မိုင်းရယ် MNDAA တွင် စစ်ရှောင် မှတ်ပုံတင်၊ဖုန်းများစစ်ဆေး ဖမ်းဆီးမှုရှိနေ

သျှမ်းပြည် မိုင်းရယ်မြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) စစ်ဆေးရေးဂိတ်တွင် လားရှိုးမြို့မှ စစ်ဘေးတိမ်းရှောင် လာသော စစ်ဘေးရှောင်များကို စစ်ဆေးဖမ်းဆီးမှုများပြုလုပ်နေကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသော ဒေသခံများကို မိုင်းရယ်မြို့နယ် ဟိုယ နှင့် တန့်ယန်းလမ်းခွဲရှိ ကိုးကန့် တပ်ဖွဲ့ MNDAA စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုများပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် စစ်ဘေးရှောင်များက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ဇူလိုင်လ ဒုတိယပတ်မှ စတင်ပြီး ယနေ့ (ဇူလိုင် ၂၇)ရက်ထိ ဟိုယ နှင့် တန့်ယန်းလမ်းခွဲရှိ MNDAA စစ်ဆေးရေးဂိတ်တွင် နိုင်ငံသားမှတ်ပုံတင်နှင့် ဖုန်းများကို စစ်ဆေးကာ ဖမ်းဆီးမှုများရှိနေကြောင်း အသက် ၄၀ ဝန်းကျင် ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် စစ်ရှောင်အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့တွေက မှတ်ပုံတင်စစ်တယ် ဖုန်းတွေစစ်တယ်ပြီးတော့ ဖမ်းတယ်။ သူတို့ဖုန်းစစ်လို့ ဌာနဆိုင်ရာတွေ၊ ရုံးပိုင်းတွေ ၊စစ်ကောင်စီပုံတွေ မသင်္ကာတဲ့အချက်အလက်တွေတွေ့ရင် အဝတ်အိတ်တွေကိုပါစစ်တော့တာ။ဖမ်းပြီးတော့ ဒေသခံအိမ်တွေမှာ ကြိုးနဲ့ချီထားတယ်။ပြီးရင် သူတို့ဘယ်လိုခေါ်သွားလည်းဆိုတာမသိရဘူး။”ဟု ၎င်းအမျိုးသားက ဆိုသည်။

ထို ကိုးကန့် တပ်ဖွဲ့ MNDAA စစ်းရေးဂိတ်သည် မိုင်ရယ်မြို့နှင့် ၅မိုင် ခန့်သာကွာဝေးကြောင်းသိရသည်။

လားရှိုးမြို့နယ်ရှိ ဒေသခံများထောင်နှင့် ချီထွက်ပြေးတိမ်ရှောင်နေရသည့်အတွက် ထို MNDAA စစ်ဆေးရေးဂိတ်တွင် နေ့စဉ် ကားများ ရာနှင့်ချီပိတ်မိနေကြောင်း သိရသည်။

ပြီးခဲ့သည့် (ဇူလိုင် ၂၂) ရက် တွင် စစ်ကောင်စီသည် မိုင်းရယ်မြို့နယ် ဟိုတိကျေးရွာအတွင်း MNDAA တပ် ရှိသည် ဆိုသော သတင်းကြောင့် လက်နက်ကြီးဖြင့် လှမ်းပစ်ခဲ့ပြီး လက်နက်ကြီးသံကြောင့် အသက် ၂၀ နှစ် အရွယ်ရှိ စိုင်းလင်းတို့မိသားစု ၃ဦးသည် ထိတ်လန့်ကာ ရွာတွင်းသို့ ပြေးဝင်လာစဉ် MNDAA စစ်ဆေးရေးဂိတ်တွင် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။

လက်ရှိ မိုင်းရယ်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA နှင့် စစ်ကောင်စီတို့သွားလာလှုပ်ရှားနေကြောင်း သိရသည်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

နမ့်ခမ်းမြို့နယ် တပတ်နီးပါး ရေကြီး၊ လယ်ယာ ဧက၁ထောင်နှင့် လူနေအိမ်များရေမြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် တစ်ပတ်ခန့်ကြာ ရွှေလီမြစ်ရေကြီးမှုကြုံနေရပြီး ရေမြှုပ်နေသည့် လယ်ယာမြေ ဧက ၁၀၀၀ ကျော်ထက်မနည်းရှိနေကြောင်း စုံစမ်း သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်မှစပြီး ရွှေလီမြစ်ရေတက်လာမှုကြောင့် ရေကြီးရေလျှံမှုများ ကြုံနေရသည့် နမ့်ခမ်းမြို့သည် ယနေ့( ဇူလိုင်လ ၂၃) ရက်ထိ ရေပြန်မကျသေးကြောင်း...

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...