ စက်သုံးဆီဈေးမြင့်မှုများကြောင့် ပြည်သူလူထုများ ပို၍ကြပ်နေလာနေချိန် မီတာခများပါ ထပ်မံတိုးမြင့်ကောက်ခံခြင်းသည် ရေနစ်သူကို ဝါးကူထိုးသကဲ့သို့ဖြစ်နေကြောင်း တောင်ကြီးမြို့တွင် ခေါက်ဆွဲဆိုင်ဖွင့်ထားသော အမျိုးသမီးတစ်ဦးကပြောသည်။

“ကျမတို့က ဒီအခွန်အခတွေပေးနေရတာနဲ့ ဘာမှမကျန်တော့ပါဘူး၊ မီးကလည်း မမှန် ကိုဗစ်ပြီးတည်းက စီးပွားရေးကကျနေတာ မနည်းတောင့်ခံထားရတာ ခုကုန်ဈေးနှုန်းနဲ့တွက်ကြည့်ရင် အမြတ်တောင်မပြောနဲ့ အရင်းကျန်ရင်တောင် ကံကောင်းတယ်လို့ ပြောရမှာ” ဟု ၎င်းအမျိုးသမီးက ပြောသည်။

မီတာနှုန်းခ အသစ်

ယခင်က ချက်ပြုတ်ရာတွင် ဂတ်စ်မီးဖိုများဖြင့်သုံးနိုင်သော်လည်း လက်ရှိအချိန်တွင် ဂတ်စ်ဈေးနှုန်းများလည်းမြင့်တက်သွားသောကြောင့် ထင်း၊ မီးသွေးဖြင့်သာသုံးနေရကြောင်း ယခုကဲ့သို့ မီတာခများပို၍တက်လာခြင်းကြောင့် ပို၍အခက်တွေ့နိုင်ကြောင်း သူမကဆက်ပြောသည်။

မီတာခများတိုးလာခြင်း စက်သုံးဆီဈေးမြင့်လာခြင်း ကုန်ကြမ်းပစ္စည်းများ ဈေးတက်လာခြင်းတို့ကြောင့် လက်ရှိလုပ်ကိုင်နေသည့် အလုပ်ကိုပါ ရပ်နားရန်စဉ်းစားနေရကြောင်း ရေခဲစက်လုပ်ငန်းလုပ်ကိုင်နေသည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“တစ်လတစ်ခါ ချေးထားတဲ့‌ငွေကို အတိုးကြီးကြီးနဲ့ ပေးနေရသလိုပဲ ပေးရလို့ မီးမှန်နေတယ်ဆိုရင်လည်း တမျိုးပေါ့လေ၊ ခုကဈေးကလည်းတက်အုံးမယ်ဆိုတော့ ပေးသာပေးနေရတာ အလှူလိုပဲ၊ ပြန်ရလိုစိတ်မထားပဲပေးနေရမလိုဖြစ်နေပြီ” ဟု ၎င်းကပြောသည်။

လက်ရှိအချိန်တွင် ပြည်သူများသည် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းများအပါအဝင် စစ်ကောင်စီမှ အတင်းအဓ္ဓမ ကောက်ယူနေသော အခွန်အခများကိုပါ ထည့်သွင်းပေးဆောင်နေကြရသော်လည်း အခွန်အခမှရရှိသော ငွေကြေးများကို ပြည်သူအကျိုးအတွက် ပြန်လည်အသုံးချနိုင်ခြင်းမရှိပေ။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့်ပြည်သူများကို ချေမှုန်းရန်သာ အာရုံစိုက်နေသော‌ စစ်ကောင်စီကြောင့် မြန်မာနိုင်ငံသည် အဖက်ဖက်မှယိုယွင်းလာနေပြီး တိုင်းပြည်စီးပွားရေးမှာလည်း ကျဆင်းလာသည့်အတွက် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များသည် မသေချာတော့သည့် ပြည်တွင်းဈေးကွက်ကိုစွန့်ခွာကာ အနီးဆုံး ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့အခြေချလာသည်ကိုလည်း တွေ့မြင်နေရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...