Tuesday, January 27, 2026

ပုံးအင်းဒေသ ကျေးရွာပေါင်း ၁၉ ရွာခန့် ရေနစ်မြှုပ်နေ

သျှမ်းပြည်တောင်ပိုင်း၊ ပုံးအင်းဒေသအတွင်း ကျေးရွာပေါင်း ၁၉ ရွာ ရေနှစ်မြုပ်နေပြီး စပါး ဧကပေါင်း သောင်းကျော် ပျက်စီးသွားကြောင်း ဒေသခံများထံမှ တဆင့် သိရသည်။

ယနေ့ (ဩဂုတ်လ ၁၉) ရက်တွင် တောင်ကြီးခရိုင် တောင်ကြီး၊ဟိုပုံး နှင့် ဆီဆိုင် မြို့နယ် အတွင်းရှိ ပုံးအင်းဒေသတွင် ရေနှစ်မြုပ်ခြင်းကြောင်း စပါး ဧကပေါင်းများစွာ ရေအောက်ရောက်သွားကြောင်း ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ ပုံးအင်းဒေသက တောင်ပတ်လည်ဝိုင်းတော့ မိုးရွာပြီးရင် တောင်ပေါ်ကကျလာတဲ့ ရေတွေကြောင့်မြုပ်ကုန်တာ၊ ရေထွက်ဖို့ က ချောင်းတစ်ခုပဲရှိတယ်၊‌ ရေသွင်းစိုက်ပျိုးချိန်ကျတော့ ရေလှောင်ထားတာမရှိလို့ ရေကမရ၊ ခုကျတော့ စပါးက ရိတ်သိမ်းခါစ နွေစပါး၊ မိုးကြို၊ မိုးစပါး ၃ ရာသီစာလုံး ရေအောက်ရောက်သွားပြီ” ဟု ၎င်းကပြောသည်။

ဩဂုတ်လ ၁၄ ရက်နေ့မှစတင်၍ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် ကုန်းကျိုင်း၊ အသုံးတော်၊ နားဟီး၊ ကတ်ကူ၊ နောင်မွန်၊ ပုံးအင်း၊ ဘန်းယဉ် ကျေးရွာအုပ်များအတွင်း ကျေးရွာပေါင်း ၁၉ ရွာခန့် ရေနှစ်မြုပ်နေကြောင်းသိရသည်။

“ ၁၄ ရက်နေ့ ကစရွာတယ်၊ ၁၅၊ ၁၆ မှာ ရေက တစ်ရက်ကို ၂ ပေလောက်တက်လာတယ်၊ မနှစ်ကဆို ၆ လက်မလောက်ပဲတက်တာ၊ ဒေသခံတွေကတော့ တစ်ထပ်အိမ်ကလူတွေက နှစ်ထပ်အိမ် အမြင့်တွေဆီမှာ တောင်းနေရတာပေါ့ “ ဟု သူကဆက်ပြောသည်။

ပုံးအင်း ရေကြီးမှု

ရေလွှမ်းမိုးမှုကြောင့် စပါးစိုက်သည့်တောင်သူများသည်လည်း အခက်အခဲများစွာ ကြုံတွေ့လာမည်ဖြစ်ကြောင်း တောင်သူတစ်ဦးက ပြောသည်။

“ရေကျတာနောက်ကျရင် ဒီနှစ်တော့ ရောင်းဖို့မပြောနဲ့ စားဖို့တောင်အခက်အခဲတွေ့မှာ ရေထွက်ဖို့ အရေးပေါ် တူးပေးတာတွေရှိရင်တော့ သက်သာမယ်လို့ထင်တယ်၊ တောင်သူတွေက ငွေတိုးနဲ့ ချေးပြီး အရင်းရင်းထားရတာ မြေဩဇာတွေကလည်း ဈေးကြီးတယ်၊ ဈေးကြီးတိုင်းလည်း လိုသလောက်ဝယ်လို့ မရဘူး” ဟု ၎င်းကပြောသည်။

၂၀၂၀ ခုနှစ် အတွင်း ကက္ကူကျေးရွာအရှေ့ဘက်တွင် ရေနုတ်မြောင်းတူးပေးရန် ရှမ်းပြည်နယ် အစိုးရအဖွဲ့သို့ တင်ပြထားခဲ့ပြီး တူးဖော်ရန် စီစဉ်ထားသော်လည်း စစ်အာဏာသိမ်းပြီးနောက် ဆက်လက်လုပ်ဆောင်ခြင်းမရှိကြောင်းလည်းသိရသည်။

ပုံးအင်း ရေကြီးမှု

“အရင်နှစ်တွေကလည်း ရေကြီးတယ်ဆိုပေမယ့် ခုလို မဟုတ်ဘူး ဒီလိုမျိုးကို လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က တစ်ကြိမ်ပဲကြုံဖူးသေးတာ၊ သဘာဝဘေးကယ်ဆယ်ရေးတွေကိုလည်း အကူအညီတောင်းထားပေမယ့် ခုထိတော့ ရောက်မလာသေးဘူး ” ဟု ၎င်းကဆက်ပြောသည်။

ပုံးအင်းဒေသသည် သျှမ်းပြည်တောင်ပိုင်းတွင် နာမည်ကြီး ပုံးအင်းဆန်၊ နောင်မွန်ဆန်ဟူ၍လည်း စပါးအများဆုံး စိုက်ပျိုးသော ဒေသတစ်ခုအဖြစ် လူများသိရှိခဲ့သည်။

ပုံးအင်း စပါးခင်း ရေလွှမ်းမိုးမှုပုံ

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင်လည်း ပုံးအင်းဒေသတွင် ရေကြီးရေလျှံဖြစ်ပွားခြင်းကြောင့် စပါးစိုက်ခင်း ဧကပေါင်း ၂ သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့သည်။

ထိုစဉ်က သဘာဝဘေး အန္တရာယ်ကြောင့် ရေလွှမ်းမိုးခံရပြီး ပျက်စီးရှုံးဆုံးသွားသည့် စပါးခင်းများကို စိုက်ပျိုးရေး ဦးစီးဌာနက လယ်တစ်ဧကကို မြန်မာကျပ်ငွေ ၂ သိန်းဖြင့် ထောက်ပံ့ကြေးပေးမည်ဟု ပြောခဲ့သော်လည်း ကျပ် ၁၀၀ လျှင် အတိုးနှုန်း ၉၀ ပြားနှုန်းဖြင့် တောင်သူများက ပြန်ဆပ်ခဲ့ရသည်။

အလုပ်သင် သတင်းထောက် ယူဂျင်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပုံးအင်းဒေသတွင် စစ်မှုထမ်းလူစားထိုးရန် လူမရှိ၊ မဲနှိုက်ပြီးလူခေါ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ပုံးအင်းဒေသတွင် စစ်မှုထမ်းလူစားထိုးရန် လူမရှိတော့သဖြင့် လာမည့် ဒီဇင်ဘာလမှ စပြီး မဲနှိုက်စနစ်ဖြင့် ရွေးချယ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး စစ်ကော်မရှင်က စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် ပုံးအင်းဒေသတွင် စစ်မှုထမ်းအပတ်စဉ်များအလိုက် လူတစ်ယောက်လျှင် ကျပ်ငွေ သိန်း ၈၀...

ပုံးအင်းတွင် ရေကြီးပြီးနောက် စပါးမျိုးစေ့ပျောက်ကွယ်

0
သျှမ်းပြည်တောင်ပိုင်း၊ ပုံးအင်းဒေသတွင် ရေကြီးပြီးနောက် စပါးမျိုးစေ့ပျောက်ကွယ်သွားပြီး မျိုးစေ့အတွက် အကူအညီ လိုအပ်နေကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် (၂၀၂၄ ခုနှစ် )ဩဂုတ်လအတွင်း ပုံးအင်းဒေသတွင်း ရေကြီးရေလျှံမှုဖြစ်ခဲ့ပြီး ရွာပေါင်း(၂၅) ရွာပျက်စီးကာ စပါးဧက (၂သောင်း)ကျော် ပျက်စီးဆုံးရှုံးသွားခဲ့သည်။ ထို့ကြောင့် ယနေ့အချိန်ထိ ပုံးအင်းဒေသတွင် မြေနုံးများကို မဆည်ယူနိုင်သေးသဖြင့် လယ်ဧက...

ဆီဆိုင်မြို့နယ် ပုံးအင်းဒေသက အမျိုးသား ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီး

0
သျှမ်းပြည် ဆီဆိုင်မြို့နယ် ပုံးအင်းဒေသ ဝမ့်ခွမ်ကျေးရွာမှ အမျိုးသား ၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက် နံနက်ပိုင်းတွင် ပုံးအင်းဒေသ ဝမ့်ခွမ်ကျေးရွာရှိ နေအိမ်သို့ စစ်ကောင်စီ၏ လက်အောက်ခံ ဘန်းယဉ်ကျေးရွာ ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဝမ်ခွမ်ကျေးရွာဒေသခံ တစ်ဦးက...

ပုံးအင်းတွင် ရေကြီးမှုကြောင့် စပါးခင်းရေမြှုပ် ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း ၊ ပုံးအင်းဒေသဘက်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်ရေလျှံကာ စပါးခင်းပျက်စီးသွားကြောင်း သတင်းရရှျိသည်။ ပြီးခဲ့သည့် ဇွန်လ တွင်လည်း မိုးရက်ဆက်ရွာသွန်းမှုသဖြင့် ရေကြီးခဲ့ပြီး နွေစပါးခင်းများ ရေနစ်မြှုပ်ကာ ယခု ဩဂုတ်လတွင် မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် မိုးစပါးများ ထပ်မံရေနစ်မြုပ်ခဲ့သည်။ ရေကြီးရေလျှံနေသည်မှာ ဆယ်ရက်ရှိပြီ ဖြစ်ပြီး ယနေ့အချိန်ထိ ရေမကျသေးသဖြင့် လမ်းသွားလမ်းလာ ခက်ခဲပြီး...

ပုံးအင်းဒေသ ရေကြီးမှုကြောင့် လမ်းပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ပုံးအင်းဒေသတွင်း ရေများထပ်တက်လာပြီး လမ်းများပါ ပျက်စီးသွားသောကြောင့် ဒေသခံများ အခက်အခဲများစွာကြုံတွေ့နေရကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၁ ရက်) တွင် ပုံးအင်းဒေသအတွင်း ရေများထပ်တက်လာပြီး ကားလမ်းများပါပြိုကျပျက်စီးနေကြောင်း ရေထပ်တက်လာမှုကြောင့် နောင်စန့်ကျေးရွာချောင်းကူးတံတားကြီး အောက်ဖက်မှလည်းသွား၍မရတော့သဖြင့် ကုန်းလမ်းအပြင် ရေလမ်းပါ ပိတ်ဆို့မှုများရှိလာကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့် သို့...