နေပြည်တော်၌ စစ်ကောင်စီဝင်နှင့် ပြည်ထောင်စုဝန်ကြီးများ အကျယ်ချုပ်ကဲ့သို့ နေထိုင်နေရ

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီတွင် ပါဝင်သော အရပ်သား ကောင်စီဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဒုဝန်ကြီးများအား ပြင်ပ နေအိမ်များတွင် နေထိုင်ခွင့် မပြုတော့သဖြင့် ဝန်ကြီး အိမ်ယာတွင်သာ အကျယ်ချုပ်ကဲ့သို့ နေထိုင်နေရသည်ဟု နေပြည်တော် သတင်းရင်းမြစ်က ယနေ့ (သြဂုတ်လ ၂၉ ရက်) တွင် ပြောသည်။

အထွေထွေ ရှုံးနိမ့်မှုများ ကြုံတွေ့နေရသဖြင့် စစ်တပ် ထိပ်ပိုင်း အသိုင်းအဝိုင်း၏ ဝေဖန်မှုများ ရင်ဆိုင်နေရသည့် စစ်ခေါင်းဆောင်က တန်ပြန် အာဏာသိမ်းမှု သတင်းများ ထွက်ပေါ်ခဲ့သည့် ယခုလ အစပိုင်း ကတည်းက သတ်မှတ်ထားသည့် အိမ်များတွင်သာ နေထိုင်ရန်နှင့် ခရီးစဉ် ကြိုတင် သတင်းပို့ ခွင့်ပြုချက်ရယူရန် ညွှန်ကြားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

စစ်ခေါင်းဆောင်းနှင့် ၎င်းခန့်အပ်ထားသည့် ဝန်းကြီးများအစည်းအဝေး (ပုံဟောင်း)

“အရပ်သား စစ်ကောင်စီဝင်တွေ၊ ပြည်ထောင်စုဝန်ကြီး ဒုဝန်ကြီးတွေ သတ်မှတ်အိမ်ယာမှာပဲ နေဖို့၊ ခရီးစဥ်တွေ တပတ် ကြိုတင်ပြီး ခွင့်ပြုချက်ရယူဖို့၊ နေပြည်တော်ထဲ သွားလာရင် လုံခြုံရေးနဲ့ သွားလာဖို့၊ ကိုယ်ရေးကိုယ်တာ ကိစ္စနဲ့ နေပြည်တော်ပြင်ပ သွားလာဖို့ရှိရင်လည်းပဲ ခွင့်ပြုချက်ရယူဖို့၊ ဧည့်မှတ်တမ်း အသေးစိတ်ပြုစုထားဖို့ အဲဒါတွေ လုံခြုံရေးအတွက် ညွှန်ကြားထားတာပါ” ဟု ၎င်းက ရှင်းပြသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက နေပြည်တော် စစ်အာဏာ အသိုင်းအဝိုင်းအတွင်း သဘောထား ကွဲလွဲမှုများ ပေါ်ပေါက်ခဲ့ပြီးနောက် တန်ပြန်အာဏာသိမ်းမည် ဆိုသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေစဥ် အထက်ပါ ညွှန်ကြားချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

နိုင်ငံတဝှမ်း စစ်ရှုံးမှုကြောင့် နေပြည်တော် စစ်ဗိုလ်ချုပ် အသိုင်းအဝိုင်းကြား စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပေါ် မကျေနပ်မှုများ ကြီးထွားလာပြီး မညီညွတ်မှုများ ဖြစ်ပေါ်နေသဖြင့် အာဏာရှင်ဟောင်း ဦးသန်းရွှေ ဝင်ရောက် ညှိနှိုင်းထိန်းသိမ်းခဲ့ရသည် ဆိုသည့် သတင်းများလည်း ထွက်ပေါ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

SSPP ကိုယ်စားလှယ်အဖွဲ့နှင့် NSPNC နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အသွင်ပြောင်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ SSPP ဒုဥက္ကဋ္ဌဖြစ်သူ...

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...