နမ့်ဆန်မြို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ လာရောက်ဗုံးကြဲ ၊ အရပ်သားတစ်ဦးသေ

သျှမ်းပြည်မြောက်ပိုင်း တအာင်းတပ်မတော် (TNLA)ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီမှ ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲခဲ့ပြီး၊ အရပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ ( ဩဂုတ် ၁၂) ရက် ည ၁၁နာရီ ကျော်တွင် စစ်ကောင်စီမှ လာရောက်ဗုံးကြဲကာ နေအိမ်အဆောက်အဦး ပျက်စီးမှုများရှိပြီး၊ အမျိုးသားတစ်ဦးထိခိုက်သေဆုံးခဲ့ကြောင်း မြို့နယ်ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးသွားသည့် နမ့်ဆန်နေအိမ်

‘’မနေ့ည သန်းခေါင်အချိန်မှာ စစ်ကောင်စီလာရောက်ဗုံးကြဲသွားတယ် ။ ပေါင် ၅၀၀ ဗုံးကြဲသွားကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားတယ် ။ EPC ရုံး၊ လက်ဖက်ရုံတို့ဘက်တွေဆို ပေါင် ၅၀၀ ဗုံးနဲ့ ၆လုံး ကြဲသွားတယ် ‘’ ဟု ၎င်းအမျိုးသားက ပြောသည်။

ဗုံးကြဲပြီးနောက် ‌ဒေသခံအချို့ ရွာဘက်တွေထွက်ပြေးတိမ်းရှောင်ကာ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်နေကြသည်။

‘’ မနေ့ညက ဗုံးလာကြဲပြီးကတည်း တချို့ဒေသခံတွေ ထွက်ပြေးနေကြတယ် ။ တိုက်ပွဲဖြစ်မှာကို စိုးရိမ်ကြတယ်။ ကြိုတင်ပြင်ဆင်ထားမှ ရမယ် အခြေနေက ဘယ်လို့ရှိလာမလည်း မသိဘူး’’ဟု ၎င်းအကြောင်းကို သိရှိသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲကြောင့် နမ့်ဆန်မြို့ရပ်ကွက်ပေါ်သို့ ကျရောက်ပေါက်ကွဲ လူထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှု အများအပြားရှိသော်လည်း အသေးစိတ်ကို မသိရသေးပေ။

နမ့်ဆန်မြို့ကို တအာင်း(ပလောင် )အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ၂၀၂၃ခုနစ် ဒီဇင်ဘာ ၁၅ရက်တွင် အလုံးစုံသိမ်းပိုက်နိုင်ခဲ့သည့် မြို့ဖြစ်သည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာပတ်စ်ပို့ကိုင် တရုတ်စကားသာပြောတတ်သည့် အမျိုးသားတစ်ဦး Starlink စက်များနှင့် မယ်ဆိုင်တွင် ဖမ်းမိ

0
မလေးရှားနိုင်ငံမှတဆင့် မြန်မာနိုင်ငံ၊ တာချီလိတ်မြို့သို့ Starlink မြန်နှုန်းမြင့်အင်တာနက်စက်များ သယ်ယူရန်ကြိုးစားသည့် တရုတ်စကားတမျိုးတည်းတာပြောတက်ပြီး မြန်မာပတ်စ်ပို့် ကိုင်ဆောင်ထားသူ တစ်ဦးအား ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့တွင်ဖမ်းမိကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၈ ရက် ညနေ ၆ နာရီခန့် ထိုင်း-မြန်မာနယ်စပ် နယ်စပ်ဂိတ်ပိတ်ခါနီးအချိန်တွင် မယ်ဆိုင်မြို့နယ်၊ နယ်စပ်စစ်ဆေးရေးဂိတ် အမှတ်...

ချင်းမိုင်တွင် အထောက်အထားမဲ့ မြန်မာလုပ်သားနှစ်ဉီး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဖန် (Fang) မြို့နယ်ရှိ လုပ်ငန်းတခုတွင် အထောက်အထားမဲ့ မြန်မာလုပ်သားများ ငှားရမ်းထားကြောင်း သတင်းပေးပို့ချက်အရ သွားရောက်စစ်ဆေးရာမှ မြန်မာနိုင်ငံသား ၂ ဦး ဖမ်းဆီးခံခဲ့ရကြောင်း ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၃၁ ရက်) က ဖန်မြို့နယ်၊ ဆန်ဆိုင်း...

“ အရေးပေါ်ကာလ အမေ့ခံအမျိုးသမီးများ ဘဝ”

0
လူခန္ဓာကိုယ် ရေထဲမျောပါလုနီးပါး ဖြစ်သည့်အထိ ရေစီးအားပြင်းထန်နေသော်လည်း ဒေါ်လှတင်တို့အဖွဲ့ ရေကြီးမှုထဲ ပိတ်မိနေသည့် မွေးကင်းစကလေးငယ်နှင့် မိခင်ကို ကယ်တင်ရန် လှေတစီးကိုပါဆွဲသွားကြသည်။ ထို့နောက် လှေထဲကို မိခင်နှင့် မွေးကင်းစ ကလေးကို ရေစီးအားပြင်းထန်သည့်ကြား ရအောင် အသက်ကယ်ခဲ့ကြသည်။ ထိုဖြစ်ရပ် လွန်ခဲ့သည့် ၂၀၂၅ခုနစ် ဇူလိုင်လ အတွင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့ရှိ...

နမ့်ခမ်းတွင် ရေကြီးမှုကြောင့် လမ်းများ ရွှံ့ဖုံးနေ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် တောင်ကျရေကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ ရေကြီးရေလျှံမှုသည် ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)တွင် နမ့်ခမ်းမြို့ ပန်ပွဲ၊ ပေါက်လုံရပ်ကွက်၊ ပေါက်နေရပ်ကွက် နှင့် ဖောင်ရပ်ကွက်(ဖောင်ချောင်း)တို့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တောင်ကျရေ ရုတ်တရက် ကျဆင်းလာမှုတို့ကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နမ့်ခမ်းမြို့နယ်ဒေသခံ...

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...