ပင်လောင်း ပြောင်းပွဲစား ၄ဦး ကို PNO ဖမ်းဆီးငွေညစ်

သျှမ်းပြည်နယ်တောင်ပိုင်း၊ပင်လောင်းမြို့နယ် တောင်ဘက်ကျေးရွာများတွင် ပြောင်းလိုက်ဝယ်နေသူ ပြောင်းပွဲစား ၄ဦးကို ပအိုဝ်းပြည်သူ့စစ် PNO က ဖမ်းဆီးပြီး ငွေဖြင့် ပြန်လာရွေးခိုင်းကြောင်း သတင်းရရှိသည်။

ဇူလိူင်လ အတွင်းတွင် ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးခံရသူ ပြောင်းပွဲစားမှာ နမ်းဖာမူရွာ ပွဲစား၂ဦး၊ဂျာမနီလမ်း စမ်းရေကြည်ဖက် ပွဲစား၂ဦးတို့ဖြစ်ကြောင်း သိရသည်။

“PNOက အရမ်းယုတ်မာတယ်။ အကြောင်းရင်း ဘာမှမရှိဘဲ ပွဲစားတွေကို တမင်သက်သက်ငွေလိုချင်လို့ ဖမ်းတယ်။ ဖမ်းပြီး ငွေနဲ့ သိန်း၂၀ရွေးခိုင်းတယ်။ ခုအခြေနေစဉ်းစားကြည့်လေနော် ပိုက်ဆံဒီလောက်ရှာရခက်တာ သူတို့က အလကားရတိုင်း အာချောင်လို့တိုင်း ပြည်သူကို အနိုင်ကျင့်နေတာ”ဟု ကြုံတွေ့ရသူနှင့် နီးစပ်သူအမျိုးသမီးတစ်ဦးကပြောသည်။

PNO

ယခုလိုပွဲစားများကို ဖမ်းဆီးငွေညစ်ခြင်းသည် ပင်လောင်းတောင်ဖက်တွင် လုံခြုံရေး တာဝန်ယူနေသော PNOစစ်သားများ ဖြစ်ကြောင်းသိရသည်။

“သေနတ်ကိုင်ပြီး ပြည်သူကိုအနိုင်ကျင့်နေတာ။ခုပြည်သူတွေကိုဖမ်းပြီး ငွေညစ်တာလည်း ဒီဘက်နယ်မြေလုံခြုံရေး လာယူနေတဲ့စစ်သားတွေ သေနတ်တကားကား မြောက်ကြွမြောက်ကြွနဲ့ သူတို့ဒီလိုလုပ်တာ အထက်ပိုင်းလူကြီးတွေသိရဲ့လားမသိဘူး။မဟုတ်မှ သိသိရက်နဲ့လုပ်ခွင့်ပေးထားတာလားမသိဘူး။ခုက ဉပဒေ မရှိတိုင်လို့ရတဲ့နေရာလည်းမရှိတော့ ပြည်သူတွေဘဲခံနေရတာ”ဟု ဒေသခံတစ်ဦးကပြောသည်။

ယခုလို PNOပြည်သူ့စစ် ငွေညစ်မှုများလာခြင်းကြောင်း ပိုက်ဆံရှိသူတစ်ချို့သည် အိမ်တွင်မအိပ်ရဲကြဘဲ တစ်ချို့သည် တစ်ခြားမြို့ကြီးနှင့် ပြည်ပတို့တွင်တိမ်းရှောင်ကြရကြောင်းသိရသည်။

ပင်လောင်းမြို့တောင်ဖက် ဆောင်းပြောင်း ဒေသတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့သော်လည်း PNOကရွာသားများကို ရွာထဲပြန်နေထိုင်ခြင်း ခွင့်မပြုသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

စစ်တပ် ပေါ်တာဆွဲမှု သောင်းကျန်း၊ လူငယ်များ သွားလာသတိပြုရန်

0
စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှု ပြုလုပ်လာသဖြင့် သျှမ်းပြည်တောင်ပိုင်း လူငယ်များလည်း အသွားအလာ သတိရှိရှိ နေရကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း အောင်ပန်းမြို့တွင် ပေါ်တာဆွဲမှုများရှိနေသဖြင့် လူငယ်များသည် နေ့လည်ပိုင်းတွင် အပြင်ကို သတိဖြင့်သွားလာရပြီး ညနေပိုင်းတွင် အပြင်ထွက်ရန်ပင် စိုးရိမ်နေကြကြောင်း အသက် ၂၅ ဝန်းကျင်ရှိ...

တာချီလိတ်မယ်ဆိုင် ချောင်းရေမြင့်တက်မှုကြောင့် ချောင်းဘေး အုတ်တံတိုင်းပြိုကျ၊ နေအိမ်ရေဝင်

0
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် အုတ်တံတိုင်းများ ပြိုကျပြီး မြို့အတွင်း ရေဝင်ရောက်လာသောကြောင့် ‌အခြားသို့ရွှေ့ပြောင်းနေကြောင်း သတင်းရရှိသည်။ ယမန်နေ့ စက်တင်ဘာလ (၇) ရက်တွင် မြန်မာ-ထိုင်းနယ်စပ်ရှိ မယ်ဆိုင်ချောင်းရေ ရုတ်တရက်ကြီးလာပြီး တာချီလိတ်ဘက် ချောင်းဘေး၌ ကာထားသည့် အုတ်တံတိုင်း ပြိုကျပြီး တာချီလိတ်မြို့ ၊တာလော့ ရပ်ကွက်အတွင်းသို့...

တောင်ကြီးမြို့ပြင်ဘက် စစ်တပ် က ဖုန်းများ စစ်ဆေးနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့ပြင်ဘက်တွင် စစ်ကောင်စီတပ်သားများက လမ်းသွားလမ်းလာများကို တားဆီးကာ ဖုန်းများကို စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ယခုတစ်ပတ်အတွင်း တောင်ကြီးမြို့ သျှမ်းပြည်နယ် ဗုဒ္ဓတက္ကသိုလ်ဘက်သို့ သွားသည့်လမ်းတွင် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်များကို တားဆီးပြီး ဖုန်းအတွင်းရှိ အချက်အလက်များနှင့် အွန်လိုင်းလောင်းကစားဆိုင်ရာ အသုံးပြုမှုများကို စစ်ဆေးနေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက်...

မေ့လာတာ အသက်ကြီးလာလို့ပဲလား

0
အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။ မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော...